ဘ၀ရဲ့တိုက်ပွဲမှအပြန်
တစ်ခဏလေးတောင်မနားရခင်
ချစ်သူကချန်ထားတဲ့စာချွန်လွှာကိုဖတ်နေမိ
ငွေတောင်ပြည်ကိုလိုက်ခဲ့ပါတဲ့
ဒွေးမယ်နော်ကိုအချစ်ကြီးချစ်ခဲ့တဲ့
ခေတ်သစ်ရဲ့ သုဓနုမင်းသား ကျနော်
အချစ်ဇောနဲ့ အပြေးလေးရောက်ခဲ့
ဒါပေမဲ့
ထင်ထားသလိုမဟုတ်ခဲ့
ဟုတ်ခဲ့တာတွေလဲမထင်ချင်တော့ပါ
ငါထက်အရင်လူတွေစည်ကားနေကြပြီး
အဆောင်အယောင်အသစ်တွေနဲ့
တစ်မူထူးခြားတဲ့နယ်မြေသစ်မှာ
ဒွေးမယ်နော်လေးရေ
ကျဝ့် သုဓနုလေ သိမ်ငယ်စွာနဲ့
နှုတ်မဆက်ဘဲပြန်လှည့်လာခဲ့တယ်
မင်းနဲ့စတွေ့ခဲ့တဲ့ ပုတ်တလုတ်ရေကန်လေးလဲ
ဂယက်ထန်ရေကြည်နှောက်သလို
စိမ်းလန်းခြင်းနဲ့ပြည့်စုံခဲ့တဲ့
ကြာမျိုးငါးပါးတို့သည်လဲနွမ်းရော်ပြီး
ကန်ရေလဲခမ်းခြောက်စပြုပြီးကွယ်
အရာရာတိုင်းမှာမင်းရဲ့အငွေ့အသက်မကင်းတဲ့
ဟောဒီပုတ်တလုတ်ရေကန်နဘေးမှာထိုင်စောင့်ရင်း
တိမ်ကောသွားလို့ကန်ပျက်သွားရင်တောင်
မင်းနဲ့အတူထိုင်ခဲ့တဲ့ကန်ဘောင်ပေါ်ကထိုင်ခုံလေးမှာ
မင်းအတွက်တစ်နေရာစာဖယ်ထားကာ
လွမ်းရင်း လွမ်းရင်းစောင့်နေမယ်
မင်းလေးပြန်ရောက်လာနိုင်မယ့်တစ်ရက်ရက်ကို
မျှော်လင့်စောင့်စားရင်းနဲ့ပေါ့
သုဓနုအလွမ်းတွေနဲ့ ကျဝ့်
16 October 2010
ငွေတောင်ပြည်မှအပြန်
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment