freedom news group
မြန်မာစံတော်ချိန် ကြာသပတေးနေ့ ည ၇ နာရီ တိုင်းထွာချက်များ အရ မြန်မာ နိုင်ငံသို့ 
ဦးတည်ခြင်မရှိ ၊မုန်တိုင်းငယ်အဖြစ်သာ အာကောင်းနေ
ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ လေဖိအားနည်း ရပ်ဝန်း သည် ယမန်နေ့ က လေဖိအား ကျုံ
ကြွှမှု အခြေအနေ မှာ တစ်ဆင့် ယနေ့ မနက် လင်းအားကြီး အချိန် တွင် အားကောင်းသော မုန်တိုင်းငယ်
အဖြစ် သို့ ကူးပြောင်းကာ မြန်မာ နိုင်ငံ ဘက် ပုသိမ်မြို့ ၏ အနောက်ဘက် မိုင် ၂၀၀ ခန့် အကွာ ကို ဗဟို
ပြု၍ ရွှေ့ လျှားနေသည် ဟု Freedom Weather Forecast မှ သတိပေးချက် ထုတ်ပြန်ထားသည်။
ထိုမုန် တိုင်းငယ် သည် နောက်ထပ် ၁၂ နာရီ အတွင်း မုန်တိုင်းကြီး အဖြစ် သို့ ရောက်ရှိ မလာပါက ဧရာဝတီ
တိုင်း နှင့် ရန်ကုန်တိုင်း တို့ တွင် မိုးသည်းထန် စွာ ရွာသွန်း သည့် အဆင့်သာ ရှိမည်ဖြစ်သည်။မုန်တိုင်းငယ်
သည် အနောက်မြောက် ဘက်သို့ ဆက်လက် ရွှေ့ လျှားနေပြီး အရှေ့ ဘက်သို့ ပြည်လည် ဦးတည် လာပါက
ရခိုင်ပြည် နယ် နှင့် ဧရာဝတီ တိုင်း စပ်ကြားမှာနေ ၍ မြန်မာ နိုင်ငံ တွင်း သို့ ဝင်ရောက်မည် ဖြစ်သည်။
ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်တတ်သည့် မိုးနှောင်းကာလ မုန်တိုင်းများ သည် မြန်မာ နိုင်ငံတွင်းသို့ 
ဝင်ရောက်တတ်သည်။မုန်တိုင်း ၏ အရှိန်ကြောင့် ဧရာဝတီ တိုင်းတွင် နောက် နှစ်နာရီ အတွင်း နှင့် ရန်ကုန်
တွင်နောက်ထပ် လေးနာရီ အတွင်း နှင့် အခြား မြို့ များ တွင် နောက် ထပ် ခြောက်နာရီ အတွင်း မိုးစတင်
ရွာသွန်း မည် ဖြစ်သည်။
အိန္ဒိယ နိုင်ငံ ကမ်းရိုး တမ်းဒေသများ တွင် မုန်တိုင်း သတိပေးချက် ထုတ် ပြန်ထားသည်။ယခု မုန်တိုင်း
သည် အောက်တိုဘာလအတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်သည်။
14 October 2010
ဘင်္ဂလားပင်လယ်အော်တွင်း ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ် အဖြစ်သို့ ကူးပြောင်း ကာမြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့ လျှား
Etiketter: မုန်တိုင်း သတင်း အထူး သတိပေးချက်
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment