မြတ်ခိုင်ဦး   /   ၂၈ အောက်တိုဘာ ၂၀၁၀
ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပြားများနှင့် အလံသစ်များ ဘုရားသုံးဆူသို့ လာရောက်ပို့ဆောင်သည့် နအဖစစ်ကြောင်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က နှစ်ကြိမ်တိုင်တိုင် ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံးထိခိုက်မှု ရှိသည်ဟု သိရသည်။
“ကျနော်တို့ တပ်ရင်း (၁၆)၊ ခွဲ (၂) က အောက်တိုဘာ (၂၆) ရက်၊ မနက် (၁၀း၄၅) မှာ အနန်းကွင်းကနေလာတဲ့ ဗိုလ်မှူး မျိုးမြင့်အောင် ဦးစီးတဲ့ ခမရ (၄၀၅) စစ်ကြောင်းကို အဖလုံနဲ့ မြိင်သာယာရွာကြားမှာ ပထမအကြိမ် တိုက်ပွဲဖြစ်တော့ သူတို့ဘက်က (၂) ယောက်သေ၊ (၃) ယောက်ဒဏ်ရာရပါတယ်” ဟု တပ်မဟာ (၆) မှ ဗိုလ်ကြီးအဆင့်ရှိသူ တဦးက ပြောကြားသည်။ ကရင်အမျိုးသားတပ်မတော်မှ အထိအခိုက် အကျအဆုံး မရှိဟု ၎င်းက ပြောသည်။
ယမန်နေ့ နံနက် (၈) နာရီခန့်ကလည်း အဆိုပါ စစ်ကြောင်းကိုပင် ချောင်းဆုံနှင့် တိုက်ဒိန်အကြား၊ ဇီးဖြူတောင်အတက်တွင် (KNU) တပ်ရင်း (၁၆) မှ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ အသေအပျောက်စာရင်းကိုမူ မသိရှိရသေးကြောင်း တပ်မဟာ (၆) မှ ဗိုလ်ကြီးဖြစ်သူက ပြောသည်။
ထိုစစ်ကြောင်းသည် ဘုရားသုံးဆူမြို့နယ်အတွက် မဲပြားနှင့် အလံသစ်များ သယ်ဆောင်လာသည့် ရွေးကောက်ပွဲ ကော်မရှင် လူကြီး (၂) ဦးပါလာသော ကော်မရှင်အဖွဲ့ကို လုံခြုံရေးယူပေးလာသည့် စစ်ကြောင်းအမှတ် (၁) ဖြစ်သည်ဟု သိရသည်။ အဆိုပါကော်မရှင် အဖွဲ့ဝင် လူကြီး (၂) ဦးမှာ ကြာအင်းဆိပ်ကြီး မြို့နယ်မှ ကျောင်းဆရာဟောင်း (၁) ဦးနှင့် လက်ရှိကျောင်းဆရာ (၁) ဦး ဖြစ်သည်ဟု ဘုရားသုံးဆူဒေသ မွန်ပြည်သစ်မှ အရာရှိတဦးက ပြောသည်။  
ထို့အပြင် ယမန်နေ့ နံနက်ပိုင်း (၈) နာရီခန့်ကလည်း ဘုရားသုံးဆူမြို့အနီး ဇီးဖြူတောင်ထိပ်တဝိုက်တွင် ကြုံမိပြင်ရွာမှ အသက် (၃၅) နှစ်အရွယ် မွန်အမျိုးသား နိုင်ရောက်နှင့် အသက်(၃၀) အရွယ် မွန်အမျိုးသမီး မိဟကမ်းတို့ နှစ်ဦးသည် မည်သူ့လက်ချက်မှန်း မသိသည့် လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည့်အတွက် ယနေ့ မီးသဂြိုလ်သည်ဟု အဆိုပါ မွန်ပြည်သစ် အရာရှိက ပြောကြားသည်။
ဘုရားသုံးဆူ၌ လက်ရှိအထိုင်ကျနေသောတပ်သည် ခလရ (၂၈၃) ဖြစ်ပြီး ချုံခိုအတိုက်ခံရသည့် စစ်ကြောင်းသည် အင်အား (၆၀) ခန့်ရှိကာ ကော်မရှင်အဖွဲ့အား လုံခြုံရေးအတွက် လိုက်ပါပို့ဆောင်ပေးခြင်းသာဖြစ်ပြီး သုံးဆူအခြေစိုက် ခလရ (၂၈၃) နှင့် မတွေ့ဆုံသေးဟု သိရသည်။  
28 October 2010
မဲပြားနှင့်အလံများ သယ်လာသည့် နအဖစစ်ကြောင်း အတိုက်ခံရ
Etiketter: သတင်း
  Subscribe to:
				
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment