မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။
စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေတိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။
အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။
ငါ မင်းကို
ဘ၀တစ်ခုလုံးအတွက်
သိပ်ချစ်တယ်။
ပိုးစုန်းကြူးချစ်သူ
ရောင်စုံတိမ်လွှာကြားက
အေးမြကြည်လင်တဲ့
စန္ဒာအလင်းအရှင်။
ကြယ်တာယာဆိုတဲ့
အခြွေအရံတွေနဲ့
မြင့်မြတ်ခြင်းရဲ့ဝေယံမှာ
ယမင်းသခင်မဟာ
နန်းထိုက်စံသူပါကွယ။်
ကျဝ့်အဲဆိုတဲ့ အကျည်းတန်ဟာ
မ၀ံ့မရဲနဲ့ အုံ့ပုန်းအချစ်ရွက်တွေကြားက
ပုန်းလျှိုးနေရတဲ့ ပိုးစုန်းကြူးငယ်ပါ
မှိတ်တုတ်အလင်းတွေသာပိုင်ဆိုင်တဲ့
ဂုဏ်ဒြပ်မဲ့အလင်းနုံခြာမွဲသူဘ၀မို့
လမင်းကြီးနဲ့အလင်းပြိုင်ပွဲမှာ
လင်းအားမယှဉ်ပြိုင်ဝံ့သူပါ။
လသာညတွေမှာ
ပိုးစုန်းကြူးလေးတွေလို
လမင်းလေးကိုလွမ်းဆွတ်ရင်း
လမိုက်ညတွေမှာသာ
ရောင်ဝါပေါ်လွင်နိုင်သူမို့
ချစ်သူလမင်းလေးရယ်
လင်းအားချင်းမတူညီနိုင်သေးတဲ့အခိုက်မှာ
တံတိုင်းကမ္ဘာပါ ခြားကာနေတော့
တစ်ခဏတာဝေးကွာချိန်မှာ
အချစ်ကစုပေးထားတဲ့
အလွမ်းဓါတ်စာတွေနဲ့
အဟာရပြုရင်း
အသက်ဆက်နေမယ်
ဆုံဆည်းနိုင်မဲ့ချိန်ခါ
လမိုက်ညဆီကိုပေါ့
ကျဝ့်
13 October 2010
ပိုးစုန်းကြူးချစ်သူ
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment