ကဲ...
ဘဝကို တစ်က ပြန်စမယ်။
လမ်း ဆိုတာသွားရင်
ခလုတ်တော့ရှိမှာပဲ။
အားမွေး လိုက်စမ်း..
မာန်တင်း လိုက်စမ်း...
ပြန်ထ လိုက်စမ်း....
ဘဝ ဆိုတာ
အခန်းဆတ်တွေ
အများကြီးနဲ့
ကပြရမယ့် ဇာတ်ခုံကြီးကို
ဒီတစ်ခန်းနဲ့ ကလန့်ကာ
မချလိုက်နဲ့။
မင်းကို ကြည့်နေသူတွေရှိတယ်...
မင်းကို အားပေးနေသူတွေရှိတယ်..
မင်းကို ယုံကြည်သူတွေရှိတယ်..
မပျော့ညံ့စမ်းနဲ့....
မတွေဝေစမ်းနဲ့...
မတုန်လှုပ် စမ်းနဲ့...
ခံနိုင်ရည်မွေးတော့...
နာကျင်စရာတွေ
မေ့လိုက်တော့..
ပူလောင်စရာတွေ
မတွေးနဲ့တော့...
ဥပေက္ခာပြုခံခြင်းကို
ဥပေက္ခာတရားနဲ့သာ ပြုတော့
၁ ပြီး၇င် ၂ ..ပြီးရင်၃..၄..၅..၆.......
ကဲ....
ဘဝကို ..
တစ်က ပြန်စမယ်ဆိုရင်နောက်မကျသေးဘူး
နန်းယမင်း ကောသူးလေးတို့စိတ်ဓါတ်မကျဘို့ တွေဝေငေးမောမနေဘို့ကို အားမာန်ပါပါစပ်ဆိုထားတာပါ၊ မျိုးဆက်သစ်လူငယ် များ အားသစ်မာန်သစ်နဲ့ အားမာန်တွေကို ပြည့်ဝ,စေတဲ့ကဗျာလေးပါ။့
28 April 2011
ဘဝကို တစ်က ပြန်စမယ်
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


1 kommentarer:
မာန်စဝ်လာလည်သွားတယ် စီဘောက်မထားတော့ ဘာရေးရမှန်း မသိဘူး အဲလေ ဘယ်လိုရေးရမှန်းမသိဘူး နန်းယမင်းရဲ့ကဗျာကို မာန်စဝ် ဗွီဒီအိုလိုလို လာလိုလို လုပ်ထားပေးတယ်။
လာကြည့်နော်။ ကျန်းမာချမ်းသာပါစေ။
မာန်စဝ်ဖူ့တာမိုက်
Post a Comment