ကိုးဒီသွေးဘလော့မှ...
(အောက်မှာဖေါ်ပြထားသည့် နောက်ဆုံးရသတင်းကို
ဘာသာပြန်ထားပါသည်။)
၂၁-၀၉-၂၀၁၀ နေ့တွင် ရွေးကောက်ပွဲအကျိုးဆောင်သူ ဦးစောသောင်းဖေက
သထုံမြို့နယ်၊တမော်တောကျေးရွာမှ ကျပ်ငွေ(၁၅၀၀၀၀)၊ နယ်ဖေါထကျေးရွာတွင်
(၈၄၅၀၀)၊ ကော့လယ်ကျေးရွာတွင် (၁၂၀၀၀၀)နှင့် မော်လေးကျေးရွာတွင်လည်း
(၁၅၀၀၀၀) ကျပ်ကို အတင်းအဓမ္မ ငွေကြေးကောက်ခံခဲ့သည်။
၁၄-၀၉-၂၀၁၀ တွင်လည်း နယ်ခြားစောင့်တပ်အဖွဲ့မှ ဖါ့သာ့ဆီးက နယ်ဖေါ့ထ ရွာကို
ကျပ်ငွေ လေးသောင်းနှင့် ဖါးပေါ့ရွာကို လေးသောင်းကျပ် အတင်းကောက်ခံခဲ့သည်။
ထို့ပြင် ၁၆-၀၇-၂၀၁၀ နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ရန်သူခလရ(၉၆)၊ တပ်ခွဲ(၂)မှ တပ်ခွဲမှူးဇော်မင်းထွန်းသည် ငှက်ပျောတောရွာကို ၀ါးအချောင်း(၂၀၀)နှင့်
ငွေ ကျပ် ၁၀၀၀၀ ကို ကောက်ခံခဲ့ပါသည်။
၁၇-၀၉-၂၀၁၀ ရက်တွင်လည်း သကစဖ(သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့)
မောင်တူးကကပယ်ခီးကျေးရွာနှင့် နောင်လားခီးကျေးရွာရှိ
ရော်ဘာခြံပိုင်ရှင်များကို တစ်ဦးလျှင် (၅၀၀၀)ကျပ်အတင်းအဓမ္မ ကောက်ခံပြီး
မပေးနိုင်ပါက ထောင်ချမည်ဟု ခြိမ်းခြောက်သဖြင့် အားလုံးပေါင်း
ကျပ်ငွေ (၃၈၀၀၀၀)ကို ကောက်ခံရရှိခဲ့ပါသည်။
19 October 2010
သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေမှ လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း
Etiketter: ကရင်သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment