16 October 2010

လှည့်ကွက် ...လှည့်ကွက် ....လှည့်ကွက်........လှည့်ကွက်

simple views ဘလော့မှ...

ကျမ စာသွားဖတ်လေ့ရှိတဲ့ ကိုဇော်ရဲ့ ဘလော့ကနေ ဒီ ပို.စ်လေးရေးဖို. အကြောင်းဖန်လာခဲ့တာပါ... သူကတော့ ပရိတ်သတ်ကို ပေးတာ တမျိုးပေါ့နော် ကျမက အဲ့ဒီကနေ ဆက်စပ်တွေးကြည့်လိုက်တာပါ...သူရေးထားတာလေးက ရိုးရိုးလေးပါပဲ.... ပျစ်နေတဲ့ အရောင်တွေ ကို ရေနဲ. ရောလိုက်တာပဲ ဖြစ်ဖြစ်...လေမထိုးခင် အရောင်ရင့် နေတဲ့ အရာဝတ္ထု တွေ လေထိုးလိုက်လို. အရောင်ဖျော့သွားတာပဲ ဖြစ်ဖြစ် ....ဒါတွေဟာ သိပ်သည်းနေတဲ့ အနှစ်ပြည့်ဝနေတဲ့ အရာတွေကို အနှစ်ပေါ့သွားစေလို၊ ကျဲပြီး ဓါတ်ပျော့ အစွမ်းသတ္တိပျော့သွားစေလို တဲ့ အခါ မှာ သုံးတဲ့ အခြေခံ သဘောတရားတွေပါပဲ....အရသာ ပြီးပြည့်စုံနေတဲ့ ဟင်းကို မလိုအပ်ပဲ ရေထပ်ထည့်လိုက်ရင် အရသာပေါ့သွားသလိုပါပဲ......

ဒီသဘောတရားကို ကောင်းကောင်းကြီး အသုံးချလိုက်တာကတော့ လက်ရှိ မြန်မာ စစ်အစိုးရပါပဲ... မြန်မာပြည်ဟာ ကမ္ဘာမှာ နိုင်ငံရေးပါတီအများဆုံး ဆိုပြီး အားလုံးကို လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးထားသလို ဂုဏ်ယူနေကြတာ.........တကယ်တော့ ကျဲသွားအောင် ရေရောလိုက်တာပါပဲ...

ခုလတ်တလော အဖြစ်ကို နှိုင်းယှဉ်ပြောပြရမယ်ဆိုရင်....မြန်မာပြည် ပါတီတခုထောင်ဖို. ၃သိန်း ၊ ကိုယ်စားလှယ် ဖြစ်ဖို.၅ သိန်း...၃ သိန်းရှိရင် ပါတီတခုဖြစ်မယ်..... ကြိုက်သလောက်ပါတီ ထောင်စမ်း ၊ မှိုလိုပေါက်လေ ကြိုက်လေ... ပါတီအရေအတွက် နည်းရင် ခွဲရမယ့် မဲအရေအတွက် များမယ် .... ပါတီ အရေအတွက် များရင် ကိုယ့်လူကိုယ်ပေး ၊ အားနာရာပေး ၊ အတင်းအဓမ္မပေးတွေ နဲ. ရမဲ့ မဲ နည်းအောင် ကျဲအောင်လုပ်ချင်တာ...မိုးကျရွှေကိုယ် ပါတီတွေကတော့ ခုမှ အခွင့်ရလို. ကမန်းကတန်းထောင်တော့ ဘယ်မှာလဲ တိုင်းပြည်အတွက် ရှေ.လုပ်ငန်းစဉ်တွေ ၊ ဘယ်လောက်များ စနစ်တကျရှိမှာလဲ ၊ ပြည်သူတွေ ကို ဘာတွေ အာမခံချက်တွေ ပေးမလဲ ???? ကိုယ်တောင် မနည်း ရပ်တည်နေရတာ ..
ဒီတော့ အရင်ထဲက တဖက်လှည့်နဲ.စည်းရုံးထားတဲ့ ပါတီဝင်တွေ ၊ အတင်းအဓမ္မ စည်းရုံး ခြင်း နဲ.တမျိုး ၊ ငွေနဲ.ဝယ် ၍ တဖုံ မဲရအောင်လုပ်ထားတဲ့ ဖွတ်နိုင်ရင် အပြတ်အသတ်တွေ ဖြစ်သွားနိုင်တယ်.......တခြား ပါတီတွေကတော့ အကြွင်းအကျန်မဲလေးတွေကို ဝေငှယူကြပေါ့...ဒါမျိုး ဒါမျိုး....
သို.သော် အရည်အတွက်သည် အရည်အချင်းမမည်ပါ..( ဒီနေရာမှာ အရည်အချင်းသည် ပြည်သူတွေ ရဲ့ နှလုံးသား ကို ဆိုလိုပါသည် ) ....ဒါကြောင့် ဖွတ်ကျား အသင်း နိုင်မယ်လို. မဆိုလိုသော်လည်း ဖြစ်လာနိုင်တဲ့ ခြေလှမ်းတွေကို ပြောပြတာပါ...

ပြောချင်တာ .ရည်ရွယ်တာကတော့ ပါတီများလေ မဲရနိုင်ချေ နည်းလေ..မဲကျဲသွားလေ ...သူတို. ဖွတ်ကျားအသင်းကို ပြိုင်နိုင်မဲ့ ရန်သူအားနည်းသွားလေ ဆိုပြီး စနစ်တကျ စီမံထားတဲ့ နအဖ ရဲ့ လှည့်ကွက်ကို သိစေချင်တာပါ.......

ကျမ အနေနဲ. မဲလုံးဝ ထည့်မည့်သူမဟုတ်ပါ... မဲပေးရန် ဖောင်ကို လည်း လုံးဝ မဖြည့်ခဲ့ပါ.... ဘာကြောင့် စိတ်မဝင်စားပဲ ရေးရပါသလဲ ဆိုလာပါက ကိုယ့် တိုင်းပြည်ကို ဖျက်ဆီးနေသော အယုတ်တမာ တို.၏ ခြေလှမ်းများကို စောင့်ကြည့်နေခြင်း သက်သက် သာ ဖြစ်ပါသည် ဟု ပဲ ဖြေဆိုပါမည်...

ကျမ အမြင်များကို ဒီလို ပို.စ်တခု ဖြစ်လာအောင် မီးမောင်းထိုးပေးခဲ့သော အရောင်ဖျော့ခြင်း ရေးသားသူ ကိုဇော်အား ကျေးဇူးတင်ရှိပါကြောင်း ပြောလိုပါသည်.

လေးစားစွာဖြင့်
simple views

0 kommentarer:

Post a Comment