တကိုးရှင်လားစွမ်းအားရှင်လား
အသေအခြာဖွင့်ဆိုရန်ခက်ပေမဲ့
လူသားအားလုံးတို့ရဲ့  ကိုးကွယ်ရာ
နှလုံးသားစောင့်နတ်ဘုရားဖြစ်တယ်
အချစ်နတ်ဘုရားဝင်ပူးခြင်းခံရတဲ့
အချစ်ကဗျာမရေးတတ်တဲ့ကျနော်
အလိုလိုနေရင်းအချစ်ကဗျာဆရာဖြစ်သွားတယ်
စွဲလန်းတမ်းတခြင်းကို
အလေ့အထမရှိခဲ့တဲ့ကျနော်
အလိုလိုနေထိုင်ရင်းနဲ့
တစ်စုံတစ်ဦးကိုတမ်းတစွဲလန်းနေမိတယ်
လွမ်းသလိုဆွေးသလိုနဲ့
နှလုးသားစည်းချက်တွ
ပုံမှန်ရိုက်ခတ်မှုပျက်ဆီးစပြုနေပြီး
ချစ်တဲ့ယမင်းလေးရယ်
ကျဝ့်လေအချစ်ပြုစားခြင်းခံနေရတဲ့
ပယောဂအချစ်လူနာတစ်ယောက်ဖြစ်နေပြီး
ကျဝ့်
11 October 2010
ချစ်ခြင်းမေတ္တာဆိုတာ
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment