18 October 2010

စစ်ပွဲတခုကို ခံစားမိခြင်း


ခါးသီးစွာ နားလည်မိတဲ့
စစ်ပွဲဆိုတာ
အမေ့ ကို ဆုံးရှုံးခဲ့ရတယ်
အဖေ့ ကို ဆုံးရှုံးခဲ့ရတယ်
အကိုနဲ့ ညီမလေးကို ဆုံးရှုံးခဲ့ရတယ်
ချစ်သူနဲ့ ငယ်ဖော်တွေလည်း ပျောက်ဆုံးသွားတယ်
ကျောင်းတော်ကြီးလည်း တပ်စခန်းတစ်ခု ဖြစ်သွားတယ်
အလုပ်ရုံတွေလည်း လက်နက်နဲ့ကျည်ဆံတွေ သိုလှောင်တဲ့ နေရာတွေဖြစ်သွားတယ်
အိပ်မက်နဲ့ အနာဂတ်တွေလည်း ရပ်တန့်သွားတယ်....

ငါ့ ဘဝတစ်ခုလုံး အမှောင်ဖုံးသွားတာ
စစ်ပွဲ ပေါ့.......။

ကိုနေအောင်

0 kommentarer:

Post a Comment