30 October 2010
အန္ဒမန်-နီကိုဘာ ခေါ် ကပ္ပလီကျွန်းမှပေးစာ
ဓညလင်း -
အန္ဒမန်နှင့်နီကိုဘာကျွန်း Andaman & Nicobar (A&N) Island (ခေါ်)ကပ္ပလီကျွန်းရှိ Port Bliar ပို့ဘာလေးယားမြို့သည် ပင်လယ်ဆိပ်ကမ်း မြို့တစ်မြို့ ဖြစ်ပြီး၊ အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်က ဗမာ ပြည်အပါအ၀င် အိန္ဒိယတိုက်မှအကျဉ်းသားများကို တစ်ကျွန်းပို့ထားသော (ယခုဗမာပြည်ရှိ ကိုကိုးကျွန်းလို) တကျွန်း မြို့တစ်မြို့ ဖြစ်ခဲ့သည်။ အိန္ဒိယမျိုးချစ် သူရဲကောင်းများ အင်္ဂလိပ်အစိုးရ၏ မတရားထောင် ချ ညှင်းပမ်းမှုဒါဏ်များကို အလူးအလဲခံရင်း နောက် ဆုံး ကိုလိုနီနယ်ချဲ့အစိုးရကို ထောင်ထဲမှာပင် တော်လှန်ရင်း အသက်ပေးသောကြောင့် ပို့ပလေးယားမြို့ရှိ (Cellular Jail) သည် အလွန်ကျော်ကြားပြီး၊ ယခုအခါ ၎င်းထောင်ဟောင်းကို အများပြည်သူများ ကြည့်ရှု့နိုင်ရန် ပြတိုက်အဖြစ်ပြထားသည်။ ထောင် ထဲမှာ အသက် စတေးခံယင်း လွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းများကို ရုပ်ထုများ ထုလုပ်ကာ တခန်းတနားဖြင့် ဂုဏ်ပြုပူဇော်ထားပါသည်။ ဤကဲ့သို့ Freedom Fighter ခေါ် အင်္ဂလိပ်ကိုလိုနီကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော မျိုးချစ်သူရဲကောင်းများ၏ ရဲရင့် သန့် ရှင်းသော ၀ိဥာဏ်များကိန်းဝပ်ရာ ဤသမိုင်းဝင်ကျွန်းကြီးတွင် ၎င်းသူရဲကောင်းများ
နည်းတူ တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေးနှင့် တန်းတူရေးတို့အတွက် တိုက်ပွဲဝင်နေကြသော ရခိုင်နှင့်ကရင် တော်လှန်ရေးသမား(၃၄)ယောက် တို့ကို နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းပြီး ဖြည်းဖြည်း စိတ်ဓါတ်များ ယိုယွင်းပျက်စီးကာ အနာဂါတ်ပျောက်အောင်အတွက် ကျကျနန ဖန်တီးနေ ခြင်းသည် အလွန်အရုပ်ဆိုးအကျဉ်းတန်လှပါသည်။
၂၀၀၆-ခု၊ ဖေဖေါ်ဝါရီလ(၁၁)ရက်ဆိုလျှင် ကျွန်တော်တို့ ရခိုင်နှင့်ကရင်တော်လှန်ရေးသမား (၃၄)ယောက်ကို အိန္ဒိယအစိုးရမှ ဖမ်းဆီးအကျဉ်းချထားခဲ့သည်မှာ (၈)နှစ်တင်းတင်းပြည့်မည် ဖြစ်ပါသည်။ (၈)နှစ်ဆိုသော အချိန်ကာလသည် လူသားတစ်ဦးအဖို့ အလွန်ရှည်လျားလှပါ
သည်။ အန္ဒမန်နှင့် နီကိုဘာ ကျွန်းမြို့တော် ပို့ဘာလေးယား ရှိ တစ်ခု သောရပ်ကွက်ဖြစ်သော ဟတ်ဒိုး တွင် သွပ်စူးကြိုးများ ပတ်ပတ်လည်ကာရံ ထားပြီး၊ မြင့်မားသောအစောင့်မျှော်စင်နှင့် သံဖြူအတိဖြင့် ဆောက်လုပ်ထားသော သံဖြူဆောင်ဆိုလျှင် မသိသူအတော်ပင်ရှားပါသည်။ တက္ကစီ၊ သုံးဘီးသမား အများစုလိုလို ကျွန်တော်တို့ကို မြင် သည်နှင့် လိပ်စာပြောစရာမလိုဘဲ ဂိတ်ဝအထိ လိုက်ပို့ပေးတတ်သည်။ တော်လှန်ရေးသမား
များဟု သိထားကြသည်။ အိန္ဒိယအာဏာပိုင်အများစုကလည်း ကျွန်တော်တို့ကို သူတို့စွပ်စွဲ သလို လက်နက်အရောင်းအ၀ယ်သမားများမဟုတ်၊ ဗမာစစ်အစိုးရကို တော်လှန်ပုန်ကန်နေ ကြသော ရခိုင်နှင့်ကရင်တော်လှန်ရေးသမားများဖြစ်ကြောင်း သိရှိထားပြီးဖြစ်ပါသည်။ သို့သော် (၈)နှစ်သာကြာလာသည်။ ကျွန်တော်တို့ လွတ်မြောက်ရေးလမ်းစကဖြင့် ရောင်နီပင် မသန်းချင်သေးပါ။ ကျွန်တော်တို့ ရခိုင်နှင့်ကရင်(၃၄)ယောက်တွင် အများစုသည် ကျောင်း သားများ၊ ကျောင်းသားအရွယ် လူငယ်များဖြစ်ကြပြီး၊ ဤလူငယ်များသည် သူတို့ဘ၀၏ ပထမအရွယ်ကို အနာဂါတ်အတွက် တိုးတက်မှုရှိအောင် ပြင်ဆင်မှုတစ်စုံတစ်ရာမရှိဘဲ အလဟသ ဖြတ်သန်ကုန်ဆုံးနေရသည်။ အနာဂါတ် ဘ၀တိုးတက်ရေးအတွက် ပညာဆက်လက်
သင်ကြားခွင့်၊ စက်မှုလက်မှုတစ်ခုခုသင်ကြားခွင့် စသည့် လူသားတဦး၏ရသင့်ရထိုက်သော အခြေခံလူ့အခွင့်အရေးများ ပိတ်ပင်ခြင်းခံထားရသည်။ နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ သာ အပြင်ထွက်ခွင့်ရှိပြီး၊ သတ်မှတ်ထားသော ဉမိ့နယ် နယ်နမိတ်မှအပ အပြင်သို့ လျှောက် လည်ခွင့်မရှိပါ။ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ၊ အိန္ဒိယပြည်မမှ လာရောက်လည် ပတ်မှုများနှင့် စည်ကားသိုက်ဉမိက်သော ဤပင်လယ်ကမ်းခြေဉမိ့ကလေးသည် အလွန်သာယာ လှပသော အပန်းဖြေစခန်းတစ်ခုဖြစ်သော်လည်း ကျွန်တော်တို့ ရခိုင်နှင့်ကရင် (၃၄)ယောက် အတွက်မူ စနစ်တကျဖန်တီးထားသော ထောင်ကြီးတစ်ခုသာဖြစ်ပါသည်။ တင်းကြပ်သော ဥပဒေ စည်းမျှးများအောက်တွင် အနာဂါတ်ပျောက်နေကြပါသည်။ အနာဂါတ်တွင် တိုင်းပြည်
တာဝန်ကို ပခုံးပြောင်းထမ်းရွက်မည့်သူတို့ မျိုးဆက်သစ်များအတွက် အန္ဒိယအစိုးရသည် စနစ်တကျ အမြော်အမြင်ရှိရှိ စီမံကိန်းများရေးဆွဲချမှတ် အကောင်အထည်ဖေါ်ဆောင်ရွက် နေသော်ငြားလည်း ကျွန်တော်တို့လူငယ်များ၏ အနာဂါတ်အရေးကို လျစ်လျူရှု့ထားရုံသာ မက သားသမီးချင်း မစာနာစွာ ဤလူငယ်များ၏ စိတ်ဓါတ်များပျက်ပြား ကျဆင်းအောင်၊ ထက်မြက်သောအရည်အသွေးများပျက်စီးယိုယွင်းအောင် နှစ်ရှည်လများ ထိန်းသိမ်းအကျဉ်း
ချထားပါသည်။ လူလိမ္မာများဖြစ်အောင် ပြုစုလေ့ကျင့်ပေးရမည့်အစား ရန်သူသဖွယ်သဘော ထားကာ လူဆိုးလူမိုက်များဖြစ်အောင် သွယ်ဝိုက်ဖန်တီး တွန်းအားပေးနေပါသည်။
၉၊ ၂၊ ၁၉၉၈ နေ့စွဲဖြင့် R. S Dhanker, Lt. Commander, Dr, Naval Provost Marshal, for Fortress Commander, A&N Islands, Post Blair
ပထမအစီရင်ခံစာ (ခေါ်)First Information Report (FIR) N-50/98 wGif U/S 123/121A/122/123, 120 B IPC section 14 of foreigners Act, 1946 section 25/27 Arms Act, 1959 and section 5 of Explosive Substance Act, ၁၉၀၈ စသည့်ပုဒ်မများဖြင့် တရားစွဲကာ နိုင်ငံတကာလက်နက်မှောင်ခို အရောင်း အ၀ယ်များဖြစ်ကြောင်း၊ အန္ဒိယအရှေ့မြောက်ဒေသရှိ အိန္ဒိယအစိုးရကို လက်နက်ကိုင် တော် လှန်ပုန်ကန်နေကြသော လက်နက်များရောင်းချ အကူအညီပေးကာ အိန္ဒိယနိုင်ငံ အကျိုးစီးပွားကို ဖျက်စီးရန်ဝကိးစားနေကြသူများဖြစ်ကြောင်း စွပ်စွဲထားပါသည်။ သူတို့စွပ်စွဲသလို သာ မှန်နေခဲ့လျှင်ကျွန်တော်တို့ကိုဖမ်းပြီး ကျွန်တော်တို့အထဲမှ (၁၀)ယောက်ကို နယူးဒေလီရှိ Military Intelligence (MI) စစ်ထောက်လှန်းရေးဌာနချုပ်ရုံးသို့ ခေါ်ယူမေးမြန်း စစ်ဆေးပြီး
သည်နှင့် ဗမာစစ်အစိုးရလက်ထဲသို့ လွှဲပြောင်းပေးလိုက်မည်ဖြစ်သည်။ ကျွန်တော်တို့ကိုဖမ်းပြီး (Landfall) လန်းဖေါလ်ကျွန်းမှ ပို့ဘာလေးယားသို့ယူဆောင်ခဲ့ပြီး၊ ၎င်းင်းမှတဖန် အလွန်ဝေးကွာ သော ကမ်ဘဲလ်ဘေး Campbell Bay (ခေါ်) နီကိုဘာကျွန်းရှိ စစ်တပ်စခန်းတစ်ခုတွင် လျှိ့
ဝှက်စွာ ထိန်းသိမ်းထားခဲ့သည်။ ဖမ်းပြီးရက်သတ္တ တစ်ပတ်နှစ်ပတ်ထိတိုင် အရပ်သား အစိုးရ လက်ထဲသို့ မအပ်ခဲ့ပေ။ MI ဌာနချုပ်မှ အဖြေကို စောင့်နေခဲ့ဟန်တူသည်။ ကျွန်တော်တို့ ဖက်မှမှန်နေပြီး သူတို့ထင်သလိုမဟုတ်ခဲ့သောကြောင့် MI ဌာနချုပ်မှ ကျွန်တော်တို့ကို ဗမာ စစ်အစိုးရလက်ထဲသို့ လွှဲအပ်ပေးရန်အမိန့်ပေးခဲ့၍သာ အရပ်သားအစိုးရလက်ထဲ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ကိုဖမ်းပြီး များမကြာခင်မီ နောက် စစ်ဆင်ရေး တစ်ခုတွင် ဖမ်းမိသော ဗမာပြည်မှ အခြားအုပ်စုတစ်စုကို ယနေ့တိုင် သတင်းအစအနမရရှိဘဲ တချို့ကို အသေပစ်သတ်၊ ကျန်လူတချို့ကို ဗမာစစ်အစိုးရလက်ထဲသို့ လွှဲပြောင်းပေးအပ်ခဲ့ဟန် တူသည်။ Lt. R.S Dhanker ၏ FIR တွင် စွပ်စွဲထားသလို အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသ များရှိ အိန္ဒိယအစိုးရကို လက်နက်ကိုင်ပုန်ကန်နေကြသော သူပုန်များကိုကူညီပြီး သူတို့နှင့် ပူးပေါင်းဆောက်ရွက်ခဲ့လျှင် အန္ဒမန်ကျွန်းကိုလည်း လာစရာမလို။ ဤကဲ့သို့သော အဖြစ်ဆိုး နှင့်လည်း ဝကံခဲ့ရလိမ့်မည်မဟုတ်ဘဲ၊ ကျွန်တော်တို့၏ ရခိုင့်တော်လှန်ရေးလည်း အင်အား တစ်စုံတစ်ရာထိ တိုးတက်ပြီး ဖြစ်နေပါလိမ့်မည်။ သို့သော် ပါတီပေါ်လစီအတိုင်း အိန္ဒိယ နိုင်ငံနှင့် မိတ်ဆွေကောင်းပီသစွာ ပေါင်းသင်းဆက်ဆံရေးမူအရ အိန္ဒိယအစိုးရနှင့် ပူးပေါင်း
ဆောင်ရွက်ခဲ့ကြသည်။
၎င်းပြင် Lt. R.S. Dhanker FIR က Operation Leech ခေါ် ပင်လယ်မျှော့စစ်ဆင်ရေးတွင်
340 Ram Avtor Singh and H^C 122 M.J. Answari နှင့် Col. SPS, Mali of 3 Madress Regiment, Caption Mahit Seth 3 Madress Regiment and Lt. . Sumil Kumar, Eastern Naal command, vizag တို့သည် သက်ဆိုင်ရာတပ်အသီးသီးဖြင့် တာဝန်ယူထမ်း ဆောင်ခဲ့ကြ သည်။ ၎င်းင်းတို့ထဲမှ Col. S.P.S Mali ၏ အစီရင်ခံစာတွင် သူသည် အထက်မှအမိန့်အတိုင်း (၈၊၂၊၉၈)နေ့တွင် Operation Leech 3 ကိုစတင်ခဲ့သည်။ သူလက်ခံရရှိသော အကြောင်းပြ ချက်များအရ အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားသားများပါဝင်သော နိုင်ငံတကာ လက်နက်မှောင်ခို အရောင်းအ၀ယ်သမားများသည် လက်နက်ခဲယမ်းမီးကျောက် အမြောက်အများဖြင့် လန်းဖေါလ်ကျွန်းသို့ ရောက်လာလိမ့်မည်ဖြစ်၍ သူနှင့် သူ့တပ်သားများသည် လမ်းဖေါလ်
ကျွန်းသို့ (၉၊၂၊၉၈)ညတွင် ရောက်ရှိလာပြီး စောင့်ကြပ်ကြည့်ရှု့နေခဲ့သည်။ သူ့ တပ်သားများ ကို ကျွန်းအနှံ့ ဖြန့်ချထားပြီး လက်နက်မှောင်ခိုသမားများကို ကျွန်းသို့ ရောက်မှ ဖမ်းဆီးရန်ဖြစ်သည်။ (၁၀၊၂၊၉၈)နေ့ ၁၃း၃၀အချိန်တွင် ကျွန်းအရှေ့မြောက်ဖက်မှ စပိဘုတ်တစ်စီး ကျွန်း
ဆီသို့ ချဉ်းကပ်လာသည်ကိုမြင်ရသည်။ ယင်းစပိဘုတ်သည် ကျွန်းသို့ ရောက်၍ ခေတ္တရပ် နားပြီး ကျွန်း၏တောင်နှင့်မြောက်ကို ခေါက်တုန့်ခေါက်ပြန် မောင်းနှင်နေသည်ကို မြင်ရသည်။၎င်းင်းစပိဘုတ်တွင် လူ(၈-၁၀) ယောက်ခန့်ရှိသည်။ ၁၆း၀၀ နာရီအချိန်တွင် ကျွန်းတောင်ဖက် မှ စပိဘုတ်တစ်စီးနှင့် ငါးဖမ်းလှေနှစ်စီးရောက်ရှိလာသည်ကိုတွေ့ရသည်။ ၎င်းင်းလှေများသည်ကျွန်းနှင့်မီတာ (၅၀-၁၀၀)လောက်တွင် ကျောက်ချသည်ကိုမြင်ရပြီး စုစုပေါင်း မော်တော်လေးစီး လူ(၇၀-၈၀)ယောက်လောက်ရှိသည်။ ၎င်းင်းနောက် လက်နက်ခဲယမ်းမီး ကျောက်များ ကို လှေပေါ်မှကမ်းရှိသစ်ပင်ကြီးတစ်ပင်အောက်တွင် စုပုံချထားသည်ကို မြင်ရသည်။ ၎င်းတို့သည် မီးများထွန်းပြီး ညဥ့်နက်သည့်တိုင်အောင် လက်နက်များချနေကြသည်ကို မီးရောင် အောက်တွင်မြင်ရသည်။ ၎င်းင်းနောက် သူတို့သည် ထမင်းဟင်းချက်စားပြီး ကမ်းခြေနားတွင်နားနေခဲ့ကြသည်။ သူတို့၏စစ်ရေးပရိယာယ်အရ ညအချိန်တွင်ဖမ်းဆီးရန် မသင့်တော်သဖြင့်မိုးလင်းအောင် စိတ်ရှည်ရှည်သတိဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။ သူ အထက်သို့ တောင်း ခံထားခဲ့သော စစ်ကူများလည်းနံနက် (၄)နာရီလောက်တွင် ကျွန်းသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် နံနက်(၅း၃၀)တွင် လက်နက်မှောင်ခိုသမားများကို ၀ိုင်းဝန်းပိတ်ဆို့လိုက်ပြီး လက် နက်ချရန် အမိန့်ပေးလိုက်သည်တွင် တချို့သော လက်နက်မှောင်ခိုသမားများသည် ကျွန်းတောင်ဖက် ပင်လယ်ထဲသို့ ထွက်ပြေးဖို့ဝကိးစားခဲ့ကြသည်။ ဤသို့ ထွက်ပြေးယင်း သူတို့ လက်ထဲရှိ အော်တိုမစ်တစ်သေနပ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြသဖြင့် မတတ်သာသည့်အဆုံးမိမိကိုယ်မိမိ ပြန်လည်ခုခံသည့်အနေဖြင့် ရဲဘော်များကိုပစ်ခတ်ရန် အမိန့်ပေးခဲ့သည်။ ဤသို့အပြန်အလှန်ပစ်ခတ်ယင်း ထွက်ပြေးခဲ့သူများ ပင်လယ်ရေနက်တွင် ပျောက်ကွယ်သွားကြပြီး သေနပ်ထိမှန်သွားကြဟန်တူသည်။ အချိန်အနည်းငယ်ကြာသည်အထိ ပြန်ပေါ်မလာတော့မှသူ့လူများကိုရှာဖွေရန်အမိန့်ပေး၍ အသေအချာရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့တော့ပေ။ ပင်
လယ်ရေနက်သို့မျှောပါသွားကြဟန်တူသည်။ ထိုနောက် မော်တော်ပေါ်မှ ကျန်သူများကို ကမ်း သို့ချပြီး ရေတွက်ကြည့်ရာ (၇၃)ဦးရှိပြီး၊ လက်နက်ခဲယမ်းမီးကျောက်များကို အသေအချာစာရင်းဉပ စီစဉ်မှတ်တမ်းတင်ပြီး၊ သင်္ဘောပေါ်သို့တင်ကာ (Campbell Bay )သို့ ပို့လိုက်သည်။
ထို့နောက်သူတို့နောက်ထပ်လှေများရောက်လိုရောက်ငြား (၁၄၊၂၊၉၈) နေ့ထိစောင့်နေခဲ့ပြီး၊ နောက်ထပ်ဘယ်လှေမှ ပေါ်မလာတော့သဖြင့် ပို့ဘာလေးယားသို့ ပြန်လာခဲ့ကြသည်။ ထိုလူ (၇၃)ယောက်ကို လုံခြုံရေးအရ Campbell Bay သို့ပို့လိုက်သည်။ သူ့ရဲ ဘော်တစ်ယောက်မျှ ဒဏ်ရာမရ။ သေနပ် (၂၆)ချက်ပစ်ခတ်ခဲ့သည်။ ကျဉ်ခွံများကို သဲထဲပွက်ထဲ ရှာမတွေ့တော့ ပါ။ စသည်ဖြင့် လုပ်ကြံဖန်တီးပြီး အစီရင်ခံတိုင်ချက်ဖွင့်ထားပါသည်။ ကျွန်တော်တို့ကို
ဖမ်းမိချိန်တွင် ကျွန်တော်တို့ထံမှ ဖမ်းဆီးရမိသော ယူနီဖေါင်းများ၊ ဘတ်တံဆိပ်များ၊ စာရွက် စာတမ်းများ၊ ပင်လယ်ပြင်ငွေကောက်ခံဖြတ်ပိုင်းများ၊ မှတ်တမ်းဒိုင်ယာရီများနှင့် အထောက်အထားများကို ကြည့်ခြင်းဖြင့် ကျွန်တော်တို့သည်National United Party of Arakan (NUPA) ရခိုင်ပြည်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနှင့်Karen National Union (KNU) ကရင်အမျိုးသားအစည်းအရုံးမှ အဖွဲ့ဝင်များဖြစ်ကြောင်း သိနိုင်ပါသည်။ ၎င်းင်းပြင် ထိုဗမာနယ်
စပ်မှ ရခိုင်ပြည်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ထိ ပင်လယ်ရေကြောင်းခရီးလမ်းသည် ကျွန်ုပ်တို့ ရခိုင် ရေတပ် (Arakan Marine) သွားနေကျလမ်းဖြစ်သည်။ မည်သည့်အကြောင်းနှင့် ဤမျှလောက် လုံခြုံရေးထူထပ်ပြီး အိန္ဒိယနိုင်ငံ ဒုတိယအကြီးဆုံး ရေတပ်စခန်းဖြစ်သော ဤအန္ဒမန်-နီကို ဘာကျွန်းကို ၀င်ရောက်ပုန်းအောင်းရန် အကြောင်းမရှိ။ ၎င်းပြင် ကျွန်တော်တို့ အဖမ်းခံခဲ့ရ သော လန်းဖေါလ်ကျွန်းရှေ့ ကျွန်းငယ်ပေါ်တွင် မီးပြတိုက်ရှိပြီး လုံခြုံရေးအစောင့်များ ကင်းစခန်းများရှိသောကြောင့် ပို၍ ၀င်ရောက်ပုန်းအောင်းသည့်တိုင်အောင် ဤမျှလောက် များသော လူဦးရေနှင့် ရှင်လောင်းလှည့်သလို” မော်တော်ဘုတ်ကြီး၊ ဘုတ်ငယ်အသွယ်သွယ်ဖြင့် လာစရာအကြောင်းမရှိ။ အမြန်ယာဉ်ငယ်ဖြင့် လူအနည်းစု လျှပ်တပြတ်ဝင်ရောက် ပုန်းအောင်း မည်သာဖြစ်ပါသည်။ ၎င်းင်းပြင် လန်းဖေါလ်ကျွန်းသည် အလွန်သေးငယ်ပြီး တောင်တန်းများ၊ သစ်ကြီးဝါးကြီးများမရှိ၊ ခြုံပုတ်သာသာ သစ်ပင်များနှင့် သောက်ရေသုံးရေ ရရှိရန်လည်း အလွန်အခက်အခဲရှိသောကြောင့် ပုန်းအောင်းနားခိုရန် သင့်တော်သော ကျွန်း လည်းမဟုတ်
ပါ။နောက်တစ်ခု သေဆုံးသူ (၀ါ) ပျောက်ဆုံးသွားသူများကိုကြည့်ပါက အားလုံးအရေးကြီးသော ခေါင်းဆောင်များချဉ်းဖြစ်ပြီး၊ ဤခေါင်းဆောင်များသည် သူ့လက်အောက်ငယ်သားများကို အမိန့် တစ်စုံတစ်ရာမပေးဘဲ သူတို့ချည်းသတ်သတ် ဘာကြောင့်များ စတင်တိုက်ခိုက်ပြီး ထွက် ပြေးဖို့ကြိုးစားသည့်တိုင် ဘာကြောင့်များ အိန္ဒိယတပ်ဖွဲ့ဝင်များထဲမှ တစ်ယောက်တစ်လေ တောင် ထိမှန်အောင်မပစ်ခတ်နိုင်ခဲ့ကြပါသနည်း။ တိုက်ပွဲတွင် လက်ဦးမှုရသူသည် အသာ
ရစမြဲဖြစ်ပါလျှက် ဗမာပြည်အရှေ့ဖက်-အနောက်ဖက် ရှေ့တန်းစစ်မျက်နှာများတွင် တိုက်ပွဲ ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ပြီး တိုက်ပွဲအတွေ့အကြုံများစွာရှိသော သန်မာဖျတ်လတ်သော ဤရခိုင်နှင့် ကရင်ခေါင်းဆောင်များ အိန္ဒိယစစ်သား တစ်ယောက်တစ်လေကို ဒဏ်ရာ
ရရုံလောက်ထိ မှန်အောင်မပစ်နိုင်ခဲ့ခြင်းမှာ ရုပ်ရှင်ထဲမှ ဒါရိုက်တာသဘောကျ ပြုလုပ်ခြင်းသာ
ဖြစ်ရပေမည်။ ၎င်းပြင် FIR တွင်ဖေါ်ပြထားသလို ကျွန်တော်တို့လူကြီးများ ထွက်ပြေးယင်း လက်ထဲ အော်တိုမစ်တစ်သေနပ်များဖြင့် စတင်ပစ်ခတ်သဖြင့် အိန္ဒိယတပ်ဖွဲ့များက ကိုယ့်ကိုကိုယ် ကာကွယ်သည့်အနေဖြင့် ပစ်ခတ်သောကြောင့် ဒဏ်ရာရ၍ ပင်လယ်ရေနက်ပိုင်းထဲ မျှောပါပျောက်ဆုံးသွားသည်ဟု ဆိုသည်။ ဒါဏ်ရာရရှိကာ မျှောပါသွားရအောင် ထိုအချိန်ကလန်းဖေါလ်ကျွန်းအနီးတွင် ဆူနာမီလို ဒီရေလှိုင်းလုံးကြီးများလည်းမရှိခဲ့။ ၎င်းပြင် လန်းဖေါလ်
ကျွန်းသည် အခြားကျွန်းနှစ်ခုဖြင့် ဖိုခနောက်ဆိုင်တည်ရှိနေသဖြင့် ရေစီးမသန်ဘဲ ရေငြိမ်နေပါသည်။ အနည်းဆုံး ကမ်းခြေမှ မီတာ(၅၀-၁၀၀)လောက်မှ ရေနက်ကိုရောက်သဖြင့် ဤအချိန်တိုအတွင်း ရေနက်ထဲမျှောပါသွားသည်မှာ မဖြစ်နိုင်ပေ။ ရေနက်ထဲ ဒီလှိုင်းများဖြင့် ကမ်းခြေသို့ ပြန်တက်လာမြဲဖြစ်သည်။ မျှောပါသွားကြသည်ထားဦး အနည်းဆုံး တစ်ယောက်တစ်လေ၏ ခန္ဓာကိုယ်အလောင်းသည် ကမ်းခြေတခုခုသို့ ပြန်လာတင်သင့်ပါသည်။ ၎င်းပြင် အိန္ဒိယဗဟိုမှ လူကြီးများကိုဝကိဆိုရန် ဟယ်လီကော်ပတာဆင်းမည့်နေရာသို့ သွားခဲ့ကြသည်မှာ ခေါင်းဆောင်(၅)ဦးဖြစ်သော စစ်ဦးစီးချုပ်ဗိုလ်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းဇံခိုင်နှင့် ဖဒိုမှူးလွယ်တို့ဖြစ်ကြသည်။ ဗိုလ်မြင့်ဆွေမပါခဲ့ပေ။ ဗိုလ်မြင့်ဆွေသည် ကျွန်
တော်တို့နှင့်အတူ သဲပြင်တွင်စီတန်းထိုင်နေခဲပြီး အိန္ဒိယလူကြီးများကိုကြိဆိုရန် စောင့်နေခဲ့ သည်။ ကျွန်တော်တို့မျက်နှာကို ပ၀ါနှင့်စည်း လက်နောက်ပြန်ကြိုးချည်နေစဉ် ဗိုလ်မြင့်ဆွေက ကျွန်တော်တို့အနားတွင် ရှိနေခဲ့ပြီး၊ သူ့ကို ကြိုးချဉ်ပြီး မျက်နှာကိုပ၀ါနှင့်စည်းနေသည်ကို ကျွန်
တော်တို့ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ခေါင်း ဆောင်များကို ထွက်ပြေး၍ ပစ်ခတ်ခဲ့သည်ဆိုသည်မှာ လုံးဝမဟုတ်၊ ခုခံပစ်ခတ်သည် ဆိုသည်မှာမဖြစ်နိုင်။ ၎င်းခေါင်းဆောင်များ သေနပ်ကိုင်ဆောင်ခဲ့သည်မဆိုထားနှင့် ၎င်းခေါင်း ဆောင်များကိုယ်တိုင်က ကျွန်တော်တို့ရဲဘော်များကို Col. Grewal ၏ တိုက်တွန်းချက်အရ သေနပ်လုံးဝမကိုင်ရန် တင်းတင်းကျပ်ကျပ်အမိန့်ထုတ်ထားခဲ့သည်ဖြစ်၍၊ အိန္ဒိယ အာဏာပိုင်များသည် ကျွန်တော်တို့ခေါင်းဆောင်များကို သူရဲဘော်ကြောင်စွာ သွေးအေးအေးဖြင့် ပစ် သတ်ကာ အစဖျောက်ခြင်း၊ ဒါမှမဟုတ် သေနပ်သံများပစ်ခတ်ဟန်ပြပြီး ကျွန်တော်တို့ ခေါင်းဆောင်များကို ဗမာစစ်အစိုးရလက်ထဲသို့ လွှဲပြောင်းခြင်းတစ်ခုခုဖြစ်ပေရမည်။ အဘယ်ကြောင့်
ဆိုသော် ကျွန်တော်တို့ခေါင်းဆောင်များ အထူးသဖြင့် စစ်ဦးစီးချုပ် ဗိုလ်ရာဇာကို ဗမာစစ် အစိုးရမှ အလွန်အလိုရှိနေသောကြောင့်ဖြစ်သည်။ သို့သော်အစပိုင်းတွင် ကျွန်တော်တို့ကိုအထက်ဖေါ်ပြပါအတိုင်း မဟုတ်မမှန်ဝါဒဖြန့် စွပ်စွဲခဲ့သော်လည်း နောက်ဆုံး အမှန်တရားကို
ဖုံးကွယ်၍မရသည့်အဆုံး NUPA နှင့် KNU အဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြစ်ကြောင်း အတိအလင်း ပြောကြားရပါတော့သည်။
ကျွန်တော်တို့ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် ၁၉၈၀-ခု ၀န်ကြီးချုပ်ရာဂျစ်ဂန္ဓီ လက်ထက်ကပင် အိန္ဒိယနှင့်ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး၊ The India Research and Analysis Wing“ (RAW) ခေါ် ထောက်လှမ်းရေးအဖွဲ့သည် ရခိုင်တော်လှန်ရေးအဖွဲ့အစည်း များကို ဆက်သွယ်ခဲ့သည်။ ထိုအချိန်က အိန္ဒိယအစိုးရအနေဖြင့် ကျွန်တော်တို့ ရခိုင်လက်နက်ကိုင်အင်အားစုများကို မြွေမသေ ဒုတ်မကျိုး သဘောဖြင့် နယ်စပ်ဒေသများတွင်အခြေချနေထိုင်ခွင့်များ ပေးထားခဲ့သည်။ သို့သော် ၀န်ကြီးချုပ်ရာဂျစ်ဂန္ဓီလက်ထက်တွင် ချမှတ်ခဲ့သော (Look-East) ခေါ် အရှေ့မျှော်ပေါ်လစီကို ၁၉၉၈ခု အာဏာရလာသော(BJP) ပါတီဦးဆောင်သော(NDA) အစိုးရလက်ထက်လက်တွင် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ သောကြောင့် ကျွန်တော်တို့ ဤကဲ့သို့ ဓါးစာခံဘ၀သို့ ရောက်သွားရခြင်းဖြစ်သည်။ အားထားယုံကြည်နေရသောမိတ်ဆွေထံတွင် သားကောင်ဘ၀သို့ရောက်သွားရခြင်းမှာ အလွန်ရင်နာ ဖွယ်ရာကောင်းလှပါသည်။ အိန္ဒိယလို ဒီမိုကရေစီစနစ်ကျင့်သုံးပြီး ဥပဒေစိုးမိုးသော တိုင်းပြည်ကြီးက ကျွန်တော်တို့လို အင်အားသေးငယ်သော အဖွဲ့အစည်းအငယ်အပေါ် လိမ်လည် လှည့်ဖျားလျှင် ခံကြရမည်သာဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် ပထ၀ီအနေအထားအရ ရခိုင်နှင့် နယ်စပ်ချင်းကပ်နေသဖြင့် အိန္ဒိယနိုင်ငံကို မိတ်ဆွေနိုင်ငံအဖြစ် ပေါင်းသင်းပြီး၊ လွတ်လပ်ရေး ကြိုးပမ်းရာတွင် အိန္ဒိယနိုင်ငံ၏အကူအညီကို ရယူရမည်ဆိုသည်မှာ NUPA နှင့် ရခိုင့်တော် လှန်ရေး အဖွဲ့အစည်းများ၏ ပေါ်လစီဖြစ်ပါသည်။ အိမ်နီးနားချင်းမိတ်ဆွေကောင်း ပီသရေး မူအတိုင်း ရခိုင်ခေါင်းဆောင်များသည် အိန္ဒိယအစိုးရအကူအညီကိုရယူရန် ခေတ်အဆက်
ဆက် ဝကိးစားခဲ့ကြသည်။ ၁၉၉၃-ခုမေလတွင် ထိုစဉ်က Arakan Army (A.A) ရခိုင့်တပ် မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြာဖြူအောင်မှ ဗိုလ်မှူးစောထွန်းကို အိန္ဒိယအာဏာ ပိုင်များနှင့် ဆက်သွယ်ရန်တာဝန်ပေးခဲ့ပြီး သူကိုယ်တိုင်လည်း ယင်းနှစ် ဒီဇင်ဘာလတွင် အိန္ဒိယမြို့တော် နယူးဒေလီသို့လာရောက်ကာ အိန္ဒိယအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွဲခဲ့ကြ သည်။ တွေ့ဆုံကြစဉ် အလွတ်သဘောဖြင့် အိန္ဒိယအစိုးရအနေဖြင့် ရခိုင့်တော်လှန်ရေး အဖွဲ့ အစည်းများကို နိုင်ငံရေးအရအသိအမှတ်ဉပရန်၊ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများကို အိန္ဒိယ နိုင်ငံရှိ ကာကွယ်ခိုလှုံခွင့်ပေးရန်၊ စစ်ရေးအရ ရခိုင်နှင့်ကရင်ပူးတွဲစစ်ဆင်ပြီး ရခိုင်ပြည်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများကို ထိုးဖေါက်နိုင်ရန် ယာယီကြားစခန်းအဖြစ် အန္ဒမန်နှင့်
နီကိုဘာကျွန်းရှိ ကျွန်းငယ်တကျွန်းကို အခြေစိုက်ခွင့်ဉပရန်၊ အပြန်အလှန်အားဖြင့် (NUPA)မှ ဗမာစစ်အစိုးရနှင့် အလွန်ပနံစားနေသော၊ ဘင်္ဂလားပင်လယ်-အန္ဒမန်ပင်လယ်နှင့် မလက်ကာရေလက်ကြားများကို စစ်ရေးအရထိုးဖေါက်လွှမ်းမိုးနိုင်ရန် ဝကိးပမ်းနေသော တရုတ်အစိုးရ၏ သတင်းကို စုံစမ်းပေးရန်နှင့် အထူးသဖြင့် ဗမာပြည်ရှိတရုတ် စစ်အခြေစိုက်စခန်းများ၊ ကိုကို ကျွန်းနှင့် တနင်္သာရီရှိ တရုတ်ရေဒါထောက်လှမ်းရေးစခန်းများကို စုံစမ်းထောက်လှမ်းပေးရန်၊
စသည်ဖြင့်ဆွေးနွေးခဲ့ကြသည်။
၁၉၉၅-ခုတွင် (NUPA) မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အိန္ဒိယသို့စေလွှတ်ပြီး၊ အိန္ဒိယအာဏာ
ပိုင်များနှင့်ေ တွ့ဆုံးဆွေးနွေးစေခဲ့သည်။ အိန္ဒိယအာဏာပိုင်များက အယင်ဆွေးနွေးချက်များ
ကို အကောင်အထည်ဖေါ်သည့်အနေဖြင့် ယင်းနှစ်မှာပင် အိန္ဒိယနိုင်ငံ မီဇိုရမ်
ပြည်နယ်၊ ပရာဝါ အရပ်တွင် (NUPA) ဗဟိုဌာနချုပ်ကို တည်ထောင်အခြေချခွင့်ဉပခဲ့ပြီး
စားနပ်ရိက္ခာနှင့်ဆေးဝါးအချို့ ကူညီထောက်ပံ့ခဲ့သည်။ ထိုအတောအတွင်း အိန္ဒိယမှ MI
နှင့် RAW စသည့် ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့်လည်း အဆက်မပြတ် အဆက်အ
သွယ်ဉပလုပ်ခဲ့သည်။ ၁၉၉၆-ခုတွင်(NUPA) မှ အန္ဒမန် နီကိုဘာကျွန်းတွင် အခြေစိုက် စခန်း
တည်ဆောက်ရေးကိစ္စ အကောင်အထည်ဖေါ်ရန် အိန္ဒိယစစ်ထောက်လှမ်းရေးအဖွဲ့ MI ထံသို့
တရားဝင်တင်ပြတောင်းဆိုခဲ့သည်။ ထိုနှစ် အောက်တိုဘာတွင် MI မှ (Joint intelligence Committee) အဖွဲ့ဝင် Mr.Sharma နှင့် MI အရာရှိ Lt.col.Vicky Grewal (ဗမာအမည် နေ၀င်း၊ ဗမာပြည်တွင်မွေးဖွားပြီး ရန်ကုန်တက္ကသိုလ်မှဘွဲ့ယူခဲ့သော အန္ဒိယနိုင်ငံသား ပန်ချာပီ ချိတ်လူမျိုး၊ ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သည်။ သူ့ဆွေမျိုးများ ဗမာပြည်တွင် ယခုတိုင် နေထိုင်လျှက်ရှိသည်။) ထိုပရ၀ါရ (NUPA) ဌာနချုပ်သို့စေလွှတ်ခဲ့ပြီး၊ ပါတီမှ
ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးကာ၊ ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ခဲ့ကြသည်။ အပြန်တွင် ဗိုလ်မှူးစောထွန်းကို သူတို့နှင့်တပါတည်း ထည့်ပေးလိုက်သည်။ ၁၉၉၆-ခု နိုဝင်ဘာလပထမပတ်မှာ ဗိုလ်မှူးစောထွန်းက အိန္ဒိယအာဏာပိုင်များသည် ကျွန်တော်တို့ (NUPA) မှ တောင်းဆိုထားသည့်အတိုင်း အန္ဒမန်ကျွန်းရှိ လောင်အိုင်လန်း (Long Island) ကို စစ်အခြေစိုက်စခန်း တည်ဆောက်ခွင့်ဉပကြောင်း ဥက္ကဌထံ အကြောင်းကြားခဲ့ သည်။ ထို့ကြောင့် ဗဟိုမှ ဗိုလ်မှူးစောထွန်းကို ၁၉၉၇ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဆက်ဆံရေးနှင့်ကမ်းလွန်ကျွန်း တာဝန်ခံအရာရှိအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ဤအတောအတွင်း (NUPA) နှင့် အိန္ဒိယအာဏာပိုင်တို့အကြား အထူးသဖြင့် အိန္ဒိယစစ်
ထောက်လှန်းရေး အရာရှိများအကြား အလွန်ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ မီဇိုရမ်-ပရ၀ါမှ
MI အကြီးအကဲ Major Arghiga နှင့်လည်းကောင်း (19th Assam Rifle Commander col. Sri Nagar Singh) နှင့် သူ့လက်ထောက် I/c Major Prasad တို့သည် စစ်ဦးစီးချုပ် ဗိုလ်ရာဇာ
အပါအ၀င် အခြား (NUPA)ခေါင်းဆောင်များကို သူတို့စခန်းသို့ မကြာခဏ ဖိတ်ခေါ်၍
လည်ကောင်း၊ (NUPA) ဌာနချုပ်သို့ အလည်လာ၍လည်းကောင်း၊ မကြာခဏ တွေ့ဆုံဆွေး
နွေးခဲ့ကြသည်။ ၎င်းင်းပြင် စစ်ဦးစီးချုပ်ဗိုလ်ရာဇာသည် နယူးဒေလီသို့ အခေါက်ခေါက်သွား
ရောက်၍ အိန္ဒိယအာဏာပိုင်များနှင့် တွေ့ဆုံခဲ့သည်။ ၁၉၉၇-ခုမေလ ဒုတိယအပတ်တွင်
ဗိုလ်ရာဇာသည် နယူးဒေလီသို့ (၃)ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည်။ တခြားတဖက်မှာ
MI အရာရှိ Col. Grewal သည် ပရာဝါရ (NUPA) မှ ဧည့်ဝတ်ကျေပွန်စွာ ကောင်းပေ့
ဆိုသော အစားအသောက်များဖြင့်တည်ခင်းကာ အကောင်းဆုံးဟိုတယ်များတွင် ဧည့်ခံခဲ့
သည်။ Col. Grewal သည် ၁၉၉၇-ခု မေလ တတိယအပတ်တွင် (၁၀)ရက်ကြာ လည်ပတ်
ခဲ့ပြီး ထိုင်းနိုင်ငံတနံတလျားလိုက်လံပြသပေးခဲ့သည်။ ဗမာပြည်ကော့သောင်းမြို့အနီး သူဌေး
ကျွန်းရှိ ထိုင်းနိုင်ငံမှငှားရမ်းဖွင့်လှစ်ထားသော Casino လောင်းကစားအပန်းဖြေဟိုတယ်သို့
လိုက်ပို့ပေးခဲ့ရသည်။ KNU, KNOO နှင့် KIO တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း သွားရောက်
တွေ့ဆုံခဲ့သည်။
အန္ဒမန်ကျွန်းရှိ အခြေစိုက်စခန်းတွင် ဆိပ်ကမ်းတံထားများ စစ်တန်းလျားများဆောက်လုပ်
ရန်အတွက်ဟုဆိုကာ အမေရိကန်ဒေါ်လာ (၃၀၀၀၀) Col. Grewal ကာနယ်ဂရေးဝါး၏
အဆိုအရ အနောက်ပိုင်းတိုင်း ၎င်းင်းကုန်ကျစရိတ်အတွက် အိန္ဒိယအစိုးရမှပြန်လည်ကျခံရမည်
ဖြစ်ပြီး လောလောစဉ် ကျွန်တော်တို့အိတ်မှ စိုက်ထုတ်ထားရမည်ဖြစ်ပါသည်။) အပါအ၀င်
Col. Grewal အတွက် လက်ဆောင်ပစ္စည်းများ၊ နာရီ၊ လည်ဆွဲ၊ သူ့သမီး ကောလိပ်ကျောင်း
သူအတွက် ကျောင်းအိတ်မှအစ တခြား တိုလီမိုလီပစ္စည်းများအတွက် ကုန်ကျစရိတ် စုစု
ပေါင်းမှာ အမေရိကန်ဒေါ်လာ (၆၀၀၀၀)နီးပါးရှိခဲ့သည်။ အိန္ဒိယအာဏာပိုင်များ၏ အစီအစဉ်
အရ ကျွန်တော်တို့ တပ်ဖွဲ့များသည် ၁၉၉၇-ခုမေလ (၂၇)ရက်နေ့တွင် လောင်းအိုင်လန်ကျွန်း
သို့ အရောက်လာရမည်ဖြစ်သည်။ သို့သော် ခရီးသွားခါနီးဆဲဆဲ မုန်တိုင်းကျ
ရောက်လာသဖြင့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ရလေသည်။ ၁၉၉၈-ခုဇန္န၀ါရီလတွင် အိန္ဒိယမှ
Lt. col Grewal နှင့် ဗိုလ်မှူးစောထွန်းတို့ ဘန်ကောက်သို့ တပတ်လာရောက်၍ ဘန်ကောက်
(NUPA) ရုံးတွင် အထွေထွေအတွင်းရေးမှူးဦးဘစောအောင်၊ စစ်ဦးစီးချုပ်ခိုင်ရာဇာတို့နှင့် ခရီး
စဉ်ကို ပြန်လည်အကောင်အထည်ဖေါ်စတင်ရန် အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ လောင်းအိုင်
လန်းအစား လန်းဖေါလ်ကျွန်းကို ပြောင်းလိုက်ပြီး ၎င်းင်းကျွန်းဓါတ်ပုံများ၊ အန္ဒမန်
နီကိုဘာကျွန်း စစ်သုံးခဲသားဆေးရောင်စုံမြေပုံများကို Col Grewal မှ စစ်ဦးစီးချုပ် ခိုင်ရာဇာ
ဆီသို့ပေးအပ်ခဲ့သည်။ စစ်ဦးစီးချူပ်ဗိုလ်ရာဇာမှခေါ်၍ နယ်စပ်ရှိလှုပ်ရှားနယ်မြေ ပင်လယ်ပြင်မှ
တာဝန်ခံ ဗိုလ်မှူးစိုးနိုင်သည် ဘန်ကောက်သို့သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံ လန်းဖေါလ်ကျွန်း
သို့သွားမည့် ရခိုင့်ရေတပ်မတော် (Arakan Marine) နှင့် ကရင်အမျိုးသားအစည်းအရုံး
KNU မှ တပ်သား ဦးရေစာရင်း၊ အမည်၊ လက်နက်ခဲယမ်းမီးကျောက်အရေအတွက်၊ အမျိုး
အစား၊ စပိဘုတ်အမြန်နှုန်း၊ စက်အမျိုးအစား စသည်တို့ကိုအသေးစိတ် စာရင်းပြုစုကာ မှတ်
တမ်းတင် ဗီဒီယိုတိတ်ခွေများကိုပေးအပ်ခဲ့သည်။ ၎င်းင်းမှတဆင့် Col Grewal သို့ လွှဲအပ်ပေးခဲ့
သည်။ ထို့နောက် Col Grewal နှင့် ဗိုလ်မှူးစောထွန်းတို့ အိန္ဒိယသို့ပြန်သွားခဲ့ကြပြီး များ
မကြာမှီ တယ်လီဖုန်းမှတဆင့် ကျွန်းကိစ္စကို အသေအချာဆောင်ရွက်ရန် နောက်ထပ် အမေရိ
ကန်ဒေါ်လာ (၁၀၀၀၀)တောင်း၍ ဘန်ကောက်ရုံးတာဝန်ခံ ညီညီကျော်ကိုယ်တိုင် နယူးဒေလီ
သို့ သွားရောက်ကာ Col Grewal လက်ထဲသို့ ပေးအပ်ခဲ့သည်။ ကာနယ်ထံမှ စကားပြော
စက် လျှိ့ဝှက်နံပါတ်နှင့် စကားဝှက်များကိုရယူကာ ၎င်းနေ့တွင် လေကြောင်းဖြင့် ချက်ချင်း
အကြောင်းမှာ ကျွန်တော်တို့သည် ၎င်းင်းနေ့ ညနေချိန် လန်းဖေါလ်ကျွန်းကို စတင်ရမည်ဖြစ်သောကြောင့် V.H.F စက်နံပါတ်နှင့် ဆိုင်ဖရာရှိရန် အရေးကြီးသောကြောင့် ဖြစ်သည်။ (၆၊၂၊၉၈) နေ့ညနေ(၄)နာရီတွင် စစ်ဦးစီးချုပ် ဗိုလ်ရာဇာကိုယ်တိုင် ထိုင်းဗမာ နယ်စပ်တွင် အိန္ဒိယခရီးစဉ်အတွက် အဆင်သင့် ပြုလုပ်နေကြသော ကျွန်တော်တို့၏ အမြန် ယာဉ်ရှိရာသို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာခဲ့သည်။ (၇။၂၊၉၈) ညနေ(၄)နာရီတွင် KNU တပ်မဟာ(၄) နယ်မြေအခြေစိုက်စခန်းမှ ဥက္ကဌ ခိုင်မြတ်ကျော်ဦးစီးသော ရခိုင်ကျောင်းသား လူငယ်အစည်းအရုံး All Arakan Students and Youths Congress ) (AASYC) (ထိုင်း)မှ ရဲ ဘော်(၁၄)ဦး ပင်လယ်ထဲသို့ရောက်ရှိလာခဲ့သည်။ ကျွန်တော်တို့၏ အစီအစဉ်အရ ၎င်း ကျောင်းသားလူငယ်များသည် (၁၉၉၇)ခုတွင် (NUPA) နှင့်ပူးပေါင်းလိုက်သဖြင့် အနောက်ဖက် ရခိုင်ဒေသသို့ စခန်းပြောင်းရန် ပင်လယ်သို့ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုင်းဗမာနယ်စပ်
မျောက်ညိုကျွန်းအနီး ထိုင်းငါးဖမ်းလှေတစ်စီးကို အကူအညီတောင်းကာ ၎င်းင်းငါးဖမ်းလှေ ပေါ်တွင် လက်နက်ခဲယမ်းမီးကျောက်များဖြင့် ကျောင်းသားလူငယ်တပ်ဖွဲ့ဝင်များကို တင်ဆောင်၍ စပိဘုတ်နှစ်စီးကို ၎င်းင်းငါးဖမ်းလှေနောက်တွင်တွဲကာ (၁၉၉၈)ခု ဖေဖော်ဝါရီလ (၈) ရက်နေ့ နံနက်(၁)နာရီတွင် ထိုင်းဗမာနယ်စပ် ရှမ်းကျွန်းမဲနှင့် မျောက်ညိုကျွန်းကြားမှ အိန္ဒိယနိုင်ငံ လန်းဖေါလ်ခရီးစဉ်ကို စတင်ပါတော့သည်။ ၎င်းင်းခရီးစဉ်တွင် (Arakan Marine) မှ ရိုးမအမည်ရှိ စပိဘုတ်တွင် ဗိုလ်ရာဇာအပါအ၀င် စုစုပေါင်း(၂၇)ယောက်၊ KNU ဒေါန
အမည်ရှိ စပိဘုတ်တွင် (၁၃)ဦး စုစုပေါင်း(၄၀)ဦးတို့ဖြစ်သည်။ ကျွန်တော်တို့ (Arakan Marine) နှင့် KNU တပ်ဖွဲ့များ၏တာဝန်မှာ ပင်လယ်ပြင်တွင် ရံပုံငွေကောက်ခံရန်ဖြစ်ပြီး၊ ယခုခရီးစဉ်အဆုံး လန်းဖေါလ်ကျွန်းသို့ရောက်လျှင် ဗိုလ်ရာဇာအပါအ၀င် ကျောင်းသားလူငယ်များနှင့် လက်နက်ခဲယမ်းမီးကျောက်များကို ကျွန်းပေါ်တွင်ချပေးထားခဲ့ပြီး လှုပ်ရှားနေရာ သို့ ပြန်လာရမည်ဖြစ်သည်။ နောက်ပိုင်းတွင် ပစ္စည်းများနှင့် ရဲဘော်တချို့ကို အိန္ဒိယ အာဏာပိုင်များ အစီအစဉ်ဖြင့် (NUPA) ဗဟိုဌာနချုပ်ရုံးရှိရာ Parba စခန်းသို့ ပို့ဆောင် သွား
မည်ဖြစ်သည်။ ခရီးမစတင်မီ (၁)နာရီလောက်အလိုမှာ ဘန်ကောက်ရုံးမှ စပိဘုတ်ပေါ်ရတယ်လီဖုန်းမှတဆင့် လန်းဖေါလ်ကျွန်းသို့ ဆက်သွယ်မည့် V.H.F စက်နံပါတ်နှင့် ဆိုင်ဖာ
တို့ကို လက်ခံရရှိခဲ့သည်။ နောက်တနေ့ (၉၊၂၊၉၈)နေ့လည် (၁)နာရီလောက်တွင် ပင်လယ်ပြင်
ထဲ ၀လက်ခေါ် ထိုင်းငါးဖမ်းလှေတစ်စီးတွေ့၍ စစ်ဆေးကြည့်ရာ ကျွန်တော်တို့ (Arakan Marine) ထံတွင် နှစ်စဉ်ပေးဆောင်နေကျ အခွန်ဆောင်လက်မှတ်ဖြတ်ပိုင်းမပါသဖြင့် ၎င်းကိစ္စ
ကို လှေပိုင်ရှင်နှင့်ဆွေးနွေးရမည်ဖြစ်သော်လည်း ခရီးအနေအထားအရ လန်းဖေါလ်ကျွန်းသို့
အမြန်ဆုံးရောက်ရမည်ဖြစ်သောကြောင့် ၎င်းဝလက်ကိုပါ တပါတည်း လန်းဖေါလ်ကျွန်းသို့
ခေါ်ယူလာခဲ့ရသည်။ ဤအတွင်းထိ ထိုင်းငါးဖမ်းလှေနှစ်စီး ထိုင်းပဲ့နင်းနှစ်ဦးအပါအ၀င် ငါးဖမ်း
လှေသား (၃၇)ဦး ကျွန်တော်တို့ ရခိုင်နှင့်ကရင်အဖွဲ့ဝင်(၄၀)ဦးစုစုပေါင်း (၇၇)ဦးတို့ ဆက်လက်
ခရီးထွက်ခဲ့ရာ အိန္ဒိယပိုင် နာကိုဒမ် ကျွန်းသို့ ညနေ (၅)နာရီအချိန်တွင် ရောက်
ရှိခဲ့သည်။ ၎င်းင်းကျွန်းအနီးသို့ရောက်လျှင်ရောက်ချင်း ဗိုလ်ရာဇာမှ V.H.F စက်ဖြင့် လန်းဖေါလ်
ကျွန်း Col.Grewal နှင့် ဗိုလ်မှူးစောထွန်းဆီသို့ ဆက်သွယ်အကြောင်းကြားရာ တဖက်မှ
ဗိုလ်မှူးစောထွန်းက နာကိုဒမ်ကျွန်းနားတွင် ညအိပ်ရန်အကြောင်းကြားခဲ့ပြီး ကာနယ်၏ ပြော
ကြားချက်အရ ကျွန်း၏မြောက်ပိုင်းတွင် ပုလိပ်ကင်းစခန်းရှိသဖြင့် ပြဿနာ တစုံတရာမရအောင် ကျွန်း၏အနောက်တောင်ဖက်တွင် ကျောက်ချရပ်နား ညအိပ်ခဲ့ကြသည်။ ကျွန်တော်
တို့၏ မူလအစီအစဉ်အတိုင်း အိန္ဒိယတာဝန်ခံ ဗိုလ်မှူးစောထွန်းနှင့်အတူ သူ၏ လက်ထောက်
ဗိုလ်ရန်နိုင်တို့သည် အိန္ဒိယထောက်လှမ်းရေးအရာရှိ Lt.Co.Grewal နှင့်အတူ နယူးဒေလီမှ
အထူးစစ်လေယာဉ်ဖြင့် ပို့ဘာလေးယား သို့ရောက်ရှိလာခဲ့ပြီး ၎င်း ပို့ဘာလေးယား
မှတဖန် ရေတပ်သင်္ဘောဖြင့် လန်းဖေါလ်ကျွန်းသို့ ကျွန်တော်တို့ခရီးစဉ်ကို
ကြိုဆိုရန် ကြိုတင် ရောက်ရှိနေကြသည်။ သူတို့နှင့်အတူ အခြားအိန္ဒိယအရာရှိများနှင့် အိန္ဒိယ စစ်အရာရှိများနှင့်
အိန္ဒိယစစ်သားတပ်ခွဲတစ်ခွဲ ကြိုတင်ရောက်ရှိနေကြပြီဖြစ်သည်။ နောက်တနေ့ (၁၀၊၂၊၉၈)
နံနက်(၅)နာရီတွင် V.H.F မှတဆင့် ဗိုလ်မှူးစောထွန်းက လန်းဖေါလ်ကျွန်းသို့ အမြန်ဆုံး
လာရောက်ရန် အကြောင်းကြားသဖြင့် နာကိုဒမ်မှ ဆက်လက်ထွက်ခွာခဲ့ပါသည်။ ခရီးကို ဝကိ
တင်စီစဉ်နိုင်ရန် KNU စပိဘုတ်“ ဒေါနကို အယင်ခုတ်မောင်းစေခဲ့သည်။ ၎င်းင်းအမြန်ယာဉ်ပေါ် တွင် စစ်ဦးစီးချုပ်ဗိုလ်ရာဇာ (Arakan Marine) စစ်ရေးတာဝန်ခံ ဗိုလ်မှူးသိန်းကျော်အောင်၊ ဖဒိုမှူးလွယ်၊ ဗိုလ်မြင့်ဆွေနှင့် အခြား KNU ရဲဘော်တချို့ပါသွားခဲ့သည်။ ၎င်းင်းအမြန်ယာဉ် ဒေါန”သည် လန်းဖေါလ်ကျွန်သို့ ၎င်းင်းနေ့ နေ့လည်(၁၂)နာရီခန့်တွင် ရောက်ရှိသွားခဲ့ပြီး Col.Grewal ၊ ဗိုလ်မှူးစောထွန်းတို့နှင့်တွေ့ဆုံကာ နောက်မှ တဖြည်းဖြည်းလိုက်လာသော ကျွန် တော်တို့ ကျန်ငါးဖမ်းလှေနှစ်စီးနှင့် စပိဘုတ်တစ်စီးကို ကျွန်းနားသို့ ၀င်ရောက်ရန် အကြောင်း ကြားသဖြင့် ကျန်လှေ(၃)စီး လန်းဖေါလ်ကျွန်းသို့ ညနေ(၄)နာရီတွင် ချဉ်းကပ်ဝင်ရောက်ခဲ့ သည်။ ကျွန်တော်တို့ ထိုင်းငါးဖမ်းလှေနှစ်စီးနှင့် အမြန်ယာဉ်ငယ် ကျွန်းသို့ရောက်၍ ကျွန်း နားတွင် ကျောက်ချရပ်နားစဉ် ပထမအမြန်ယာဉ် “ဒေါနဖြင့် စစ်ဦးစီးချုပ်ဗိုလ်ရာဇာ၊ ဗိုလ်မှူး စောထွန်း၊ ဗိုလ်ရန်နိုင်တို့နှင့်အတူ Col.Grewal သည် ကျွန်တော်တို့လှေသို့ ရောက်ရှိလာခဲ့ သည်။ ပထမငါးဖမ်းလှေပေါ်တွင် Col.Grewal က နေ့လည်စာမစားရသေးဆို၍ လုံဉခံရေး တာဝန်ခံ Major သိန်းကျော်အောင်မှ ထမင်းကျွေးခဲ့ရသေးသည်။ ပြီးလျှင် ဒုတိယလှေပေါ်ရှိ ကျွန်တော်တို့ရဲဘော်များနှင့် Col.Grewal ကို မိတ်ဆက်ပေးကာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ ဤခရီးစဉ်တွင် စာရေးသူသည် မဟာမိတ်ဆက်ဆံရေးတာဝန်ခံ လက်နက်ခဲယမ်းမီးကျောက် များ တင်ဆောင်လာသောလှေတစ်စီးကို တာဝန်ယူကြီးကြပ်ခဲ့ရသည်။ Col.Grewal နှင့် ဘန်ကောက်ရုံးတွင်တစ်ကြိမ်၊ သူတည်းခိုရာဟိုတယ်တွင်တစ်ကြိမ် စုစုပေါင်း ထိုင်းတွင် နှစ် ကြိမ်တွေ့ဖူး၍ ကျွန်တော်က မှတ်မိနေသော်လည်း သူကတော့ ကျွန်တော့ကိုမှတ်မိပုံမရပါ။ လက်ဆွဲနှုတ်ဆက်စဉ် ကျွန်တော်ကပြောမှ ကာနယ်ကမှတ်မိသလို ခေါင်းညိတ်ပြခဲ့သည်။ Col.Grewal မမှတ်မိခြင်းသည်ပင် ကျွန်တော့အတွက် ကံကောင်းခဲ့သည်လားမသိ၊ စစ်ဦးစီး ချုပ်တို့နှင့် နှုတ်ပိတ်သတ်ဖြတ်ခြင်းထဲ ကျွန်တော်မပါသွားခဲ့၊ စစ်ဦးစီးချုပ်၏ပြောကြားချက်အရ ကျွန်တော်ကိုင်ဆောင်ထားသော (၃၈)ဆုံလည်သေနပ်ကို ကျည်များနှင့်တကွ ကာနယ်အား ယင်းလှေထက်တွင်ပင် ပေးအပ်ခဲ့သည်။ ဗိုလ်ရာဇာအပြောအရ ကာနယ်အားလက်ဆောင် ပေးခြင်း ဖြစ်သည်ဟုဆိုသည်။ ကျွန်တော်တို့အားလုံးသည် ယခု အိန္ဒိယပိုင်နက်ထဲရောက်ရှိ နေ၍ အမိန့် တစ်စုံတစ်ရာမရဘဲ ယူနီဖေါင်းမှအပ မည်သူတဦးတယောက်မျှ လက်နက် ကိုင်ဆောင်ခွင့်မရှိဟု ရာဇာမှအမိန့်ထုတ်ထားခဲ့သည်။ စစ်ဦးစီးချုပ်ဗိုလ်ရာဇာတို့ကို တင် ဆောင်လာသော ပထမ အမြန်ယာဉ်“ဒေါန”သည် ကျွန်း၏မြောက်ဖက်မှဝင်ရောက်လာချိန် တွင် ကျွန်းပေါ်မှ အလံဖြူဝှေးယမ်းပြပြီး ဃသူ.ွမနတေူ ဗိုလ်မှူးစောထွန်းနှင့် အခြားအိန္ဒိယ စစ်တပ် ပန်ချာပီအရာရှိတစ်ဦး ထွက်လာကြကာ သဲသောင်များရှိရာ ကျွန်းအလည်လောက် တွင် ကျောက်ချရပ်နားရန် ပြောကြားခဲ့သည်။ Col.Grewal နှင့်အတူ အခြားအိန္ဒိယစစ်တပ် အရာရှိများနှင့် ရဲဘော်များသည် စစ်ဦးစီးချုပ်ဗိုလ်ရာဇာအပါအ၀င် ကျွန်တော်တို့ရဲဘော်များကို လှိုက်လှိုက်လှဲလှဲနှင့် ဖက်လဲတကင်း လက်ဆွဲဝကိဆိုခဲ့ကြသည်။ ရင်းရင်းနှီးနှီး နွေးနွေးထွေး ထွေးဆက်ဆံခဲကြသည်။ ကျွန်းသို့ရောက်၍ များမကြာမီ ဗိုလ်ရာဇာ၏အမိန့်အရ ငါးဖမ်းလှေ ပေါ်မှ လက်နက်ခဲယမ်းမီးကျောက်များကို နောက်တစ်နေ့ အိန္ဒိယဗဟိုမှ လူကြီးများ ရောက် လာချိန်ကြည့်ရှု့နိုင်ရန် ထိုနေ့ညနေတွင် ကမ်းခြေနား ညောင်ပင်ကြီးအောက် သဲပြင်ပေါ်တွင် စနစ်တကျ ခင်းကျင်းပြသရန် ရွှေ့ပြောင်းခဲ့ကြသည်။ လက်နက်ခဲယမ်းမီးကျောက်များကို လှေပေါ်မှ ကမ်းသို့ရွှေ့ပြောင်းချိန် အိန္ဒိယရဲဘော်များတချို့ ၀င်ရောက်ကူညီသယ်ပို့ပေးခဲ့ပြီး၊ ကျွန်တော်တို့မှလည်း အိန္ဒိယ ရဲဘော်များတွင်ပါလာသော Pepsi ကျောက်ကျောစသည့် အအေးဗူးများနှင့် ရေသန့်ဘူးများ ဝေပေးသောက်ခဲ့သည်။ ၀လက်လှေနှင့် စပိဘုတ်များပေါ် တွင် ငါးဖမ်းလှေသမားများနှင့် အစောင့်ရဲဘော်တချို့မှအပ ကျန်ရဲဘော်များ ကျွန်းပေါ်တွင် ညအိပ်ခဲ့ကြသည်။ ၎င်းင်းညနေတွင် စစ်ဦးစီးချုပ်ဗိုလ်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဖဒိုမှူးလွယ်၊
ဗိုလ်မြင့်ဆွေ၊ ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်လင်းဇံခိုင်၊ ဗိုလ်ရန်နိုင်တို့နှင့်အတူ Col.Grewal အိန္ဒိယအရာ ဗိုလ်ကြီးအဆင့်ရှိပန်ချာပီ ရှိတ်လူမျိုးတစ်ဦးတို့ ၀ိုင်းဖွဲ့ဆွေးနွေးကာ ဃသူ.ွမနတေူ မှ တည်ခင်းဧည့်ခံသော အိန္ဒိယအာမီရမ် တစ်လုံးဖြင့် ပျော်ပျော်ပါးပါးစားသောက်ခဲ့ကြသည်။ စစ်ဦးစီးချုပ်ဗိုလ်ရာဇာအနေဖြင့် တော်လှန်ရေးထဲရောက်ကတည်းက“အရက်မသောက်ဟု ဆုံး ဖြတ်ထားသော်လည်း ကာနယ်မှ အတင်းတိုက်တွန်းသဖြင့် အရက်တခွက်သောက်ခဲ့ရသည်။ စားသောက်ပြီးစီး၍ ည(၁၀)နာရီလောက်တွင် ၎င်းညောင်ပင်အောက်တွင်Canvas အခင်းဖြင့် လူကြီးများတန်းစီအိပ်ကြပြီး၊ အခြားရဲဘော်များအသီးသီး ကိုယ့်နေရာနှင့်ကိုယ် အေးဆေးစွာ အိပ်စက်ခဲ့ကြသည်။ ညအိပ်ချိန် ကျွန်တော်တို့ဖက်မှ လက်နက်မပါဘဲ အလှည့်ကျ လုံခြုံရေး ကင်း ထားရှိသလို အိန္ဒိယစစ်တပ်မှလည်း လုံခြုံရေးကင်းချထားခဲ့သည်။ ဗိုလ်ရာဇာက ”ဘာမှ မစိုးရိမ်နဲ့“ ငါတို့အတွက် အိန္ဒိယတပ်စိတ်တစိတ် လုံခြုံရေးတာဝန်ယူထားသည်“ဟုဆိုသည်။ ၎င်းည (၁)နာရီလောက်တွင် ခြုံတောထဲမှ အိန္ဒိယရဲဘော်တစ်ဦး တိတ်တတဆိတ် အနားသို့ ချဉ်းကပ်လာ၍ ကျွန်တော်တို့ ကင်းစောင့်ရဲဘော်တစ်ဦးက ဓါတ်မီးဖြင့်ထိုးကြည့်ရာ ခြုံတောထဲ ပြေးဝင်ပျောက်ကွယ်သွားသည်ဟု သိရသည်။ နောက်တနေ့ (၁၁၊၂၊၉၈)နေ့ နံနက် စောစော လုံခြုံရေးတာဝန်ခံ Major သိန်းအောင်ကျော်မှ ရဲဘော်များနှင့် ထမင်းချက်ပြုတ်ရန်ပြင်ဆင်နေ စဉ် Col.Grewal အနားသို့ ရောက်ရှိလာပြီး ထမင်းချက်ရန်မလို နံနက်စာကို Major မှ ယူ လာပေးမယ်။ အကုန်လုံး စီစဉ်ထားပြီးပြီဟုပြောသဖြင့် ထမင်းမချက်ဖြစ်ခဲ့တော့ပေ။ နံနက် (၇)နာရီခန့်တွင် လှေပေါ်တွင်ရှိနေသော ကျန်ရဲဘော်များကိုပါ ဝကိဆိုရန် စနစ်တကျ တန်းစီ ကာ အသင့်စောင့်နေခဲ့ကြသည်။ ၎င်းနောက် နံနက်(၈)နာရီလောက်တွင် ကျွန်း၏ မြောက် ဘက်မှ အိန္ဒိယစစ်သင်္ဘောကြီးတစ်စီး ကျွန်းနားသို့ ချဉ်းကပ်လာသည်ကို မြင်တွေ့ရသည်။ Col.Grewal က များမကြာမီ ဗဟိုမှ လူကြီးများ ရဟတ်ယာဉ်ဖြင့် ကျွန်းပေါ်သို့လာပြီး ကျွန် တော်တို့နှင့်မိတ်ဆက်ကာ နံနက်စာ အတူတူစားကြမည်ဟု ဗမာစကားဖြင့် ပြောခဲ့ သည်။ ကျွန်တော်တို့၏ အိန္ဒိယတာဝန်ခံ ဗိုလ်မှူးစောထွန်းသည် အိန္ဒိယတပ်ဖွဲ့များနှင့်အတူ လေထိုး အမြန်ယာဉ်ငယ်ဖြင့် စစ်သင်္ဘောကြီးသို့သွားခဲ့သည်။ စစ်သင်္ဘောကြီးဆီမှ နောက်ထပ် လေထိုး အမြန်ယာဉ်ငယ်အများအပြား ရေထဲချကာ ၎င်းင်းလှေငယ်များပေါ်တွင် အိန္ဒိယစစ်သား အများအပြား လက်နက်ကိုစီဖြင့် လိုက်ပါလာသည်ကိုမြင်တွေ့ရသည်။ သူတို့အပြောအရ လူ ကြီးများ ဆင်းလာမည်ဖြစ်၍ ရှေ့ပြေးလုံဉခံရေး နေရာယူထားခြင်းဖြစ်ကြောင်းနှင့် Col.Grewal က ကျွန်တော်တို့ဘေးက တောတန်းငယ်ထဲတွင် အိန္ဒိယရဲဘော်များ နေရာယူထား ကြသဖြင့် ကျွန်တော်တို့သည် အခုမှ ရောက်ခါစဖြစ်၍ သူတို့တပ်များနှင့် ပြဿနာ တစ်စုံ တစ်ခုမှ မဖြစ်အောင် တောတန်းများဖက်သို့ မသွားရန်လည်း ဝကိတင်ကတိပေးထားခဲ့သည်။ ဤအ ချိန်အထိ ကျွန်တော်တို့သည် အိန္ဒိယအရာရှိများအပေါ် တစ်စုံတစ်ရာသံသယမရှိခဲ့ပေ။ သို့ သော် လုပ်ငန်းသဘောအရ ခရီးမစတင်မီဆွေးနွေးပွဲများတွင် တပ်သားအင်အား၊လက်နက် အင်အားအရေအတွက်၊ အမျိုးအစား၊ အမြန်ယာဉ်သွားနှုန်း၊ စက်အမျိုးအစားတို့အားလုံး အ သေးစိတ်ကို အိန္ဒိယအာဏာပိုင်များကို အသိပေးရမည်မှာ စစ်ရေးအရမသင့်တော်ကြောင်း၊ မလိုအပ်က မပေးသင့်ကြောင်း ကျွန်တော်တို့တင်ပြခဲ့သည်။ ၎င်းနေ့ နံနက်(၈း၃၀)တွင် စစ်ဦး စီးချုပ်ဗိုလ်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဗိုလ်ရန်နိုင်၊ ဖဒိုမှူးလွယ်တို့ကို ဃသူ.ွမနတေူ က အိန္ဒိယ ဗဟိုလူကြီးများကိုဝကိဆိုရန် ဟယ်လီကော်ပတာဆင်းမည့်နေရာ ကျွန်တော်တို့နှင့် တော်တော် အလှမ်းဝေးသော တောတန်းနောက်ဖက်သို့ သွားရန်စီစဉ်နေစဉ် လုံခြုံရေးအဖြစ် Major သိန်းအောင်ကျော်မှ လိုက်ပါရမည်ဖြစ်သော်လည်း Col.Grewal က “သူ့ကို မခေါ်နဲ့၊ ဆက်သွယ် ရေးတာဝန်ခံ လင်းဇံခိုင်ကိုခေါ်သွား၊ သူက ထိုင်းစကားလည်းပြောတတ်တယ်ဟု ဆိုသဖြင့်
မှတ်တမ်းတင်ရန် ကင်မရာ ဗီဒီယိုစက်များကို သိန်းအောင်ကျော်မှတဆင့် လင်း ဇံခိုင်သို့ပေး
အပ်ပြီး ကျန်ခေါင်းဆောင်လေးဦးနှင့်အတူ ကာနယ်က ဦးဆောင်၍ လက်နက်အသင့် ကိုယစီကိုင်ထားသော အိန္ဒိယစစ်သား(၅-၆)ဦးခန့်နှင့် အတူတကွ ထွက်ခွာသွားခဲ့သည်ကို နောက်
ဆုံးတွေ့လိုက်ရပါသည်။ ၎င်းနောက် များမကြာမီ ကျွန်တော်တို့ရှေ့သို့ ပန် ချာပီအရာရရောက်ရှိလာပြီး ၊ အင်္ဂလိပ်လို Major သိန်းအောင်ကျော်မှတဆင့် ဘာသာပြန်၍ ခင်ဗျားတို့
ဘာမှမစိုးရိမ်ကြနဲ့၊ ကျွန်တော်တို့ဟာ ညီအစ်ကိုတွေဘဲ၊ ကျွန်တော်တို့ အားလုံးကူညီ
သွားမယ်ဆိုပြီး လက်မြှောက်ခိုင်းပါသည်။ Major သိန်းအောင်ကျော်က ကျွန်တော်တို့ ဘာမှ
နားမလည်ပါဘူး၊ ဘာကြောင့် လက်မြှောက်ရမလဲ၊ ကျွန်တော်တို့လူကြီးတွေနှင့် အဆက်အ
သွယ်လုပ်ပါရစေဟု ပြောသည်တွင် ၎င်းပန်ချာပီဗိုလ်ကြီးက ခင်ဗျားတို့လူကြီးတွေနဲ့ ကျွန်
တော်တို့ ဘာတွေဆွေးနွေးထားတယ်ဆိုတာ ခင်ဗျားတို့ဘာမှမသိဘူး၊ လက်သာမြှောက်ပါ၊
ဘာမှမစိုးရိမ်နဲ့“ ဆိုပြီး လက်မြှောက်ခိုင်းသည်။ လက်မြှောက်ထားစဉ် အိန္ဒိယစစ်သားများ
ဓါတ်ပုံဗီဒီယိုများရိုက်ယူသွားခဲ့ကြသည်။ ယင်းအချိန် ကျွန်တော်တို့ပတ်ပတ်လည် အိန္ဒိယစစ်
သားများ လက်နက်ကိုယ်စီဖြင့် ၀ိုင်းရံထားပြီး ကျွန်တော်တို့လက်ထဲတွင် ခုခံရန် ဓါးတောင်မှ
မရှိခဲ့သဖြင့် အိန္ဒိယစစ်အရာရှိ၏ အမိန့်ကိုနာခံခဲ့ရသည်။ ကျွန်တော်တို့ကို ကျွန်တော်တို့၏
လည်ပင်းတွင်စည်းထားသော လည်စည်းပုဝါအနီဖြင့် မျက်စိကိုပိတ်ချဉ်၍ လက်နောက်ပြန်ကြိုး
တုပ်ကာ ၀တ်ထားသောယူနီဖေါင်းများကိုချွတ်၍ ကိုယ်တုံးလုံးဖြင့် အတွင်းခံတစ်ခုတည်း ချန်
ထားခဲ့ပါသည်။ ၎င်းနောက် သဲသောင်ပြင်သို့ တွန်းလှဲခြင်းခံရပါသည်။ ဤသို့ လက်နောက်
ပြန်ကြိုးချဉ်ပြီး မျက်စိကိုပုဝါဖြင့်စည်းနေချိန် ကျွန်တော်တို့ခေါင်းဆောင်များ ထွက်သွားရာ
တောတန်းနောက်ဖက်မှ သေနပ်သံ အချက်(၃၀)ထက်မနည်း အသံကိုကြားရပါသည်။ ဤအ
ချိန်တွင်မှ ကျွန်တော်တို့သည် ကျွန်တော်တို့၏ခေါင်းဆောင်များကို ဆုံးရှုံးလိုက်ပြီဟု သဘော
ပေါက်ပြီး အိန္ဒိယအစိုးရ၏ထောင်ချောက်ထဲ သက်ဆင်းမိပြီဟု ယူကျုံးမရဖြစ်မိသည်မှာ
အချိန်နှောင်းသွားပြီဖြစ်သည်။ ကျွန်တော်တို့ကို နေပူကြဲကြဲသဲသောင်ပြင်တွင် မှောက်ခုံအနေ
အထားဖြင့် ၀မ်းလျားမှောက်ထားပြီး ကျွန်တော်တို့ ရဲဘော်များတွင် ၀တ်ဆင်ထားသော နာရီ၊
လက်စွပ်နှင့် အခြားပိုင်ဆိုင်မှုများအား လူဆိုးဓါးပြများသဖွယ် သူထက်ငါ အလုအယက် ချွတ်
ယူခဲ့ကြသည်။ ယင်းအချိန် ကျွန်တော်တို့ ဘေးနားတ၀ိုက် သစ်ပင်ဝါးပင်များခုတ်သံ အမြန်
ယာဉ်ငယ်များ၊ ငါးဖမ်းလှေများကိုဖေါက်ထွင်းခုတ်သံ၊ အရာဝတ္ထုပစ္စည်းများ ဒရွတ်တိုက် ဆွဲ
သံများဖြင့်ဆူညံနေပါသည်။ ကျွန်တော်တို့ကိုဖမ်းပြီး (၁၀)မိနစ်ခန့်အကြာ ကျွန်တော်တို့အထင်
တစ်ယောက်ယောက်ကို အနီးကပ်ပစ်ခတ်လိုက်ခြင်းဖြစ်နိုင်ပြီး နောက်များမကြာမှီ ကျွန်တော်
တို့ နားမလည်သော အိန္ဒိယဘာသာဖြင့် စစ်ပွဲတစ်ပွဲအောင်မြင်၍ ကြွေးကြော်သံနှင့်တူသော
သံပြိုင်ဟစ်အော်သံကိုကြားရပါသည်။ ပြီးနောက် ဟယ်လီကော်ပတာ (၂)ကြိမ်(၃)ကြိမ် အနီး
ကပ် ပျံဝဲသံကိုကြားရပါသည်။ ထမင်းမပေး၊ ရေမပေး တမနက်လုံးသဲသောင်ပြင်တွင် ၀မ်းလျား
မှောက်ထားပြီး နေ့လည်(၁)နာရီလောက်ရှိမည်ဟု ခန့်မှန်းရပါသည်။ ကျွန်တော်တို့ကို အမြန်
ယာဉ်ငယ်ပေါ် အသုတ်လိုက်တင်၍ အိန္ဒိယစစ် သင်္ဘောပေါ်ကို လွှဲပြောင်းတင်လိုက်ပါသည်။
သင်္ဘောတွင် ခြေချမိသည်တွင် သင်္ဘောကုန်းပတ် သံပြားအလွန်ပူပြင်းသည်ကို မရှိမဆန့်
ခံစားရပါတော့သည်။ များမကြာမီ သင်္ဘော စတင်ခုတ်မောင်းပါတော့သည်။ မျက်နှာကို ပုဝါ
ဖြင့်စည်းထား၍ ပတ်ဝန်းကျင်းတွင် မည်သူမည်ဝါမှန်းမသိ စကားပြောခွင့်လည်းမရ၊ စကား
ပြောလျှင်ရိုက်ပုတ်ခံရပါသည်။ သို့သော်ရဲဘော်များ လှေများရောနှောထားသည်ကို သူတို့၏
ညည်းသံ အော်သံမှတဆင့် ကြားသိရပါသည်။ သင်္ဘောခေါင်းမိုးပေါ်တွင် တနေ့လုံး လက်
နောက်ပြန်ကြိုးတုတ် ထိုင်ခိုင်းထားသောကြောင့် သင်္ဘောအေက်ခံ သံပြားအပူချိန်၊ အပေါ်မှ
နေပူချိန်၊ တစ်နေ့လုံးလက်နောက်ပြန်ကြိုးတုတ်ထား၍ လက်မောင်းဆစ်များမခံမရစ်နိုင်အောင်
နာကျင်ကိုက်ခဲသည့်ဝေဒနာမျိုးစုံကို ခံစားရပါသည်။ ညနေအချိန် ပလာတာ(၃-၄)ချပ်နှင့် ရေ
လာတိုက်ချိန်တွင်မှ လက်ကြိုးဖြေမပေးပါ။ ကျင်ငယ်သွားချင်လျှင်တောင် အိန္ဒိယစစ်သား
များက ကိုင်ပေးပြီး ကျင်ငယ်လွှတ်ရပါသည်။ အိပ်ချိန်တွင်လည်း လက်နောက်ပြန်ဝကိးကို
ပက်လက်လှန် လက်မြှောက်အနေအထားဖြင့် လက်အောက်တွင် ၀ါးလုံးခံကာ လက်နှင့်ဝါး
လုံးကိုပူးချဉ်သလို ခြေအောက်တွင်လည်း ၀ါးလုံးခံကာ ခြေနှင့်ဝါးလုံးပူးချဉ်၊ ခါးမှာကြိုးချဉ်၍
အခြားတစ်စကို နောက်တစ်ယောက်ခါးတွင်ချဉ်ကာ လူတန်းသီးထိုးသလိုချဉ်ထားခြင်း ခံခဲ့ရပါ
သည်။ စကားပြောလျှင် ရိုက်ပုတ်ကန်ကျောက်ခြင်းခံရပါသည်။ တစ်ညလုံးစောင်မရှိ အတွင်း
ခံဘောင်ဘီငယ်တစ်ထည်ဖြင့် ပင်လယ်လေအေး တိုက်ခိုက်မှုအောက်တွင် အာသံခိုက်အောင်
ချမ်းအေးမှုဒဏ်ကိုခံစားရပါသည်။ အိန္ဒိယရဲဘော် တချို့က ခင်ဗျားတို့ ဘယ်အဖွဲ့ကို လက်
နက်ရောင်းဖို့လာသလဲ ဟု မေးမြန်းစုံစမ်းကြ၍ ကျွန်တော်တို့က ကျွန်တော်တို့သည် လက်
နက်မှောင်ခို အရောင်းအ၀ယ်သမားများမဟုတ်၊ ဗမာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်
နေကြသော NUPA နှင့် KNU မှတော်လှန်ရေးသမားများဖြစ်ကြောင်း ပြောပြမှ အရိုက်
အပုတ်အနည်းငယ် သက်သာခွင့်ရပြီး စားစရာအချို့နှင့် ရေများလာပေးခဲ့ကြပါသည်။
သင်္ဘောတညလုံးခုတ်မောင်းပြီး နောက်တစ်နေ့နံနက်စာကို သင်္ဘောပေါ်တွင်စားခဲ့ရပါသည်။
နေ့လည်(၂)နာရီလောက်မှာ မြို့ကြီးတစ်မြို့ဆိပ်ကမ်းသို့ ဆိုက်ရောက်သွားပြီး (နောက်မှ သိ
သည်မှာ Port Bliar မြို့ဖြစ်ပါသည်) ကားဖြင့်တပြန် (၄၅)မိနစ်လောက်ခန့် မောင်းနှင်ပြီး
ခြံဝင်းကြီးတစ်ခုထဲ သုံးထပ်အဆောက်အဦးများကြားသို့ မောင်းဝင်လာခဲ့သည်။ သုံးထပ်အ
ဆောက်အဦးတစ်ခု၏ အပေါ်ထပ်အခန်းကျယ်များထဲတွင် ပိတ်လှောင်ခြင်းခံရပါသည်။ ညနေ
(၄)နာရီလောက်တွင် မျက်နှာပ၀ါများကိုဖြေပေးပြီး လက်နောက်ပြန်ဝကိးးများကို ဖြေပေးပါ
သည်။ လက်များ လက်ကြောသေ၍ ဘာမှကိုင်မရဘဲ တစစ်စစ်နာကျင်ကိုက်ခဲနေပါတော့
သည်။ ကြိုးများဖြေပေးပြီး များမကြာမီ Col. Grewal ရောက်လာပြီး ကျွန်တော်တို့ထဲမှ (၁၀)
ဦးကို New Delhi MI ဌာနချုပ်ကမေးမြန်းလို၍ ခေါင်းဆောင်(၁၀)ဦးကို ရွေး၍ စာရင်းပေး
ပါဟုပြောသည်။ ပျောက်ဆုံးနေသော ကျွန်တော်တို့လူကြီးများကို လိုက်လံရှာဖွေရာ စစ်ဦး
စီးချုပ်ဗိုလ်ရာဇာအပါအ၀င် ၆ ဦးပျောက်ဆုံးနေသည်ကို တွေ့ရပါသည်။ ၎င်းင်းတို့မှာ ဗိုလ်မှူး
စောထွန်း၊ ဗိုလ်ရန်နိုင်၊ ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်လင်းဇံခိုင်၊ KNU မှ ဖဒိုမှူးစောလယ်၊
ဗိုလ်မြင့်ဆွေတို့ ဖြစ်ကြောင်း သူကပြောသည်။ ကျွန်တော်တို့ကမေးတော့ မင်းတို့ခေါင်း
ဆောင်(၆)ဦးဟာ လက်နက်မှောင်ခိုအရောင်းအ၀ယ်၊ မူးယစ်ဆေးဝါးအရောင်းအ၀ယ်လုပ်ခဲ့ကြ
သဖြင့် အပြစ်ပေးလိုက်ပြီ၊ မင်းတို့နဲ့ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်တော့ဘူး။ ဒါတောင်မှ
မင်း တို့ရဲ့ အရှေ့ဖက်တာဝန်ခံ ဗိုလ်ကျော်ခိုင်တစ်ယောက် ကျန်နေသေးတယ်ဟုပြောပါသည်။
မင်း တို့ကတော့ ဗိုလ်ရာဇာရဲ့ လက်အောက်ငယ်သားတွေဖြစ်ပြီး သူတို့လုပ်တာ ဘာမှမသိလို့
အပြစ်မရှိဘူး မစိုးရိမ်နဲ့ မင်းတို့ကို ၀လက်လှေတစ်စီး၊ စပိဘုတ်ငယ်တစ်စီးနဲ့ မင်းတို့
ကိုင်ဆောင်တဲ့လက်နက်အချို့ပေးပြီး အိန္ဒိယနယ်စပ် နိုင်ငံတကာရေကြောင်းထဲ ငါကိုယ်တိုင်
ပြန်ပို့ပေးမယ်။ ငါ့ကိုမင်းတို့ ဖအေလိုသဘောထားကြ စသဖြင့်ပြောခဲ့ပါသည်။ စာရေးသူ
အပါအ၀င် NUPA မှတာဝန်ခံ ဗိုလ်မှူးစိုးနိုင်၊ စစ်ရေးတာဝန်ခံ ဗိုလ်သိန်းကျော်အောင်၊
လုံဉခံရေးတာဝန်ခံ ဗိုလ်မှူးသိန်းအောင်ကျော်နှင့် အခြားရဲဘော်နှစ်ဦး၊ KNU မှ တာဝန်ရှိသူ
တပ်မှူးလေးဦး စုစုပေါင်း(၁၀)ကို New Delhi သို့ သွားရန်ရွေးချယ်ပြီး သီးသန်းအခန်း
တစ်ခုတွင် ခွဲထားလိုက်သည်။ ကျွန်တော်တို့ကို ယူနီဖေါင်း တစ်ယောက်တစ်ထည်စီ ၀တ်စေ
ပါသည်။ ၎င်းင်းမတိုင်မီ လက်နောက်ပြန်ကြီး (၂)ရက်နှင့် (၁)ည ချည်နှောင်ထားခြင်းခံရသဖြင့်
ဘောင်းဘီကျပ်တစ်ထည်တည်းဖြင့် ကျွန်တော်တို့လူများ နေသာသော တချို့တုံးလုံးလဲ၊ ပက်
လက်လှန်၊ တချို့မှောက်ခုံ၊ တချို့ဖင်ထောင် ပုံစံအမျိုးမျိုးဖြင့် ညည်းညူးနေကြချိန် အပြင်မှ
ခလေး၊ လူကြီး၊ ယောင်္ကျား၊ မိန်းမများလာရောက်ကြည့်ရှု့ခဲ့ကြသည်။ အိန္ဒိယဘာသာဖြင့်
ပြောကြ၍ ဘာပြောမှန်းနားမလည်သော်လည်း ကျွန်တော်တို့ကို တရားခံများ ဆိုးသွမ်းသူများ
အရိုင်းအစိုင်းတိရစ္ဆာန်ပုံစံဖြင့် သဘောထားကာ မြင်ဖူးသည်ရှိအောင် လာရောက်ကြည့်ကြဟန်
တူသည်။ ၎င်းင်းညနေပိုင်းတွင် တာဝန်မှူးဗိုလ်မှူးစိုးနိုင်ကို Col.Grewal က ကျွန်တော်တို့ ခေါင်း
ဆောင်များသည် အပြစ်ရှိသူများဖြစ်၍ အိန္ဒိယအာဏာပိုင်များက အပြစ်ပေးလိုက်သည်။ ကျွန်
တော်တို့က အပြစ်မရှိဘူးဟုပြောခိုင်းပြီး အသံဖမ်းစက်ငယ်ဖြင့် အသံသွင်းယူထားလိုက်သည်။
နောက် Col.Grewal က ဗိုလ်ရာဇာမှာ နောက်ထပ် ဒေါ်လာထည့်ထားတဲ့အိတ် ဘယ်မှာ
ဝှက်ထားသလဲဟုမေးခဲ့သည်။ နောက်တစ်နေ့ ၁၃၊၂၊၉၈၊ နေ့နံနက်(၁၀)နာရီတွင် ကျွန်တော်
တို့(၁၀)ဦးကို ပို့ဘာလေးယားလေယာဉ်ကွင်းသို့ ကားဖြင့်ယူဆောင်လာခဲ့သည်။ လေဆိပ်တွင်
Col.Grewal နှင့် ကျွန်တော်တို့ကို မဖမ်းမှီ ကျွန်တော်တို့ရှေ့ လာရောက်စကားပြောကာ
လက်မြှောက်ရန်အမိန့်ပေးသော ဗိုလ်ကြီးပန်ချာပီနှင့် လှိုက်လှိုက်လှဲလှဲ ဖက်လဲတကင်း နှုတ်
ဆက်နေကြသည်ကို စိတ်မချမ်းမြဲ့ဘွယ်တွေ့လိုက်ရပါသည်။ ကျွန်တော်တို့ကို အထူးစစ်လေ
ယာဉ်ဖြင့် ပို့ဆောင်ခြင်းဖြစ်သော်လည်း လေယာဉ်ပေါ်တွင် ကျွန်တော်တို့အပါအ၀င် တခြား
စစ်ဝတ်စုံဖြင့် အချို့စစ်ယူနီဖေါင်းမပါဘဲတစ်ချို့ လူ(၂၀)လောက် ရှိပါသည်။ ၎င်းင်းလေယာဉ်ပေါ်
Col.Grewal ၏ လက်ထဲတွင် စစ်ဦးစီးချုပ်ဗိုလ်ရာဇာ ကိုင်ဆောင်ထားခဲ့သော အတ်ရကေ့(ခ်ျ)ပုံစံ အပြာရောင်အိပ်ပြားကို ကိုင်ဆောင်ထားပြီး ကိုယ်ပေါ်တွင်လည်း ဗိုလ်မှူးသိန်း
ကျော်အောင် ပင်လယ်ပြင်တာဝန်ခံ ဗိုလ်မှူးစိုးနိုင်မှ Bangkok မှဝယ်လာပြီး လက်ဆောင်ပေး
ထားသော စစ်ရောင် US ဖီးဂျပ်ကပ်ကို ဟန်ပါပါဖြင့် ၀တ်ဆင်ထားပြီး စစ်ဦးစီးချုပ် ဗိုလ်ရာ
ဇာလည်ပင်းတွင် အမြဲတမ်းဆွဲထားသော ဘုရားရုပ်ထု-ရှင်သီဝလီရုပ်ထုနှင့် အခြားရုတ်ငယ်များပါရှိသော စတီးပုတီးကို လည်တွင်ဆွဲထားသည်ကိုတွေ့ရပါသည်။ လေယာဉ် (၃)နာရီလောက်ပျံသန်းပြီး ပင်လယ်ရေပြင်အဆုံး ကုန်းတွင်းပိုင်း အ၀င်မြို့တစ်မြို့သို့ ခေတ္တဆင်းသက်
ဆီဖြည့်ကာ တဖန်ပြန်လည်ပျံသန်း၍ နယူးဒေလီသို့ ညနေ(၈)နာရီလောက်တွင် ရောက်ရှိခဲ့ပါ
သည်။ လေဆိပ်တွင်အသင့် ကြိုစောင့်ဆိုင်နေကြသော စစ်ကားကြီးဖြင့် အစောင့်အရှောက်
ကားများကာရံကာ (၄၅)မိနစ်လောက်ခန့် မောင်းနှင်ပြီး မြို့အပြင် အဆောက်အုံတစ်ခုသို့
ဝင်ရောက်လာခဲ့ပါသည်။ Military Intelligence (MI) ဗဟိုဌာနချုပ်ဖြစ်သည်။ ၎င်းည ဓါတ်ပုံ
ရိုက် ကိုယ်ရေးအကျဉ်းကိုမေးမြန်းစစ်ဆေးပြီး နှစ်ယောက်သုံးယောက် တစ်ခန်း အချုပ်ခန်း
ငယ်များထဲ ထည့်သွင်းထားခဲ့ပါသည်။ နောက်တစ်နေ့ တစ်ဦးစီကို အသေးစိတ်စစ်ဆေးပါ
သည်။ ချော့၍ခြောက်၍ အမျိုးမျိုးမေးမြန်းပါသည်။ ကျွန်တော်တို့ကလည်း ဖြစ်ကြောင်းစုံကို
အမှန်တိုင်း ဖြေကြားခဲ့ပါသည်။ မည်သူမည်ဝါ မသိသူသုံးလေးဦးက စစ်ဆေးပါသည်။
၎င်းင်းတို့မှ နှစ်ဦးသည် ဗမာစကားပီပီသသ ပြောတတ်ပါသည်။ အဓိကတာဝန်ခံ စစ်ဆေးသူမှာ
ပန်ချာပီ (ရှိတ်)လူမျိုးဖြစ်ပြီး Colonel အဆင့်ရှိသည်။ (MI) ဌာနချုပ်မှ ဖြစ်ပါသည်ဟု ပြော
ပါသည်။ ၎င်းင်းသည် အစပိုင်းတွင် အနည်းငယ်ခက်ထန်ပြီး မောက်မာသလို ရှိသော်လည်း
နောက်ပိုင်းတွင် ကျွန်တော်တို့အကြောင်း အသေအချာသိသောအခါ ပြေပြေလည်လည်နှင့်
ကောင်းကောင်းမွန်မွန် ဆက်ဆံလာပါတော့သည်။ ကျွန်တော်တို့ အလိမ်ခံရသည်ဟုလည်း
စိတ်မကောင်းစွာဖြင့် ပြောကြားပါသည်။ သူတို့ကိုယ်တိုင်လည်း အလိမ်ခံရသည်ဟုဆိုပါသည်။
သူတို့ရထားသောသတင်းနှင့် လက်ရှိကျွန်တော်တို့ထံမှ စစ်ဆေးမေးမြန်းထားရှိချက်များ
တခြားစီဖြစ်နေသည် ဟုဆိုပါသည်။ တချိန်တွင် ကျွန်တော်တို့ထဲမှ တာဝန်ခံဗိုလ်မှူး စိုးနိုင်ကို
စစ်ဆေးနေချိန်တွင် Col. Grewal အခန်းဝင်လာပြီး မိုက်ကရို ဖုန်းလိုလို အသံဖမ်းစက်
ငယ်တစ်ခုကို ခုံအောက်တွင်မသိမသာ ကပ်ထားခဲ့သည်ကို တာဝန်ခံ ပန်ချာပီ အရာရှိတွေ
က တွေ့ရှိပြီး Col. Grewal နှင့် ဒေါသတကြီး စကားများကြသည်ကို တွေ့ရပါသည်။ နယူး
ဒေလီသို့ရောက်ပြီး နောက်တစ်နေ့ Col. Grewal ကျွန်တော်တို့နှင့် လာတွေ့ပါသည်။ သူက
ခင်ဗျားတို့ ၀လက်လှေနှစ်စင်းနှင့် ခင်ဗျာတို့ကိုင်ဆောင်ထားတဲ့ လက်နက် အချို့ပြန်ပေးပြီး
ကမ္ဘာ့ရေကြောင်းထဲမှာ ပြန်လွှတ်ပေးမယ်၊ စပိဘုတ်နှစ်စီးကတော့ ခင်ဗျားတို့ လူကြီးတွေပိုင်
တာဖြစ်လို့ မပေးတော့ဘူး။ ဒါပေမယ့် ခင်ဗျားတို့လူကြီးတွေ အပြင်က တာဝန်ကျ လူကြီး
တွေလာရင် အမှန်အတိုင်းမဖြေကြနဲ့ ဖြီးဖြန်းပြီးဖြေကြ၊ အမှန်အတိုင်း ဖြေလို့ရှိရင် ကျွန်တော်
တို့ ခင်ဗျားတို့ကို ပြန်လွှတ်ဖို့အခက်အခဲဖြစ်သွားနိုင်တယ်ဟု လာရောက်ပြော ကြားခဲ့ပါ
သည်။ ကျွန်တော်တို့နယူးဒေလီမှာ (၁၃ မှ ၁၈)အထိ နေထိုင်ခဲ့စဉ်အတွင်း Col. Grewal
နောက်ထပ်(၂)ခါလောက် လာတွေ့သေးပါသည်။ ပထမခေါက် လာချိန်တွင် ကုပ်အင်္ကျီ နပ်က
တိုင်နှင့် စတိုင်ကျကျဝတ်ဆင်ထားပြီး စစ်ဦးစီးချုပ် ဗိုလ်ရာဇာအိပ်ကို ကိုင်ဆောင် ထားဆဲဖြစ်
ပါသည်။ နောက်ဆုံးတစ်ခေါက်လာတွေ့ချိန် Col. Grewal က ခင်ဗျားတို့ ကျွန်တော်သင်
ထားသလို မပြောကြဘူးဟု အပြစ်တင်သည့်လေသံဖြင့် ပြောပါသေးသည်။ နောက်ပိုင်းတွင်
(MI) ရုံးမှ အရာရှိများအားလုံး အစောင့်ရဲဘော်များမှအစ လာကြပါသည်။ ကျန်းမာ
ရေးစစ်ဆေးပြီး (၁၈)ရက်နေ့ နံနက်တွင် အထူးစစ်လေယာဉ်ဖြင့် တဖန်ပြန်၍ အန္ဒမန်-နီကို
ဘာကျွန်းသို့ ခေါ်ဆောင်ရန်ဖြစ်ပါမည်။ နေ့လည်ချိန်လောက်တွင် လမ်းရှိကျွန်းတစ်ကျွန်း
ပေါ်သို့ လှေခုတ်မောင်းပြီး အဆိုပါဉမိ့ကို အနီရောင်ရဟတ်ယာဉ်တစ်စီးပေါ်သို့ ပေးပို့တင်
အပ်ပါသည်။ ရဟတ်ယာဉ်ဖြင့် ၂ နာရီလောက်မောင်းနှင်ပြီး နီကိုဘာကျွန်းရှိ မြို့တစ်မြို့သို့
ဆင်းသက်ပါသည်။ ၎င်းးနောက် ကားဖြင့်တင်ဆောင်ခဲ့ရာ ပတ်ပတ်လည်ကာရံ ထားသော
တိုက်ခန်းတစ်ခန်းသို့ ခေါ်ဆောင်လာခဲ့ပါသည်။ ၎င်းနေရာတွင် ကျွန်တော်တို့ ရဲဘော်များ၊
ငါးဖမ်းလှေသားများရောက်ရှိနေသည်ကို တွေ့ရပါသည်။ ၎င်းတို့အဆိုအရ သူတို့ကိုလည်း
ထိုင်းငါးဖမ်းလှေဖြင့် ညနေ ၆ နာရီတွင် ပေါ့ပလဲယားမှတဆင့် Port Bliar မြို့သို့ တင်
ဆောင်သွားသည်ကို တွေ့ရပါသည်။ ၎င်းနေရာတွင် တစ်နေ့ကို ညနေတစ်ချိန် အိမ်သာ
တက်ခွင့် တခါပြုပါသည်။ လူနှစ်ဦးသာခွင့်ပြုပါသည်။ အိမ်သာသွားသူ ၅ယောက် ၆ ယောက်
တစ်အုပ်စု၊ ၃ယောက် လက်ကောက်ဝတ်များကို စီတန်းကာ ကြိုးချည်ထားပြီး နောက်တစ်
ဖက်စီကို လွတ်ထားပါသည်။ ရေအလုံအလောက်မရပါ။ အိမ်သာသုံးပစ္စည်းများကို တလက်
သုံးဖြင့် သုံးစွဲခွင့်ပြုသဖြင့် ငါးဖမ်းလှေသားများ၏ အချို့ HIV ဗိုင်းရပ်ပိုး ရှိသူများထံမှ
ကံကောင်း၍ ရောဂါကူးစက်မှုမရှိခဲ့ခြင်း ဖြစ်ပါသည်။ HIV/AIDS အကြောင်းကို မသိခဲ့သူများ
သိခဲ့ပြီးမှာ တမင်တကာများ ပြုလုပ်ခဲ့လေသလားဆိုသည်ကို ၎င်းတပ်ရင်းမှ တာဝန်ရှိသူများ၊
အရာရှိကြီးများသာ သိလိမ့်မည်ဖြစ်ပါသည်။
Port Bliar အကျဉ်းထောင်ကိုရောက်၍ ကျန်းမာရေစစ်ဆေးရာ ထိုင်းငါးဖမ်းသမားများ အပါ
အ၀င် ငါးဖမ်းသမား ၃၇ ယောက်တွင် HIV ဗိုင်းရပ်ပိုး ၈ ဦးတွေ့ရှိပြီး ထိုင်းလူမျိုးနှစ်ဦး
တွင် တစ်ဦးသည် HIV ပိုးစွဲကတ်နေသူဖြစ်ပါသည်။ ကျွန်တော်တို့ ရခိုင်နှင့်ကရင် တော်
လှန်ရေးသမား ၃၆ ယောက်တွင် HIV ဗိုင်းရပ်ပိုးမရှိပါ။ ကံကောင်းထောက်မ၍ ငါးဖမ်းလှေ
သားများထံမှ ကူးစက်မကျန်ခဲ့ခြင်းဖြစ်ပါသည်။ စစ်ကြောရေးစခန်းသို့ရောက်၍ ၃ ရက်အကြာ
နယူးဒေလီ MI ရုံးက ကျွန်တော်တို့ကို တာဝန်ခံတစ်ဦးအဖြစ် ဗမာစကားပြောသော ဗိုလ်မှူး
အဆင့်ရှိ ပန်ချာပီဆိုသူရောက်ရှိလာပြီး ကျွန်တော်တို့၏လက်ခံပစ္စည်းများ၊ မှတ်စုစာအုပ်များ
ကို ယူဆောင်သွားပါသည်။ ကျွန်တော်တို့ထံမှ မဟာမုနိရုပ်ပွားတော် ဓါတ်ပုံတစ်ပုံနှင့် ခရစ်
ယာန် ကျမ်းစာအုပ်တစ်အုပ် သိပ်တန်ဖိုးရှိပါသည်။ ကျွန်တော်တို့ကို ချုပ်နှောင်ထားသော
နေရာကို သွပ်ဆူးကြိုးများ ပတ်ပတ်လည်ကာရံထားပြီး အပြင်ဘက်မှ အိန္ဒိယစစ်သားများ
တန်းစီစောင့်ကြပ်နေကြပါသည်။ ၎င်းင်းစစ်သားများ၏လက်များတွင် ကျွန်တော်တို့ထံမှ သိမ်းယူ
သွားသော နာရီများ၊ ရေဒီယိုများ၊ လက်စွပ်၊ ဆွဲကြိုးများအစ အသီးသီး အသုံးပြုနေကြသည်
ကို တွေ့ရပါသည်။ အောက်မှ အခင်းမရှိ၊ သမံတလင်းပြင်တွင် အိပ်နေရပါသည်။
၁၇၊ ၂၊ ၉၈ ရက်နေ့တွင် ကျွန်တော်တို့ကို စစ်တပ်လက်မှ အရပ်သားအာဏာပိုင် ပုလိပ်
လက်ထဲသို့ လွဲအပ်လိုက်ပါသည်။ ပုလိပ်လက်ထဲရောက်သွားမှ ပို၍အခြေအနေဆိုးလာ
ပါသည်။ ယခင်အသုံးဉပနေကျ စစ်တပ် အိမ်သာ ရေချိုးခန်းများကို အသုံးပြုခွင့်မရှိတော့ပေ။
လူ ၃၆ ယောက်အသုံးဉပရန်အတွက် အိမ်သာ စုစုပေါင်း ၂ လုံးသာရှိသည်။ ရေကို ခန္ဓာ
ကိုယ်စွပ်ရုံသာ အသုံးပြုခွင့်ပေးပါသည်။ ထမင်းကို မလောက်မငှ ကျွေးသဖြင့် တစ်ရက်
အစာငတ်ခံဆန္ဒပြမှ ရေအနည်းငယ် အပိုရရှိပြီး ထမင်းလည်း အပိုပေးလာပါသည်။ Port Bliar အောက်တရားရုံးမှ တရားသူကြီးချုပ်ရောက်လာပြီးမှ ရေနှင့်ထမင်း ဖူဖူလုံလုံ ရရှိပါ
သည်။
(C.B.I)-(I.B) ပုလိပ်နှင့် အခြားထောက်လှန်းရေးအဖွဲ့ပေါင်းစုံ ရောက်ရှိပြီး နေ့တိုင်း တစ်ဖွဲ့ပြီး
တစ်ဖွဲ့ စစ်ဆေးမေးမြန်းပါသည်။ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံများရိုက်ယူပါသည်။ ကျွန်တော်
တို့ကို ပုလိပ်လက်ထဲလွဲပြောင်းပြီး (၂)ရက်အကြာတွင် တာဝန်ခံ ဗိုလ်မှူးစိုးနိုင်ကို Landfall
ကျွန်းသို့ ဟယ်လီကော်ပတာနှင့် ခေါ်ဆောင်သွားပါသည်။ ကျွန်းသို့ရောက်လျှင် ကျွန်တော်တို့
အိန္ဒိယဗဟိုမှ လူကြီးများကို ကြိုဆိုစောင့်နေခဲ့သောနေရာ၊ လက်နက်ပစ္စည်းများ ခင်းကျင်း
ပြသထားခဲ့သောနေရာ၊ ညနေစစ်ဦးစီးချုပ် ဗိုလ်ရာဇာ၊ ဗဒိုမှူးလွယ်၊ ဗိုလ်မြင့်ဆွေ၊ လင်းဇံခိုင်၊
Col. Grewal နှင့် ပန်ချာပီဗိုလ်ကြီးတို့ စားသောက်ကြပြီး ညအိပ်ခဲ့သောနေရာ၊ ကျွန်တော်တို့
လူကြီးများ ထွက်သွားရာတောစပ်နောက်မှ ဟယ်လီကော်ပတာဆင်းမည့် ကွက်လပ်နေရာ
အသီးသီးတို့ကို အသေးစိတ်မှတ်တမ်းတင်ကာ သက်သေအထောက်အထား သဲလွန်စများ
အားလုံးကို ရယူကြပါသည်။ သို့သော် ကျွန်တော်တို့ ခေါင်းဆောင်များသွားခဲ့သည့် ပစ်သတ်
ခံရသည်ဟုထင်ရသော သေနပ်သံများကြားရာဖက်သို့ ထောက်လှန်းရေးအရာရှိများ သွား
သောအခါ ဗိုလ်မှူးစိုးနိုင်ကို အခြားတစ်နေရာတွင် ချန်ထားပြီး လိုက်ပါခွင့်မပြုခဲ့ဟုသိရပါ
သည်။ စစ်ရေးအရာရှိပြန်လာသောအခါ ဂုံနီအိပ်ကြီးများတွင်သဲများ၊ အခြားသဲလွန်စ
အထောက်အထားများ ထည့်လာသည်ဟုသိရပါသည်။ ၎င်းင်းနေ့ Port Blair သို့ ပြန်လာပြီး
ဗိုလ်မှူးစိုးနိုင်ကို Port Bliar မြို့ (MI) ရုံးချုပ်တွင် ထားသည်ဟုသိရသည်။ ညအိပ်ခါနီး
ပုလိပ်စခန်းရှိ အချုပ်ထဲပို့လိုက်သည်တွင် အချုပ်ခန်းထဲတွင် ကြိုတင်ရောက်ရှိနေသော KNU
ရဲဘော် မောင်နိုင်ကို တွေ့ရပါသည်။ ၎င်း KNU တပ်သားမောင်နိုင်သည် ကျွန်းတွင် အိန္ဒိယ
စစ်တပ်မှ ကျွန်တော်တို့ကိုဖမ်းစဉ် ငါးဖမ်းလှေ ၀လက်လှေပေါ်တွင် ရှိနေခဲ့သည်။ ဤတွင်
အိန္ဒိယစစ်သားတစ်ဦးမှ သေနပ်ဒင်ဖြင့်ရိုက်ပုတ်၍ လဲကျသွားစဉ် ဘွတ်ဖိနပ်ဖြင့် ကန်ကျောက်
ခံခဲ့ရသောဒဏ်ကြောင့် အတွင်းဒဏ်ရာရကာ (၁၄၊၂၊၉၈)နေ့တွင် PortBliar စစ်ဆေးရုံတွင်
လျှိ့ဝှက်စွာ ခွဲစိတ်ကုသမှုခံခဲ့ရပါသည်။ ၎င်းင်းနောက် အနာမကျက်မှီ ဆေးရုံးမှဆင်းခွင့်ပြုပြီး
ပုလိပ်လက်သို့ လွှဲအပ်လိုက်၍ PortBliar ပုလိပ်စခန်းအချုပ်ခန်းထဲ တစ်ယောက်ထဲ ရောက်
နေခြင်းဖြစ်ပါသည်။ ဤသို့ဖြင့် (၂၂၊၂၊၉၈) နေ့နံနက်(၁၀)နာရီတွင် ကျွန်တော်တို့(၂၇)ဦးကို
Campbell Bay မှ PortBliar သို့ စစ်ရေယာဉ်များဖြင့် တဖန် ပြန်လည်ယူဆောင်လာခဲ့ပါ
သည်။ သင်္ဘောပေါ်တွင် တစ်လမ်းလုံး လက်ထိပ်ခတ်ကာ တစ်ယောက်နှင့်တစ်ယောက်
ဘူးသီးတန်းချည်ထားပါသည်။ ထမင်းနှင့်ပဲကို ကော်ဖြစ်အောင် ကြိုထားသော အိုးထဲသို့
တမင်တကာ ဆန်စိမ်းများရောထည့်ထားသော ထမင်းပျော့ တပန်းကန်စီပေးပါသည်။
(၁၄၊၃၊၉၈) နေ့နံနက်(၁၀း၃၀)တွင် PortBliar သို့ရောက်ရှိခဲ့ပြီး၊ (၁၂း၃၀)တွင် PortBliar မြို့Parthrapur အချုပ်ထောင်သို့ ရောက်ရှိလာပါသည်။ ထောင်ထဲတွင် ထောင်အာဏာပိုင်များက
ဤ(၇၃)ယောက်တို့ကို အလွန်ဆိုးသွမ်းသော အကြမ်းဖက်သမားများ လက်နက်မှောင်ခို အ
ရောင်းအ၀ယ်သမားများ စသည်ဖြင့် အခြားထောင်ထဲရှိ အကျဉ်းသားများနားလည်မှုလွဲစေ
ရန် ၀ါဒဖြန့်ထားပါသည်။ ထမင်းယူချိန်တစ်ချိန်နှင့် ရေချိုးချိန်မှလွဲ၍ တစ်ရက်လုံးထောင်
ထဲရှိ အချုပ်ခန်းကျဉ်းလေးထဲထည့်ထားပါသည်။ မြေနင်းခွင့်မပေးပါ၊ စာရေးသူအပါအ၀င်
တာဝန်ခံဗိုလ်မှူးစိုးနိုင်၊ Major သိန်းအောင်ကျော်၊ စစ်ဆေးရုံတွင် ခွဲစိပ်ကုသပြီး ထောင်သို့
ပို့ခံခဲ့ရသော KNU ရဲဘော်မောင်နိုင်နှင့် အခြားရဲဘော်တဦးနှင့် လှေသားတချို့ကို သီးခြားအ
ဆောင်တခုတွင်ထားပြီး ကျန် ရခိုင်ကရင်ရဲဘော်များကို သီးသန့် တဆောင်ခွဲထားခဲ့ပါသည်။
နောက်ပိုင်းမှ ကျွန်တော်တို့က တောင်းဆိုတော့မှ ကျွန်တော်တို့ကို ရဲဘော်များနှင့် တဆောင်
တည်းပြန်ထားပေးခဲ့သည်။ ထောင်ထဲတွင် အခြေအနေအလွန် ဆိုးပါသည်။
(၁၆၊၃၊၉၈) နေ့ PortBliar ရှိ Chief Judicial Magistrate CC. JM Court သို့ ရုံးတက်ရ
ပါသည်။ (၂၈၅၊၉၈)နေ့ (C.J.M) မှ အာမခံပေးသောအမိန့်စာကို ထုတ်ပြန်ပါသည်။ ၎င်းတွင်
လူတစ်ဦးကို ရူပီငွေတစ်သောင်းကျစီဖြင့် လူနှစ်ဦးက အာမခံရမည်။ နှစ်ဦးမှ တစ်ဦးသည်
ဒေသခံဖြစ်ရမည်ပါရှိသဖြင့် အပြင်မှလူမဆိုထားနှင့် ထောင်တွင်းအကျဉ်းသားများနှင့် တောင်
မှ စကားပြောခွင့်မပေးတော့သဖြင့် လွတ်မြောက်ခွင့်မှာမဖြစ်နိုင်ခဲ့ပါ။ (၁၃၊၅၊၉၈) နေ့ အန္ဒ
မန်-နီကိုဘာကျွန်း အုပ်ချုပ်ရေးမှူး I.P.B Gupta လက်မှတ်ဖြင့် National Security Act ဆို
ကာ နောက်ထပ် ထောင်ဒဏ်(၁၂)လ သက်တမ်းတိုးရန် အမိန့်ထုတ်ပြန်သည်။ ဤအတော
အတွင်း ထောင်ထဲတွင် ကျွန်းသားများနှင့်အဆက်အသွယ်မပြုရ၊ နေ့ရောညပါ ရေချိုးချိန်
တစ်ချိန်နှင့် ထမင်းစားချိန်မှအပ သံတံခါးနောက်က အခန်းထဲတွင် ပိတ်လှောင်ခြင်း ခံရပါ
သည်။ တစ်ဆောင်တည်းဖြစ်သော်လည်း ရခိုင်နှင့်ကရင်ရဲဘော်များကို တဖွဲ့တစ်ခန်းစီခွဲထား
ပါသည်။ အင်္ဂလိပ်သတင်းစာဖတ်ခွင့်ပြုသည်။ အင်္ဂလိပ်အဘိဓါန် တစ်အုပ်ပေးသည်။ ရေဒီယနားထောင်ခွင့်မပြုပါ၊ (၂၇၊၈၊၉၈)နေ့ New Delhi အခြေစိုက် South Asian Documentation Centre မှ လူ့အခွင့်အရေးရှေ့နေ Hivery Tiphy သည် ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြား
ဗမာပြည် ဒီမိုကရေစီအဖွဲ့အစည်းများ၏ တိုက်တွန်းချက်ဖြင့် ကျွန်တော်တို့၏အကျိုးဆောင်
ရှေ့နေအဖြစ် တာဝန်ယူဆောင်ရွက်ရန် ထောင်ထဲသို့ရောက်ရှိလာပါသည်။ ၎င်းင်းရှေ့နေသည်
ကျွန်တော်တို့နှင့်တွေ့ရန် တရားရုံးမှ အမိန့်ရပြီးဖြစ်သော်လည်း ဒေသခံအာဏာပိုင်များ၏
အမျိုးအမျိုး နှောက်ချက်မှုကိုခံခဲ့ရပါသည်။ အာဏာပိုင်များ နောက်ဆုံးမတတ်သာသည့်အဆုံး
ခွင့်ပြုသည့်အနေဖြင့် ညနေ(၄)နာရီ ထောင်ပိတ်ခါနီးမှ ထောင်ထဲဝင်ခွင့်ပြုခဲ့သည်။ ၎င်းရှေ့နေ
သည် ထောင်ထဲတွင် စာရေးသူတစ်ဦးမှအပ ကျန်တာဝန်ရှိသူလူကြီးများနှင့် တွေ့ခွင့်
မရရှိခဲ့ပေ။ နောက်ထပ် NUPA, KNU မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ငါးဖမ်းသမားများနှင့်တွေ့ဆုံခွင့်
တောင်းပါသော်လည်း ထောင်အာဏာပိုင်များက တွေ့ခွင့်မပေးသည့်အပြင် ၎င်းင်းရှေ့နေကြီး
ကိုပင် ထောင်ပြင်သို့ထွက်ခွင့်မပြုတော့ဘဲ ပြဿနာပြုလုပ်သဖြင့် ထောင်ဗူးဝတံခါးမှ အမြန်
တိုးဝှေ့ပြီး ထွက်ခွာခဲ့ရသည်ဟု သိရပါသည်။ ယင်းမှစ၍ ၎င်းရှေ့နေကြီးကို ကျွန်တော်တို့
ရှေ့နေအဖြစ် တာဝန်ယူဆောင်ရွက်ခွင့်မပြုနိုင်ရန် အန္ဒမန်-နီကိုဘာကျွန်းသို့ လာရောက် ခြင်းကို အာဏာပိုင်များက ပိတ်ပင်လိုက်သည်ဟုသိရသည်။ ထောင်ထဲတွင် အကျပ်အတည်း
မျိုးစုံကို မခံရပ်နိုင်သည့်အပြင် နောက်ဆုံး ကျွန်တော်တို့အမှုကို တရားဥပဒေဘောင်အတွင်းမှ
တရားဝင် ပြန်လည်ခုခံချေပနိုင်ရန် အကျိုးဆောင်ရှေ့နေရရှိရေး၊ အမြန်ဆုံးလွှတ်ပေးရေးနှင့်
ရသင့်ရထိုက်သော အခြေခံအခွင့်အရေးများကိုရရှိရန် အစာအငတ်ခံဆန္ဒပြရန် ဆုံးဖြတ်လိုက်
ကြပြီး တောင်းဆိုချက်များမရလျှင် အလျှော့မပေးဘူးဟု ဆုံးဖြတ်ချက်ဖြင့် (၂၈၅၊၉၈)နေ့
နံနက်၉၅) နာရီတွင် အစာငတ်ခံဆန္ဒပြခြင်းကို စတင်လိုက်ပါသည်။ အစပိုင်း အာဏာပိုင်များ
လိုက်လျူရှု့ထားပါသည်။ ရက်ကြာလာသည်နှင့်အမျှ ထောင်အာဏာပိုင်များ အမျိုးမျိုး လာ
ရောက် ဖျောင်းဖျကြသည်။ သက်ဆိုင်ရာအာဏာပိုင်များအား အကြောင်းကြား၍ နောက်ဆုံး
တရားရုံးမှခေါ်၍ တွေ့ဆုံပြီး အကျိုးအကြောင်းမေးမြန်းရာ ကျွန်တော်တို့ကလည်း ကျွန်တော်
တို့လိုအပ်ချက်များကို တင်ပြတောင်းဆိုခဲ့သည်။ တရားရုံးတွင် တရားသူကြီးမရှိသဖြင့် ခေတ္တ
ယာယီ အစားဝင်ရောက်နေသော လက်ထောက်တရားသူကြီးက သူ့အနေဖြင့် ကျွန်တော်တို့
တောင်းဆိုချက်အားလုံးကို လိုက်လျော့ရန်မဖြစ်နိုင်ကြောင်း တရားသူကြီးချုပ် အလာကို
စောင့်၍ သူ့ဆီမှ လျှောက်ထားတောင်းဆိုကြ စသည်ဖြင့် ပြောကြားသော်လည်း ကျွန်တော်
တို့က လျှော့မပေးခဲ့ပေ။ ဆရာဝန်များနှင့် နေ့စဉ်လာရောက်၍ဆေးစစ်ဆေးကြသည်။ (၆)ရက်
မြောက်သောနေ့တွင် တာဝန်ခံ ဗိုလ်မှူးစိုးနိုင်၊ ဗိုလ်မှူးသိန်းကျော်အောင်နှင့် ရဲဘော်တစ်ဦးကို
အင်အားကုန်ခန်း ဆုတ်ယုတ်သည်ဟုဆိုကာ ဆေးရုံတင်လိုက်ပါသည်။ သို့သော် ဆေးရရောက်၍ ဆေးကုသမှုခံယူရန်ငြင်းပယ်နေခဲ့သောကြောင့် နောက်ဆုံးအန္ဒမန်-နီကိုဘာ ကျွန်း
မာရေးဌာနမှ အကြီးဆုံး Port Blair ဆေးရုံအုပ် Dr. Smt Namita Ali ကိုယ်တိုင်လာ
ရောက်၍ ကြားဝင်ညှိနှိုင်းအာမခံခဲ့သဖြင့် (၃၊၆၊၉၈)နေ့ ညနေ(၈)နာရီ (၇)ရက်မြောက်သော
နေ့တွင် သပိတ်လှန်လိုက်ပါသည်။ နောက်တနေ့ရုံးချိန်းတွင် တရားရုံးမှ အစိုးရရှေ့နေတစ်ဦး
ပေးပါသည်။ ရေဒီယိုနားထောင်ခွင့် သတင်းမဂ္ဂဇင်းဖတ်ခွင့်ဉပပြီး အခွင့်အရေးအနည်းငယပိုမိုရရှိလာပါသည်။ (၂၈၊၉၊၉၈)နေ့တွင် New Delhi အခြေစိုက် လူ့အခွင့်အရေးရှေ့နေ Ms. Nanduita Hakar သည် ထောင်သို့ရောက်ရှိလာခဲ့ရာ ဗိုလ်မှူးစိုးနိုင်နှင့် ဗိုလ်မှူးသိန်းကျော်
အောင်တို့မှ အကျိုးတော်ဆောင်ရှေ့နေအဖြစ် အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးခဲ့ပါသည်။
(၁၃၊၅၊၁၉၉၉)နေ့တွင် ငါးဖမ်းသမား(၃၇)ဦးကို အပြစ်မရှိဟုဆိုကာ ထောင်မှအပြီးအပိုင် လွှတ်
လိုက်ပါတော့သည်။ (၁၃၊၁၀၊၉၉)နေ့တွင် ကျွန်တော်တို့၏ အကျိုးဆောင်ရှေ့နေMs. Nanduita Hakar ၏ ကြိုးပမ်းမှုနှင့် Judicial Maj; Natoo တို့ပူးပေါင်းကူညီမှုဖြင့် လူတစ်ဦး
ရူပီ(၁၀၀၀)ကျစီပေးကာ မိမိကိုယ်မိမိ အာမခံခေါ်သော Personal surety bond ဖြင့် ညနေ
(၁၂း၃၀)တွင်ထောင်မှလွတ်လာပြီး ယခုနေထိုင်သော သံဖြူဆောင်ဘေးရှိ Sainik Vishram Ghar ခေါ် သုံးထပ်တိုက်ဟောင်းတစ်လုံးတွင် နေရာချထားပေးပြီး တင်းကျပ်သော စည်းမျှဉ်း
ဥပဒေများဖြင့်ချမှတ်ကာ အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထားခဲ့ပါသည်။
(၁၅၊၁၁၊၉၉)နေ့တွင် နယူးဒေလီမှ နောက်ထပ်လူ့အခွင့်အရေးရှေ့နေ Ms Vrinda Grover နှင့်
ဒေသခံရှေ့နေမငယ် Ms Vrinda Grover ကို ကျွန်တော်တို့၏အကျိုးဆောင်ရှေ့နေအဖြစ် တရား
ရုံးတွင် လက်မှတ်ရေးထိုးပေးခဲ့ပါသည်။ ကျွန်တော်တို့အာမခံဖြင့် အပြင်တွင် အကျယ်ချုပ်
ဖြင့်နေရာရစဉ် အစိုးရမှ လူတစ်ဦး တစ်နေ့လျှင် ရှုပီ(၄၅)စီထောက်ပံ့ပြီး (၁၀)ရက်တစ်ကြိမ်
စီထုတ်ယူရပါသည်။ ၎င်းင်းတွင် တရက်လျှင်ရှုပီ(၂၀) ငွေလက်ငင်းရပြီး ကျန်ရှုပီ(၂၅)ကို ရိက္ခ
ယူရန် စားသောက်ကုန်စုံဆိုင်ဖြင့် ဆက်သွယ်ပေးထားပါသည်။ ဈေး၊ တရားရုံး၊ ဆေးရုံမှအပ
အခြားမည်သည့်နေရာမှ သွားခွင့်မရှိ၊ အပြင်ထွက်လျှင် ပုလိပ်အစောင့်ဖြင့် ဂိတ်ဝတွင်
လက်မှတ်ထိုးပြီး ထွက်ရပါသည်။ နံနက်တခါ ညနေတခါလူစစ်ဆေးပြီး နံနက်(၈)နာရီ မတိုင်
ခင်နှင့် ညနေ(၆)နာရီနောက်ပိုင်း အပြင်ထွက်ခွင့်မရှိပါ။ အစပိုင်း သွားရေးလာရေး အနည်း
ငယ်ချောင်လည်ခဲ့သော်လည်း (၁၀၊၇၊၂၀၀၁)တွင် ရခိုင့်အဖွဲ့ NUPA မှ ရဲဘော်တစ်ဦး KNU
မှ ရဲဘော်တစ်ဦးပျောက်သွားပြီးနောက်ပိုင်း တင်းမာမှုများတဖန် ပြန်လည်ပိုမို ပြုလုပ်လာပါ
သည်။ ၎င်းရဲဘော်နှစ်ဦးမှာ တမင်တကာ အကွက်ကျကျလုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ကြရသည်
လော မသိသေးပေ။ သတင်း အစအနနှင့် (၄))ကီလိုမီတာဝေးသော Heavy Lock ကျွန်းသို့
ထွက်ပြေး လွတ်မြောက်သွားသည်ဟုသိရပါသည်။ ၎င်းတို့ပျောက်သွားပြီးနောက်ပိုင်း အစိုးရ
ထံမှ အရင်ထောက်ပံ့နေသော ရူပီ (၂၀) လက်ငင်းငွေပေးခြင်းကို ရပ်စဲလိုက်ပြီး ရူပီ (၄၅)
တန်ဖိုးရှိသော ရိက္ခာကိုသာထုတ်ပေးသဖြင့် အလွန်အခက်အခဲတွေ့ရပါသည်။ (၁၊၁၂၊၂၀၀၃)
တွင် ကျွန်တော်တို့၏ အကျိုးဆောင် ဒေသရှေ့နေ Ms.T.Vasanda သည် သူမ၏ နေအိမ်
တွင် နေ့ခင်းကြောင်တောင် လည်ပင်းကို ဓါးဖြင့်ထိုးသတ်၍ ရက်ရက်စက်စက် လုပ်ကြံသတ်
ဖြတ်ခြင်းခံလိုက်ရပါသည်။ သူမကိုလုပ်ကြံသတ်ဖြတ်ခြင်းမှာ ကျွန်တော်တို့အမှုကို ကူညီအ
ကျိုးဆောင်ပေးခြင်းနှင့် များစွာပတ်သက်နေကြောင်း၊ ဒေသခံသတင်းများအဆိုအရ သူမ၏
လူသတ်မှုနောက်ကွယ်တွင် MI ထောက်လှမ်းရေးအရာရှိ(၁)ဦးနှင့် ပုလိပ်အရာရှိ(၂)ဦးတို့ ပါဝင်
ပါတ်သက်နေသည်ဟုသိရသည်။ ဤအတောအတွင်း (၂)လတစ်ကြိမ် (၁)လတစ်ကြိမ် ပုံမှန်ရုံး
သွားရပါသည်။ တရားရုံးသို့ရောက်တိုင်း ကျွန်တော်တို့သည် အိန္ဒိယအာဏာပိုင်များစွပ်စွဲသလို
လက်နက်မှောင်ခိုအရောင်းအ၀ယ်သမားများ မဟုတ်ကြောင်း UNPA နှင့် KNU ရဲဘော်များ
ဖြစ်ပြီး အိန္ဒိယအာဏာပိုင်များဖိတ်ခေါ်ချက်အရ အိန္ဒိယနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါသဖြင့်
အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုပါသော်လည်း တရားလို C.B.I မှ ကျွန်တော်တို့အမှုကို
စုံစမ်း၍ မပြီးသေးကြောင်း တရားရုံးတွင် အကြိမ်ကြိမ်လျှောက်လဲခဲ့ပါသည်။ ၎င်းင်းပြင် C.B.I
က အမှုကိုစုံစမ်း၍ မပြီးဘဲကြံ့ကြာနေရခြင်းမှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ ပူးပေါင်း
ကူညီမှု မရှိလို့ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဆီသို့ အမှုနှင့်ပတ်သက်သော သက်သေ
အထောက်အထားများနှင့် Operation Leech တွင်ပါဝင်ခဲ့သော စစ်တပ်မှ အရာရှိများကို
စုံစမ်းမေးမြန်းနိုင်ရန် ခွင့်ပြုပေးဖို့အကြောင်းကို အကြိမ်ကြိမ်လျှောက်ထားခဲ့သော်လည်း အ
ကြောင်း တစ်စုံတစ်ရာပြန်ကြားခြင်းမရှိခဲ့ကြောင်း စသည်ဖြင့် C.B.I မှတရားရုံးတွင် အကြိမ်
ကြိမ်လျှောက်ထားခဲ့သည်။ နောက်ဆုံး (၇)နှစ်ကျော်လာသော်လည်း ကျွန်တော်တို့အမှုက
တခြားပြောင်းလဲမှုမရှိ C.B.I မှ နောက်ထပ်စုံစမ်းစစ်ဆေးရန်အတွက် အချိန်တို့တောင်း ဖို့ကို
အဖန်ဖန်လျှောက်လဲနေသဖြင့် မတတ်သာသည့်အဆုံး နယူးဒေလီအခြေစိုက် ဗဟို တရားရုံး
ရှေ့နေ Ms. Kamini Jaiswal အကူအညီဖြင့် ကျွန်တော်တို့ရှေ့နေ Ms. Nandita Haksar သည်
(၁၇၊၉၊၂၀၀၄) တွင်New Delhi ရှိ Supreme Court တွင် တိုက်ရိုက် လျှောက်လဲ
ချက်တင်တော့သည်။ (၁၆၊၁၁၊၂၀၀၄)တွင် Supreme Cour မှ C.B.I အရာရှိနှင့် A&A
ကျွန်းအုပ်ချုပ်ရေးမှူးထံ ကျွန်တော်တို့ကိစ္စ ကြံ့ကြာနေမှုနှင့်ပတ်သက်ပြီး သတိပေးစာ ထုတ်
ပြန်ပါသဖြင့် C.B.I သည် (၂၇၊၁၂၊၂၀၀၄) တွင် ကျွန်တော်တို့ကို Port Blair & SD C.J.M. Court တွင် တရားစွဲဆိုတော့သည်။ ၎င်းင်းစွဲချက်တွင် ကျွန်တော်တို့သည် ဗမာစစ် အစိုးရကို
လက်နက်ကိုင်တော်လှန်ပုန်ကန်နေကြသော NUPA နှင့် KNU မှ သူပုန်စစ်သွေး ကြွများ
ဖြစ်ပြီး ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းမီးကျောက် အမြောက်အများနှင့် အိန္ဒိယ ရေ
ပိုင်နက်ထဲကို တရားမ၀င်ကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟုဆိုကာ U/S 14 of Explosive Foreigner Act, 1945. U/F 25 (B) all of Act, 1959. Section 5 of Explosive Substances Act, 1908 and See 11 of Territories Waters, Continental Shelf, Exclusive Economic Zone and Other Maritime Zone Act, ၁၉၇၆ စသည့် စကား စာသားအသုံးအနှုန်းအနည်းငယ်သာ
ကွာခြားသော်လည်း တရားစွဲချက်ပုဒ်မ တစ်ခုတည်း တူညီနေကြောင်းတွေ့ရသည်။ ဤသို့ဖြင့်
အိန္ဒိယစုံစမ်းထောက်လှမ်းရေး အရာရှိများသည် တရားမျှတစွာဖြင့် လူသတ်တရားခံများကို
ဖေါ်ထုတ်ရမည့်အစား လူသတ်သမားများနှင့် ပူးပေါင်းကာ ကျွန်တော်တို့ကို တစ်သက်လုံး
ထောင်ထဲတွင်ပိတ်လှောင်ထားရန် ကြိုးပမ်းနေကြပါသည်။
ဤရည်ရွယ်ချက်မအောင်မြင်လျှင်
တောင် ရနိုင်သလောက်အချိန်းဆွဲထားရေး အစီအစဉ်ဖြင့် တရားစွဲဆိုပြီး အမှုကိုစစ်ဆေးနေ
စဉ် ဆက်လက်၍ အကြောင်းအမျိုးမျိုးပြကာ နှစ်ရှည်လများ ကြံ့ကြာအောင်ဉပလုပ်မည့်အရေး
ကို ရှောင်ရှားနိုင်ရန် Culcutta ဗဟိုတရားရုံးသို့ အမှုကို ရွှေ့ပြောင်းရန် အကျိုးဆောင်ရှေ့နေ
Culcutta မှတဆင့် နယူးဒေလီရှိ Supreme Court သို့ (၃၀၊၃၊၂၀၀၅)တွင်
လျှောက်ထားပါသည်။ ၎င်းလျှောက်လဲချက်ကို Supreme Court မှ လက်ခံကြားနာပြီး တရား
ရုံး C.B.I အရာရှိများထံ အကြောင်းကြားထားပါသည်။ C.B.I ထံမှအကြောင်းတစ်စုံတစ်ရာ
ပြန်လည်ဖြေကြားမှုမရှိသေးသဖြင့် စောင့်ဆိုင်း နေရပါသည်။ ကျွန်တော်တို့အမှုကို ဃကူခကအအေ
တို့ပြောင်းရွှေ့ရခြင်း၏ အကြောင်းရင်းမှာ Port Blier မြို့သည် သဘာဝအလျှောက် ရေပတ်
ပတ်လည်ဝန်းရံထားသော ပင်လယ်သမုဒ္ဒရာထဲရှိ ကျွန်းတကျွန်းဖြစ်ပြီး အလွန်ဝေးလံခေါင်း
သီကာ ကန့်သတ်နေမြေဖြစ်နေသဖြင့် အလိုအလျှောက် တကျွန်းပို့ ထောင်တစ်ခုဖြစ်နေ
သည်။ ၎င်းပြင် A&N ကျွန်းကို ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သောကြောင့် အစစအရာရာ
ဗျူရိုကရေစီအုပ်ချုပ်မှုအောက်တွင် ရှိနေသည်။ ကျွန်တော်တို့ကို အချိန်မရွေး ဗမာအစိုးရ
လက်ထဲလွှဲပြောင်းပေးနိုင်သည်။ ဤကျွန်းတွင် ကျွန်တော်တို့သည် လူ့အခွင့်အရေး ကိုယ်စား
လှယ်များနှင့်လည်းကောင်း သတင်းမီဒီယာများနှင့်လည်းကောင်း တရားဝင်တွေ့ခွင့်မရ။ တစ်
စုံတစ်ခုဆိုလျှင် ကန့်ကွက်တောင်းဆိုရန် အတိုက်အခံပါတီဟူ၍မရှိ။ တရားလို C.B.I ဌာန
ချုပ်သည် Culcutta တွင်ရှိပြီး အများအားဖြင့် သက်သေများသည် အိန္ဒိယနိုင်ငံ တနံတလျား
တွင်ပြန့်နှံ့နေကြသည်။ ၎င်းသက်သေများ အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲထားပြီး ရုံးခေါ်
ချိန်(၃)ခါပြီးမှ တရားရုံးရှေ့မှောက်သို့ ရောက်လာမည်ဆိုလျှင် သက်သေတစ်ဦး အနည်းဆုံး
(၃)လ၊ (၁၈)ဦးဆိုလျှင် တရားစစ်ဆေးချိန်နောက်ထပ် သုံးလေးနှစ်ကြာဦးမည်။ ၎င်းပြင် ကျွန်
တော်တို့၏ရှေ့နေများသည် နယူးဒေလီနှင့် တခြားပြည် မရှိမြို့ကြီးများတွင် နေထိုင်ကြသော
ကြောင့် Port Blier တွင် အမြဲတိုင်းနေထိုင်ရန်မဖြစ်နိုင်။ ပြည်ပမှ Port Blier သို့ ရုံးချိန်းတိုင်း
လာရောက်ရန်လည်း မတတ်နိုင်သဖြင့် တရားရုံး ရှေ့နေလာရောက်လျှင် တရားလိုမရောက်၊
တရားလိုသက်သေရောက်လျှင် တရားခံရှေ့နေမရောက် စသည်ဖြင့် အချိန်အများကြီးကြာနိုင်
သည်။ Culcutta သို့ပြောင်းရွှေ့လျှင် အကျဉ်းထောင်ထဲတွင်ပြန်လည် အကျဉ်းကျဒုက္ခရမည့်
တစ်ခုကလွဲ၍ ကျွန်တော်တို့အမှုအတွက် အားလုံးကောင်းပါသည်။ အသာ စံရဖို့လောလော
စဉ် ခေတ္တအနာခံရခြင်း သဘောဖြစ်ပါသည်။ Culcutta တွင်မှန်ကန်မှုစသော တရားဆုံးဖြတ်
မှုကိုရရှိ၍ အမှုမှကွင်းလုံးကျွတ်လွတ်မြောက်နိုင်သည်။ အပြစ်မှလွတ်၍ အမှုကိစ္စပြီးလျှင်
အရေးအကြီးဆုံးဖြတ်သော ဗမာအစိုးရလက်ထဲသို့ လွှဲပြောင်းအပ်ခြင်းကို UNHCR အကူ
အညီဖြင့်ရှောင်ရှားနိုင်သည်။ Port Blair တွင် ကျွန်တော်တို့ အမှုနိုင်သည်ထားအုံး C.B.I မှ
ပြည်မရှိ High Court နောက်ဆုံှးSupreme Court ထိ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်
လဲအယူခံဝင် အချိန်ဆွဲဦးမည်ဖြစ်သောကြောင့် Culcutta သို့ ပြောင်းရွေ့ခြင်းသည် ဤအ
ရာအားလုံးကို ရှောင်ရှားပြီးဖြစ်နေသည်။ သို့သော် ပြောင်းရွှေ့ခွင့် ရမရ ဆိုသည်မှာ
Supreme Court ၏ဆုံးဖြတ်ချက်အပေါ် မှုတည်နေပါသဖြင့် ရုံးတော်မှ ဆုံးဖြတ်ချက်အမိန့်ကို
စောင့်ဆိုင်းရုံမှတပါး အခြားမရှိပါ။ ၁၉၉၈-ခု ဖေဖော်ဝါရီလ ၁၁ရက်နေ့ အိန္ဒိယအစိုးရ၏
ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံပါဝင်ခဲ့သော Operation Leech ခေါ် ပင်လယ်မျှော့စစ်ဆင်ရေး
သည် ကျွန်တော်တို့၏ NUPA ပါတီနှင့် ၎င်းင်းတပ်မတော် AA ၏ အဓိက ကြောရိုးကို ရိုက်
ချိုးဖျက်စီးပစ်လိုက်ပြီး ပါတီကိုလည်း ကစဉ့်ကလျား အင်အားချိနဲ့သွားစေခဲ့သည်။ လက်နက်
ခဲယမ်းမီးကျောက်နှင့် အမြန်ယာဉ်ငယ်များအပါအ၀င် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ
(၂)သန်းခန့်ကို Operation Leech တွင်ဆုံးရှုံးလိုက်ရပါသည်။ ကျွန်တော်တို့ ရခိုင် မျိုးချစ်သူ
ရဲကောင်းများ ပင်လယ်ပြင်ပေါ်တွင် နှစ်ရှည်လများ သွေး၊ ချွေးတို့ဖြင့်ရင်းကာ ရှာဖွေစု
ဆောင်းထားသော အဖိုးတန်ပစ္စည်းများကို အိန္ဒိယ အာဏာပိုင်များကြားမှ Operation Leech
ဖြင့် အလစ်သုတ်သွားခဲ့ကြသည်။ ကျွန်တော်တို့ Arakan Marine နှင့် KNU တပ်ဖွဲ့များသည်
၁၉၉၈-ခုနှစ် အလုပ် လုပ်ရာသီချိန်တ၀က် မကုန်ဆုံးချိန်တွင်မှာပင် ထိုင်းဘတ်ငွေ (၂၃၆)
သိန်းကို ကောက်ခံရရှိခဲ့ပြီးဖြစ်သည်။ Arakan Marine တစ်ဖွဲ့တည်း ၁၉၉၅-၉၆ ရာသီချိန်
တစ်နှစ်တည်းတွင်ပင် ထိုင်းဘတ်ငွေ သိန်း(၇၀၀)ကျော်ရရှိခဲ့သည်ကို စာရေးသူကိုယ်တိုင်
ယင်းနှစ်ဝင်ငွေစာရင်းချုပ်ကို ပြုစုခဲ့ရသဖြင့် အသေအချာသိနေခဲ့သည်။ Operation Leech
သည် ကျွန်တော်တို့၏တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းများနှင့်စွမ်းရည်ထက်မြက်သော အစားထိုး
မရနိုင်သော ခေါင်းဆောင်ကြီးများကို ဆုံးရှုံးသည်သာမက ကျန်မျိုးဆက်သစ်ရခိုင်လူငယ်များကိုပါ အတိုင်းအတာမရှိ ဖမ်းဆီးထိန်းသိမ်းထားသောကြောင့် ရခိုင်တော်လှန်ရေးကို အနှစ်
(၂၀)လောက်ကြံ့ကြာနောက်ဆုတ်သွားစေခဲ့ပါသည်။ ကျွန်တော်တို့၏အကျိုးဆောင် လူ့အခွင့်
အရေးရှေ့နေများသည် အခကြေးငွေ တစ်စုံတစ်ရာမယူဘဲ ကျွန်တော်တို့လွတ်မြောက်ရေးနှင့်
လုံဉခံသောနေရာသို့ ရောက်ရှိရန် သူတို့အစွမ်းရှိသလောက် ကြိုးစားနေသော်လည်း ကျွန်တော်
တို့လွတ်မြောက်ရေးသည် ရှေ့ကို အခက်အခဲအများကြီးရှိနေပြီး မသေချာသေးပါ။ ကျွန်တော်
တို့သည် အိန္ဒိယအာဏာပိုင်များ ဖိတ်ခေါ်ချက်ဖြင့် အိန္ဒိယနိုင်ငံသို့လာရောက်ခြင်းဖြစ်ပြီး
အိန္ဒိယနိုင်ငံနှင့် ၎င်းင်းတို့၏အကျိုးစီးပွားကို မည်သည့်အခါမှ နစ်နာအောင်မလုပ်ခဲ့ခြင်းကို အား
လုံးအသိပင်ဖြစ်ပါသည်။ သို့သော် အိန္ဒိယရဲ့ အရှေ့မျှော်ပေါ်လစီအရ ဗမာစစ်အစိုးရနှင့်
သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံရေးနှင့် ရခိုင်ကမ်းလွန်မှအဖိုးတန်ရေနံနှင့် ဂတ်(စ်)တွေကို
အိန္ဒိယမှဝယ်ယူရရှိရေးသည် အိန္ဒိယအစိုးရအတွက် ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စဖြစ်သော
ကြောင့် ကျွန်တော်တို့ လုံခြုံစွာလွတ်မြောက်ရေးသည် အခက်အခဲအများကြီးရှိနေပါသည်။
သို့သော် ကျွန်တော်တို့အနေဖြင့် အိမ်နီးနားချင်းကောင်းပီသရေးမူအရလည်းကောင်း၊ ကျွန်
တော်တို့လူမျိုး လွတ်မြောက်ရေးတိုက်ပွဲ အောင်မြင်ရေးအတွက် အိန္ဒိယနိုင်ငံ၏အကူအညီကို
ရယူရန်အတွက်လည်းကောင်း ရှေ့ဆက်လက်၍ အိန္ဒိယနိုင်ငံနှင့် သင့်သင့်မြတ်မြတ် ရင်းရင်း
နှီးနှီး ပေါင်းသင်းဆက်ဆံလားကြရမည် ဖြစ်ပါသည်။
ကျွန်တော်တို့၏မြင့်မြတ်သော သူရဲကောင်းများ၏သွေးများသည် အိန္ဒိယမြေပေါ်တွင် စွမ်းထင်း
ခဲ့ပြီဖြစ်ပြီး ၎င်းင်းသူရဲကောင်းများ၏၀ိဥာဏ်သည်လည်း အိန္ဒိယမျိုးချစ်သူရဲကောင်းများ ၀ိဥာဏ်
ဖြင့် ကောင်းကင်ဘုံတွင် ဆုံဆည်းခဲ့ကြပြီဖြစ်သည်။ ဤ၀မ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အ
ပျက်သည်လည်း ရခိုင်သမိုင်းတွင် သမိုင်း၏အမဲစက်တစ်ခုအဖြစ် မှတ်တမ်းတင် ကျန်ရစ်
ခဲ့ပြီဖြစ်သည်။ မည်သူမဆို ကိုယ့်သမိုင်းကိုကိုယ်တိုင် ရေးခြင်းဖြစ်သောကြောင့် အနာဂါတ်
ရခိုင်သမိုင်းစာမျက်နှာသစ်များတွင် ကောင်းမွန်သင့်မြတ်သော ကဏ္ဍသစ်ဖွင့်လှစ်နိုင်ရန်
အိန္ဒိယအာဏာပိုင်များအနေဖြင့် ကြိုးစားသင့်ပြီးဖြစ်ကြောင်းနှင့် ဤကဲ့သို့သော အနိဌာရုံဖြစ်
ရပ်များ ထပ်မံမဖြစ်ပွားရန်နှင့် ကျွန်တော်တို့ အန္ဒမန်နှင့်နီကိုဘာကျွန်းရှိ ရခိုင်နှင့်ကရင် မျိုး
ချစ်(၃၄)ဦးတို့ လွတ်မြောက်ရေးသည် ပြည်တွင်းပြည်ပ ရခိုင်အမျိုးသားတို့၏ စည်းလုံးညီ
ညွတ်မှုနှင့် ကြိုးစားအားထုတ်မှုအပေါ် မှုတည်ပါကြောင်း ပြောကြားယင်း ကမ္ဘာတွင် သိက္ခာ
ရှိသော အချုပ်အချာအားဏာပိုင် လူမျိုးတစ်မျိုးအဆင့်သို့ အမြန်ဆုံးတက်လှမ်း နိုင်ကြပါစေ
လို့ ဆုတောင်ယင်း။ -----------
( မှတ်ချက်။ ။ ဤပေးပို့စာအား အာရ်ကန်ပို့ဂျာနယ်တွင် ၂၀၀၅ နိုဝင်္ဘာလမှ ၂၀၀၆ မေလ
ထိ (အမှတ် ၁၁-၁၂-၁၃-၁၄ )တွင် ဖေါ်ပြခဲ့ပါသည်။ တချို့အချက်အလက်များမှာ အဆိုပါ
ဂျာနယ်တွင် ဖေါ်ပြရာတွင်မပါဝင်ခဲ့ဘဲ ပျောက်ဆုံးနေသဖြင့် စာရေးသူနှင့်ပြန်လည် မေးမြန်း
ပြီး အပြည့်အစုံ အမှားအယွင်းကင်းအောင်ရေးသားပြီး ပြန်လည်ဖေါ်ပြလိုက်ပါသည်။ ဤစာ
အားရေးသားပေးပို့သူ ကိုဓညလင်း (ကိုထွန်းကြိုင်)မှာ ရခိုင်နှင့်ကရင် တော်လှန်ရေးသမား
၃၄ ယောက်မှာ ယခုအခါ အိန္ဒိယနိုင်ငံ ကာလကတ္တားအကျဉ်းထောင်တွင် ဖမ်းဆီး ထိမ်း
သိမ်းခံထားပြီး ကာလကတ္တားတရားရုံး တစ်ခုမှ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က
ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီးဖြစ်ပါသည်။ အဆိုပါ ထောင်ဒဏ် ၃ နှစ်မှာ နိုင်ငံခြား
သားမှု (ပုဒ်မ-၁၄)ဖြင့် ထောင်ဒဏ်တစ်နှစ်သုံးလနှင့် ဒဏ်ငွေ ရူပီ၂၀၀၀၊ ပေါက်ကွဲစေတတ်
သော လက်နက်ခဲယမ်း မီးကျောက်များပိုင်ဆိုင်မှုပုဒ်မ-၅(ဘီ)ဖြင့် ထောင်ဒဏ် တစ်နှစ်သုံး
လနှင့် လက်နက်မှုတစ်ခု ပုဒ်မ ၂၅ (ဘီ)ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ရူပီ ၂၀၀၀၊
အသီးသီးချမှတ်ခဲ့ပါသည်။ အဆိုပါ ထောင်ဒဏ် ၃နှစ်မှာ အိန္ဒိယ ထောင်ထဲတွင် ၁၂ နှစ်
ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရထားရသည့်အတွက် သူတို့ကို ချမှတ်လိုက်သော ပြစ်ဒဏ်မှာ
ယခုအချိန်မှာ ကျေအေးသွားခဲ့ပြီဖြစ်သော်လည်း ဒဏ်ငွေများကို မပေးဆောင်နှိင်ပါက
နောက်ထပ် ထောင်ဒဏ် ၈ လအထိ ဆက်လက်ကျခံနေရမည်ဖြစ်သည်ဟု သိရပါသည်။)
Etiketter: ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment