20 October 2010

သမ္မတအိုဘားမား မဲဆွယ်စည်းရုံးပွဲတွင် စာအုပ်ဖြင့်ပစ်ပေါက်ခံရ

ဖိုးစံဘလော့မှ....

ဝါရှင်တန်-
ဖီလာဒဲလ်ဖီးယားတွင် လူထု မဲဆွယ်စည်းရုံးမှုပြုနေစဉ်အတွင်း အမေရိ
ကန်ပြည်ထောင်စုသမ္မတ ဘားရတ်အိုဘား မား၏ ဦးခေါင်းအား ချိန်ရွယ်၍ စာအုပ်
တစ်အုပ်နှင့်ပစ်ပေါက်ခဲ့သည်ကို အင်တာ နက်ဗီဒီယိုပြကွက်တွင်
အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့သည်ဟု သိရသည်။

စာအုပ်သည် သမ္မတ၏ဦးခေါင်း နှင့်တေ့လွဲလေးလွဲသွားခဲ့သည်ဟုဆိုသည်။ သို့ရာတွင် စာအုပ်က
ဘယ်ဆီမှလွင့်ပျံလာ သည်ဆိုသည်ကို ရှင်းလင်းစွာမသိရသေး သကဲ့သို့ အဘယ်ကြောင့်
မစ္စတာအိုဘား မားထံ ပစ်ပေါက်သည်ကိုလည်း မသိရဟု ဆိုသည်။ သို့ရာတွင်
လူထုမဲဆွယ်စည်းရုံး လှုံ့ဆော်ပွဲအား စိတ်ဝင်စားဖွယ်ရာဖြစ်ခဲ့ သည်မှာ
ဗီဒီယို၏အခြားပုံရိပ်တစ်ခုတွင် အ၀တ်မပါသည့် လူတစ်ဦးအား ရဲအဖွဲ့မှ
လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားသည်ကို တွေ့ရခြင်းဖြစ်ပြီး ထိုအ၀တ်မပါသည့်အမျိုး
သားသည် စာအုပ်ဖြင့် ပစ်ပေါက်သည့်အမှု နှင့်ပတ်သက်ခြင်းရှိမရှိ မသိရဟုဆိုသည်။
ဖီလာဒဲလ်ဖီးယားတွင် မစ္စတာ အိုဘားမား၏ လူထုမဲဆွယ်စည်းရုံးပွဲသည်

ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲ မကျင်းပ မီ ရက်သတ္တသုံးပတ်ခန့်အလိုတွင်
ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ သမ္မတသည် သူ၏အာဝဇ္ဇန်း ကောင်းကောင်းဖြင့်
ဟောပြောမှုအပေါ် အားကိုးအားထားပြု၍ လူထုအား စည်းရုံး လှုံ့ဆော်မှုပြုပြီး
လွန်ခဲ့သည့်နှစ်နှစ်ခန့်က အိမ်ဖြူတော်သို့ ရောက်ရှိလာခဲ့သူလည်း ဖြစ်သည်။
ယခုနှစ်တွင်မူ သမ္မတနှင့် သူ၏ ဒီမိုကရက်တစ်ပါတီအနေဖြင့် မဲဆန္ဒရှင်တို့ ၏
စိတ်ပါဝင်စားမှုကွာဟချက်ကို သိမြင် လာခဲ့ကြပြီး ပါတီ၏မဲဆန္ဒရှင်တို့ကလည်း
လူထုသဘောထားစစ်တမ်းများမှ ခပ်ဝေး ဝေးနေရန် မျှော်လင့်နေခဲ့ကြခြင်းဖြစ်သည်။
လက်ရှိကျင်းပသည့် လူထုစည်းရုံးလှုံ့ဆော် ပွဲတွင် အိုဘားမားနှင့်အတူ
ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်လည်းပါဝင်ကြောင်း သိရသည်။

နိုဝင်ဘာ၂ရက်တွင်ကျင်းပမည့် အောက်လွှတ်တော်ရွေးကောက်ပွဲတွင်
ဒီမိုကရက်တစ်တို့အား အသာစီးရရန် ရီပတ်ဘလီကင်တို့အနေဖြင့် အမတ်နေရာ
၄၀ခန့်ရွေးချယ်ခံရရန် လိုအပ်နေသကဲ့သို့ အထက်လွှတ်တော်တွင်လည်း အမတ်နေ ရာ
၁၀နေရာရရှိရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

0 kommentarer:

Post a Comment