သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇော်ကြီး။
ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်အခြေစိုက် စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် စကခ(၁၄) ဌာနချုပ် ရုံးစိုက်ရာနေရာရှိ လက်နက်တိုက်တစ်ခု မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
“မနေ့က (၁၀) ရက်နေ့မနက်က မိုင်းဆတ် အခြေစိုက် စကခ(၁၄)က လက်နက်ခဲယမ်း ဂိုဒေါင်တခု မီး လောင်တယ်တဲ့။ လောင်တဲ့ အခါကျတော့ လက်နက်ခဲယမ်းတွေ တော်တော် ပေါက်ကွဲတယ်လို့ပြော တယ်။ အဲဒီပေါက်ကွဲတဲ့အချိန်မှာ အစောင့်တပ်ကြပ်ကြီးတစ်ယောက်နဲ့ ရဲဘော်တစ်ယောက်လည်း မ တွေ့တော့ဘူးတဲ့။ ပေါက်ကွဲတဲ့ အထဲမှာ ပါသွားလားမသိဘူးလို့ ပြောတယ်။” ဟု ဒေသခံ စစ်အစိုးရတပ် နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။
ယင်းကိစ္စ မှန်ကန်ကြောင်းနှင့် ယမန်နေ့နံနက် (၇) နာရီခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး လက်နက် ငယ်ကျည်မျိုးစုံပါဝင်သည့်အတွက် ဆုံးရှုံးမှုများသည်ဟု ဒေသခံများက ပြောကြောင်း ရှမ်းသံတော်ဆင့် သတင်း ဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ယခုလို အတည်ပြုပြောဆိုသည်။
“ဆုံးရှုံးမှုတော်တော်များတယ်တဲ့။ လက်နက်တိုက်မီးလောင်တဲ့အထဲမှာ လက်နက်ကြီးကျည်ဆံ တွေ မီး လောင်ပေါက်ကွဲတဲ့ အထဲမှာပါတယ်တဲ့။ ဒါပေမယ့် အသေအပျောက် ဒဏ်ရာရတာတော့ မကြားဘူး။ ဂိုဒေါင်နှစ်လုံးတဲ့ မီးလောင်တာ။ အဲဒီဂိုဒေါင်ထဲမှာ (၈၁) မမ၊ (၁၂၀) မမ ကျည်ဆံတွေလည်း ပါတယ် တဲ့။”
လက်နက်တိုက်ကို မီးပေးသည့်ဝါယာကြိုးမှတဆင့် လောင်ကြွမ်းခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြော ဆိုကြောင်း ၎င်းကဆက်ပြောသည်။
“အများအားဖြင့် ခန့်မှန်းတာကတော့ လျှပ်စစ်မီး လျှော့ဖြစ်တယ်လို့ ပြောတယ်။ နောက်တချို့ ပြော တာတော့ နအဖ စစ်သားထဲက ရှို့တာလည်းဖြစ်နိုင်တယ်ပေါ့။ “၀” တပ်တွေ ရှမ်းတပ်တွေ သွားပစ်ဖို့ ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်ပေါ့။ သူက အစောင့်အကြပ်တွေ တော်တော်ထူထပ် တာကိုး။ လုံခြုံရေး ကောင်းကောင်းယူထားတဲ့နေရာကိုး။”
မီးလောင်ပေါက်ကွဲမှုဖြစ်ပွားရာပတ်ဝန်းကျင်တ၀ိုက်တွင် ခြေမြန်တပ်ရင်းအမှတ် ခမရ(၃၃၃)၊ခမရ(၄၉)၊အမြောက် တပ် အမှတ် အမတ(၆၄၂)၊ သံချပ်ကာတပ်ရင်းများ ၀ိုင်းရံထားသည်ဟု သိရသည်။
လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ကချင်ပြည်နယ် ဟိုပင်မြို့အနီးရှိ လက်နက်တိုက်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်ဖွဲ့ဝင် အများအပြား သေဆုံးဒဏ်ရာရသူများရှိခဲ့သည်။
13 October 2010
ရှမ်းပြည်နယ်ရှိ စစ်အစိုးရ လက်နက်တိုက်မီးလောင်ပေါက်ကွဲ
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment