နိရဉ္စရာ မှ.........
-------------
ဘင်္ဂလာ- မြန်မာ နှစ်နိုင်ငံ နယ်စပ် အလံတင်အစည်းအဝေးတွင် မြန်မာစစ် တပ်မှ ထွက်ပြေးလာသည့် စစ်သားတဦးကို ဘင်္ဂလားရိုင်ဖယ်တပ်ဖွဲ့မှ မြန်မာဘက်သို့ လွဲပြောင်းပေးအပ် လိုက်ကြောင်း သိရသည်။
-------------
ဘင်္ဂလာ- မြန်မာ နှစ်နိုင်ငံ နယ်စပ် အလံတင်အစည်းအဝေးတွင် မြန်မာစစ် တပ်မှ ထွက်ပြေးလာသည့် စစ်သားတဦးကို ဘင်္ဂလားရိုင်ဖယ်တပ်ဖွဲ့မှ မြန်မာဘက်သို့ လွဲပြောင်းပေးအပ် လိုက်ကြောင်း သိရသည်။
သိန်းဇော်ထွန်းကို ယမန်နေ့ ( အင်္ဂါနေ့) ညနေ ၃နာရီ အချိန်တွင် အမှတ် ၅၁ နယ်စပ် မှတ်တိုင်တွင် ပြုလုပ်သော နှစ်နိုင်ငံ အလံတင် အစည်းအဝေးတွင် လွဲပြောင်း ပေးအပ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ ဘီဒီအာရ်နှင့် မြန်မာနစက ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
လွန်ခဲ့သည့် တပတ်ခန့်က သိန်းဇော်ထွန်းသည် G 3 ရိုင်ဖယ် တလက် ၎င်းကျဉ် ၁၂၀ တောင့်နှင့်အတူ ဘင်္ဂလာဘက်သို့ ထွက်ပြေးလာစဉ် ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့ ဘီဒီအာရ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
သူ့အား လိမ်မော်ဆိုးရီ နယ်စပ်မှ ဘင်္ဂလာသို့ဝင်ရောက်လာပြီး စစ်တကောင်း တောင်တန်းနယ် တောင်ပိုင်း ဘိုင်းချာရီနယ်မြေ အလယ် ချောင်းအရောက်တွင် ဘင်္ဂလာ အာဏာပိုင်များ၏ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယခုပြုလုပ်သည့် အလံတင်အစည်းအဝေးကို ဘင်္ဂလာရိုင်ဖယ်တပ်ဖွဲ့မှ နတ်ကျောက်ဆိုးရီးအခြေစိုက် အမှတ် ၁၅ ဘီဒီအာရ်တပ်ရင်းမှ တပ်မှူး ချောဖီဦလ်အာဇာမ် ခေါင်းဆောင်သည့် အဖွဲ့ဝင် ၁၀ဦးတက် ရောက်ပြီး မြန်မာဘက်မှ အမှတ် ၇ နယ်မြေမှူး ဗိုလ်မှူး အောင်သာထွန်း တက်ရောက်ကြောင်း သိရသည်။
ယခင်က လက်နက်ဖြင့် ထွက်ပြေးလာသူများကို ဘင်္ဂလာဘက်က ပြန်လည် ပို့ဆောင် အပြီးတွင် စခန်းသို့ မယူဘဲ တောထဲတွင် အပြတ်ရှင်းပစ်လေ့ရှိသဖြင့် ယခုတကြိမ်တွင်လည်း သိန်းဇော်ထွန်းကိုလည်း အဆုံးစီရင်ပစ်နိုင်ကြောင်း နယ်စပ် အရေး လေ့လာ သုံးသပ်သူများက ပြောဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment