ငြိမ်၊၀ပ်၊ပိ၊ပြားစွာဖြင့် ဆွံ့အ ခဲ့ရသော ကာလတွေကို ကျော်ဖြတ်လာခဲ့ရတဲ့ ပြည်သူတွေဟာ
ဒီနေ့ဒီအချိန်ခါမှာ မိမိတို့ရဲ့နာကျဉ်းချက်တွေ၊ ခံစားချက်တွေကို ဖွင့်ဟပ်လိုက်ကြပါပြီ။
နိုင်ထက်စီးနင်း ဖိနှိပ်ချုပ်ခြယ်ခံရတာတွေ၊ ဆင်းရဲပင်ပန်းကြီးစွာ ဘ၀ကိုဖြတ်သန်းလာခဲ့ရတဲ့
ဒီစနစ်ဆိုးအောက်ကို ရွံမုန်းလို့နေကြပါပြီ။
ဒါတွေကို ဥပေက္ခာပြုပြီးတော့ လက်တစ်ဆုပ်စာလူတစ်ချို့က နိုင်ငံကိုဆူပူအောင်လုပ်နေကြတယ်လို့
ပြောချင်ပြောကြမယ်။
ဒါပေမဲ့.....
လူထုကို ငဲ့ညှာမှုမရှိတဲ့ ဒီအစိုးရရဲ့လက်ထဲ တစ်ခါပြန်ပြီး အသက်ရှင်နေရမယ်ဆိုရင်
သေရတာက ပိုမြတ်တယ်ဆိုပြီး ဒီလူထုတွေက သက်သေပြနေပါပြီ။
တိုးတက်နေတဲ့ သတင်းမီဒီယာခေတ်ကြီးမှာ ပြည်သုလူထုတွေကလည်း ဗဟုသုတတွေ
မခေါင်းပါးကြတော့ပါဘူး။
အထူးသဖြင့် နယ်စွန်းနယ်ဖျားတွေမှာ စစ်အစိုးရရဲ့ ဗိုလ်ကျစိုးမိုးမှု၊ လူမဆန်စွာသတ်ဖြတ်မှု၊
မုဒိမ်းကျင့်မှုတွေကို ရေငုံနှုတ်ပိတ်ပြီး ခေါင်းငုံ့ခံမနေတော့ပါဘူး။
အခုရွေးကောက်ပွဲလည်းဘာထူးလဲ။စစ်ကျွန်ဘ၀မှလွတ်မြောက်ဖို့လမ်းမြင်ရလို့လား။
ပြည်သူလူထုတွေကို စစ်သားလူထွက်လုပ်ပြီး လိမ်ညာလှည့်ဖျားနေဦးမယ်
မဟုတ်ပါလား။
သူတို့ကောင်းစားဖို့သာကြည့်တဲ့ ဒီစနစ်ဆိုးအောက်မှာ
ဆင်းရဲပြီးဆင်းရဲ၊ ချို့တဲ့ပြီးချို့တဲ့နေကြတဲ့ ဘ၀ကို ကျော်လွန်ချင်ကြပါပြီ။
စစ်အစိုးရကိုတိုက်ဖျက်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လိုလားကြတဲ့
ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပေးဖို့ဆိုတာကတော့...........










စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment