လုတိုင်းဟာ ကိုယ့်စရိုက် ကိုယ့်သဘာဝနဲ့လာကြတာပါပဲ ဒါပေမယ့် ကိုယ့်မှာရှိနေတဲ့ စရိုက်သဘာဝကို ကိုယ့်ပတ်ဝန်းကျင် ကိုယ်လက်ရှိရောက်နေတဲ့ အခြေနေနဲ့သင့်တော်သလားဆိုတာကို စဉ်းစားရမယ် ။
မေလ်းထဲကပါ။ကြိုက်လွန်းလို့တင်ပေးလိုက်ပါတယ်။
ကားဂင်္ဂါမြစ်နှင့်မနီးမဝေးရှိအိုင်တအိုင်အနီး။သူတော်စင်ရသေ့(ဆာဒူး)ကြီးတပါးသည်ကသိုဏ်းရှု့မှတ်တရားထိုင်နေ၏။ထိုစဉ်အချိန် အိုင်အတွင်း၌ ကင်းမလက်မဲတကောင် ပေါလောပေါလောဖြင့် ရေနစ်နေသည်ကို တွေ့မြင်ရ၏။သူတော်စင်ကြီးသည် အနီးအနား၌် ဒုတ်ချောင်းသစ်ခက်တွေ့လို တွေ့ငြား ရှာဖွေသော်လည်း ဘာမျှ
မတွေ့သည့်အဆုံး သနား ဂရုဏာစိတ်ဖြင့် လက်နှင့်နှိုက်ကာ ဆယ်လေ၏ ။ ကင်းက
တုပ်သောကြောင့် အမှတ်တမဲ့ ခါမိသောအခါ ကင်းသည် အိုင်အတွင်းပြန်ကျ၍ သူတော်စင်ကား
အဆိပ်တက်ကာ မူးမေ့မတတ်ဖြစ်နေလေ၏၊ နှစ်ကြိမ် သုံးကြိမ်တိုင်တိုင်ရှေးနည်းအတိုင်း လက်ဖြင့်သာ
ဆယ်နေလေရာ အခြေအနေကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသူ လူတယောက်က ဘာလုပ်နေတာလဲ
ဆာဒူးကြီး၊ ကင်းက တုပ်တတ်မှန်းသိရက်နဲ့ ဆာဒူးကြီးက ထပ်ထပ်ပြီး ဆယ်နေပါလား၊ ဆိုပြီး
မနေနိုင်လွန်းလို့ မေးတဲ့အခါ
သူတော်စင်ကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သတဲ့ ၊ဟုတ်ပါတယ်၊ ကင်းရဲ့ သဘာဝ စရိုက်က
တုပ်ဖို့ပဲမဟုတ်လား၊ ကျွနုပ်ရဲ့ သဘာဝစရိုက်ကတော့ သတ္တ၀ါတွေကို ကယ်တင်ဖို့ပဲလေ။
သူငယ်ချင်းတို့ရေလူတိုင်းဟာကို့စရိုက်ကို့သဘာဝနဲ့ကိုလာကြတာပါပဲ
ဒါပေမဲ့ကို့မှာရှိနေတဲ့စရိုက်သဘာဝဟာကို့ပတ်ဝန်းကျင်၊
ကိုလက်ရှိရောက်နေတဲ့အချေနေနဲ့သင့်တော်သလားဆိုတာကိုတော့စဉ်းစားရမယ်
မဟုတ်လား
ငါတို့အသိညဏ်ရှိတဲ့လူတွေပဲလေကွာ။
အသိညဏ်မရှိတဲ့ကင်းဟာသူ့ရဲ့တုပ်တက်တဲ့သဘာဝကိုမစွန့်လွှတ်ပဲ
သူ့ကိုကယ်မဲ့သူကိုပြန်တုပ်နေတာလေ
မင်းတို့ငါတို့ရောဘယ်နှစ်ကြိမ်ဘယ်နှခါများကျေးဇူးရှင်တွေကိုပြန်တုက်မိကြပြီးပြီလဲ။
သူတော်စင်ကြီးလိုစိတ်မထားနိုင်တောင်
ကင်းကောင်လေးလိုကျေးဇူးရှင်ကိုပြန်မတုပ်မိအောင်တို့တွေဆင်ခြင်ဘို့
အချိန်မှီပါသေးတယ်။
ဒါမှလူလို့ခေါ်ထိုက်တော့မှာပေါ့။
22 October 2010
လူပီသအောင်
Etiketter: ဗဟုသုတ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment