သျှမ်းသံတော်ဆင့်
ရွေးကောက်ပွဲလွန်ကာလ သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့နှင့် နအဖ တပ်တို့အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ သည်ဟု သိရှိရပါသည်။
“ ပြီးခဲ့တဲ့ အပတ်ထဲက သျှမ်းတပ်ဖွဲ့နဲ့ ပစ်ကြခတ်ကြလို့ မိုင်းပန်၊ လင်းခေး ကနေ တောင်ကြီးသွားဖို့ ကားဆရာတွေ တောင် ခပ်လန့်လန့်ဖြစ်ကြတယ်။ ဒီတပတ်ထဲတော့ ပုံမှန်ပြန်ဖြစ်သွားပြီ”- ဟုမိုင်းပန်ဒေသခံကားဆရာတဦး ကပြောသည်။
ယခုလ ၁၇ ရက် မိုးနဲနှင့် လင်းခေးအကြား ပန်ဆတ်အခြေစိုက် အမြောက်တပ် တပ်ရင်းမှူးနှင့်ဇနီးကနောက်လိုက် နောက် ပါ ၅ ယောက်နှင့်အတူ လင်းခေးမြို့မှ ဈေးဝယ်အပြန်လမ်းတ၀က်တွင် သျှမ်းတပ်နယ်လှည့်စစ်ကြောင်းတခုက ခြုံခို တိုက်ခိုက်ခဲ့ သဖြင့် ၄င်းတို့ကားတစီး ချောက်ထဲထိုးကျသွားပြီး အားလုံးသေဆုံးကြောင်း - အမည်မဖေါ်လိုသည့် ကျန်းမာရေး ၀န်ထမ်း အသိုင်းဝိုင်းက ပြောပါသည်။
ထို့အတူ နိုဝင်ဘာ ၂၃ ရက် ယမန်နေ့ကလည်း သံလွင်အရှေ့ခြမ်း ပုံပါကျင်အရှေ့ဖက် (ထိုင်းနယ်စပ်အနောက်ဖက် ၈ မိုင် အကွာ) ၀မ့်အောင့်လောင့် နှင့် နမ့်ဟူးခွန် ကြား၌ သျှမ်းပြည်တပ်မတော်နှင့် နအဖစစ်တပ်တို့ မိနစ် ၂၀ ကြာ ရင်ဆိုင် တိုက် ပွဲဖြစ်ပွားခဲ့ပါ သေးသည်။
“ မနေ့က မနက်ပိုင်း ၇း၃၀ နာရီကျော်ကျော်လောက်မှာ တိုက်ပွဲဖြစ်တယ်။ သျှမ်းတပ် ဘက် ၁ ယောက်ဒဏ်ရာရ တယ်၊ ဗမာ တပ်ဘက်က ၂ ယောက်သေ ၂ ယောက်ဒဏ်ရာရတယ်။ သျှမ်းဘက်က အင်အား ၁၀ ယောက်လောက်နဲ့ ဗမာဘက် က အင်အား အယောက် ၃၀ လောက်ရှိမယ် ” ဟု သျှမ်းပြည်တပ်မတော်အသိုင်း အ၀ိုင်းက ပြောသည်။
မိုးနဲ လင်းခေးအကြားတိုက်ပွဲ သတင်းနှင့်ပတ်၍ သတင်းနှင့်မီဒီယာကွန်ယက် NMG ဌာနအား သျှမ်းပြည်တပ်မတော် ပြော ခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ် ဆိုင်က နအဖ ဗိုလ်မှူးကြီးအဆင့်နှင့် ရဲဘော် စုစုပေါင်း ၄ ယောက် သေဆုံးသည်ဟု ဖေါ်ပြထား ပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့် ဒေသခံသတင်းအရ လင်းခေး - မိုးနဲကြားအမှတ် ၃၆၁ ပန်ဆတ်အမြောက်တပ်ရင်း တပ်ရင်းမှူး အမှတ်မထင် ပစ်သတ်ခံရပြီးနောက်ပိုင်း အင်အား ၃၀ ကျော်ပါ နအဖစစ်ကြောင်းတကြောင်း သျှမ်းပြည် တပ်မတော် နယ် လှည့်စစ်ကြောင်းအား နောက်ယောင်ခံလိုက်ရာ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး နအဖတပ်သားများ သေဆုံးရခြင်းဖြစ်သည်ဟုဆို၏။
လွန်ခဲ့သည့်အပတ်အတွင်း သံလွင်အရှေ့ခြမ်း မိုင်းတုံမှ တရုတ်လုပ် တုန်းဖုန်းစစ်ကား ၆ စီး စစ်သားအပြည့်တင်ကာ မိုင်းတော့ - မိုင်းထားဘက် အားဖြည့်ရန်တက်သွားသည်ဟု နယ်စပ်နေ စစ်ရေးလေ့လာသူတဦးကပြောသည်။ ထို့ပြင် ရွေးကောက်ပွဲ နောက်ပိုင်းမှယနေ့ထိ နအဖနှင့် သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနဲ ဖြစ်ပွါးခဲ့ပြီဖြစ်ကြောင်း SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်ကပြောသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment