ဖူ.....
တဒင်္ဂရဲ့ သကာဖုံးစကားလုံးတွေနဲ့
မာယာသုံးပြီး ကလူ တတ်သူလေးရေ
ခူးခူ….ခူးခူ….ရယ်လို့တစ်စာစာတွန်ကြွေး
အဖေါ်ဝေးတဲ့ ချိုးငှက်ငယ်လေးခင်မျာ
အယုံလွယ်အပျံခက်အဖေါ်မဲ့တဲ့ဘ၀မှာ
သူငယ်ချင်းမိတ်ဆွေဆိုတဲ့
ကန္တာရထဲက အိုအေစစ်ရေတစ်စက်ကို
တမ်းတ ငံ့လင့်နေသူပါ
အချစ်ဆုံး သူငယ်ချင်းဆိုတဲ့
မျှော်လင့်ချက်ရဲ့တစ်ဖက်ကမ်းမှာ
တက်မပါ ရွက်မပါ လက်ဗလာနဲ့
လက်ပစ်ကူးဘို့ကျနော်အရဲစွန့်ခဲ့သူပါ။
ဘာဘဲဖြစ်ဖြစ် ဖြစ်ဖြစ်ပေါ့
ကျနော်ကတော့မေ့လို့မရပါဘူး
အရိုးခံကျနော့်နှလုံးသားကြမ်းပြင်မှာ
အဖြူရောင်ကော်ဇောတစ်ချပ်ခင်းထားတယ်
အဲဒါက ငါ့သူငယ်ချင်းမင်းတွက် ထာဝရတစ်နေရာစာပေါ့
သူငယ်ချင်းလေးရယ်
ငါးရာနှစ်ဆယ့်ရှစ် လွန်းတင်ကြိုးတွေနဲ့
ချည်နှောင်ရစ်ပတ်ခြင်းခံခဲ့ရတာ
မင်းတစ်ယောက်တည်းမဟုတ်ခဲ့ပါ
ဒို့လည်းမင်းနဲ့ထပ်တူထပ်မျှပါ။
ကျဝ့်
13 October 2010
ငါးရာနှစ်ဆယ့်ရှစ်လွန်းတင်ကြိုး
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment