16 November 2010

ကျမရဲ့ second hero



ကျမပြောချင်တာလေးတစ်ခုတော့စဉ်းစားမိပါတယ် ၊ ဘာလဲဆိုတော့ ဒီကေဘီအေ၊ကေအန်ယူ၊
ကေအန်အယ်လ်အေတွေဟာ ကရင်ပြည်သူတွေကပေါက်ဖွားလာတဲ့ တပ်မတော် ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့ အစည်း ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့အစည်းလို့ ပြောလို့ ရတာပေါ့နော်၊

အဲဆန့်ကျင်ဘက်က ကြည့်ရင်တော့ သောင်းကျန်းသူပေါ့နော် ၊ အဲဒီမှာရှိတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို သောင်းကျန်းသူလို့ ခေါ်လိုက်ရင် ကရင်တွေဟာသောင်းကျန်းသူတွေ၊ သူပုန်မျိုးနွယ်လို့ ပြောရတော့မှာပေါ့ ၊ ပြီးတော့ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကလည်း ပန်းတိုင်တူကြတာများပါတယ် ၊ လမ်းလွဲသွားတဲ့ သူကျတော့ ကရင်အလံနဲ့ စောဘဦးကြီးရဲ့ မူလေးချက်ကို ကားပါမစ်နဲ့ လဲလိုက်လေတော့ သူ့ စရိတ်နဲ့ သူသေတွင်းတူရတော့မှာပါ ၊ ဒါအပြင် ကရင်ပြည်သူ ပြည်သားမပြောနဲ့ သူ့ လက်အောက် ငယ်သားတွေတောင် သူ့ ကိုမယုံတော့တဲ့ အထိဖြစ်လာပါပြီ ၊ အဲကရင်အလံနဲ့ ပြည်သူတွေကိုချစ်ကြတဲ့ သူကျတော့လည်း အခုပြည်သူတွေရဲ့ ထောက်ခံမှုတွေရနေပါပြီ။
ထုံးစံအတိုင်း တစ်ဖက်သားလက်ညိုးတစ်ချောင်းတည်းနဲ့ လူလိမ်လူညာ ပြောခဲ့ တဲ့ ရာစုနှစ်တစ်ဝက်ကျော်အထိ လိမ်လာခဲ့တဲ့ အရုက်မရှိတဲ့ အာဏာရှင်တွေလည်း အခုထိကောက်ကျစ်တုန်းပါပဲ ဘာလို့ များအဲလိုလုပ်နေရပါလိမ့်နော် ၊(လိမ်ရင်လည်း နည်းအသစ် ၊သက်သေနဲနဲပါးပါးရှိတဲ့ လိမ်နည်းတွေလည်းလေ့လာထားအုံးလေနော် ၊ အခုက ကရင်က အရင်တုန်းကလို မတုံးတော့ပါဘူး ) ၊ (KNU )နာမည်ကို ဘယ်တုန်းက ပါမစ် ယူလိုက်သလဲတော့မသိပါ ၊ KNU ကလည်းကားပါမစ်ရတယ်လို့ မကြားပါဘူး။
၊တစ်သက်လုံးအော်အော်လာတဲ့ နာမည်ကလည်းရိုးနေတော့ သာမန်လူတွေတောင်သိလာပြီ ၊ တစ်ခုခုဖြစ်ပြီဆိုရင် ဘယ်ပြည်သူကမှသတင်းစာမဖတ်တော့ပါဘူး၊ ဒါလည်းမရှက်တတ်သေးဘူးနော်၊ (မွေးကတည်းက ရှက်ကျောများဖြတ်ထားတာလားမသိဘူး) ၊ ဒီလောက်အရှင်းကြီး စစ်တပ်နဲ့ ဒီကေဘီအေ ဖြစ်နေတာကို ၊ ပြီး KNU ကလက်
နက်ကြီးနဲ့ ပစ်တယ်ဆိုပဲ ၊ရယ်စရာကောင်းတယ်နော် တပ်စုတစ်စု ပစ်ရလောက်အောင် လက်နက်က ကော်နဲ့လုပ်ထားတာမှမဟုတ်တာ ၊သာမန်ပြည်သူ ကလေးတွေတောင်သိတယ်၊ ပြီးတော့ ကိုယ့်ကိုကိုယ်နဲ့လည်း ကရင်အဖွဲ့ အစည်းတွေကို မနှိုင်းပါနဲ့ ။

ကိုယ့်ကရင်ပြည်သူ သားတွေကိုဘယ်သောအခါမှမသတ်ပါဘူး ဘုန်းကြီးကျောင်းသားကိုယ်အမျိုးအဆွေမရှောင်ကိုယ်အာဏာရရင်ပြီးရောသတ်နေတဲ့စစ်အာဏာရှင် မ
ဟုတ်ပါဘူး ။ကရင်အမျိုးသားတွေစစ်စစ် နဲ့ ဖွဲ့ စည်းထားတဲ့  ကရင်ပြည်သူ သားကိုစောင့်ရှောက်ဖို့ဖွဲ့စည်းထားတာပါ ၊
ကဲ ဘာပဲပြောပြောလေ အခုတော့ ကျမရဲ့ second hero လို့ ခေါ်လို့ ရတဲ့ ခေါင်းဆောင်နောက်တစ်ယောက် ထပ်ပေါ်လာပြန်ပြီပေါ့ ၊ သူကတော့ သူများ အဆင့်အတန်းတွေဘယ်လိုခေါ်ခေါ်ပါ ကျမ ကတော့ သူ့ ကို အမျိုးသားထုရဲ့ လမ်းပြကြယ် သူရဲကောင်း မောင်ကျော် စောလားပွယ်လို့ ပဲခေါ်ပါတယ်။

၊ မှောင်မိုက်နေတဲ့ ကောင်းကင်လမသာတဲ့အချိန်မှာ တစ်ပွင့်တည်းသော ကြယ်ဖြစ်တဲ့ သူက လမ်းပြပေးခဲ့ပါတယ် ၊ သူ့ ကြောင့်၁၉၉၄ ကခွဲထွက်သွားတဲ့ အဖွဲအစည်းတွေအားလုံးပြန်လည် စုပေါင်းလာနိုင်ခဲ့ ပါတယ် ၊ ဟိုယောင်ယောင် ဟိုဟာဟုတ်နိုးနိုးနဲ့ စောင့်နေကြတဲ့ ပြည်သူတွေလည်း ဒါအမှားအမှန်ကို ကွက်ကွက်ကွင်းကွင်း မြင်သွားခဲ့ ရပြီ၊ သိသွားကြပါပြီအပြင်တိုင်းရင်းသားအဖွဲ့ စည်းအားလုံးကို အိပ်နေရာကနေ နှိုးလိုက်သလို တပ်လှန်လိုက်သလို ပါပဲ ၊ အဓိက စည်းလုံးသွားခဲ့ရတာကတော့ ကရင်တွေအားလုံးစုစည်းသွားပြီ ဆိုတာပါပဲ ၊ တော်တော်
လည်းဝမ်းသာစရာကောင်းပါတယ် ၊ သေးသေးလေးဆိုပေမဲ့ အဆိပ်ပြင်းတဲ့ ဆိုသလိုပဲ ၊ သူ့ စနက်ကြောင့် အာဏာရှင် တပ်က တော်တော်ကသီသွားပါတယ် ၊လူကတော့ဆိုးပါတယ် ဒါပေမဲ့ ဥာဏ်ကောင်းတယ်နော် ၊ ပြီး တပ်ကွပ်ကဲ တာလည်းနိုင်နင်းတဲ့ အတွက်ကြောင့် အထိအကျနဲနဲ နဲ့ ခွာသွားနိုင်တယ် ၊နေရောပြောင်းနိုင်ခဲ့ ပါတယ် ၊ ဒါကတော့ ပြောစရာမလိုတော့ပါ ဘူး ၊ ဘာလို့ လဲဆိုတော့ ကရင်တွေ တော်လှန်ရေးလုပ်လာတာ ၁ နှစ် ၂ နှစ်မဟုတ်ပါ ၊ နှစ် ၆၀ ကျော်သွားပြီလေ ၊ စစ်ပညာတွေ့ ကြုံ တွေကတော့ ပြည့်ဝမှာပဲလေ။

တစ်ခုတော့ဝမ်းနည်းမိပါတယ် ၊ စစ်သားတွေပေါ့ ၊ သူတို့ ဟာအထက်ကအမိန့်ကိုနာခံနေရသူတွေ ပါ ၊ စစ်သားဆိုတဲ့ အတိုင်း အမိန်တစ်ခုတည်းနဲ့ အလုပ်လုပ်နေရသူတွေပါ ၊သူ တို့ တွေ ဘာအတွက် တိုက်ပွဲ ၀င်ရသလဲဆိုတာ မသိနိုင်ပါဘူး ၊ ကရင်တပ်တွေကတော့ ရှင်းပါတယ် အမျိုးသားရေးအတွက်ပဲဆိုတာ ၊နှစ်စဉ် KNU က ၇န်သူနဲ့ မိမိ သေကြေဒဏ်ရာ ရကိုစာရင်းထုတ်ခဲ့ ပါတယ် ၊ မိမိဆုံးရှုံးရတာထက် ရန်သူဘက်ကအဆပေါင်းများစွာ သေကြေ ဒဏ်ရာရကြပါတယ်။

KNU က ပြောက်ကျားစစ်ဆင်နေ၇တဲ့ သူတွေ ပါ ၊(အင် သူတို့ လည်းအဲဒီပညာတော်တော်တတ်လောက်ရောပေါ့နော် ၊ လုပ်လာတာများပြီဆိုတော့ ) အခု မောင်ကျော် စောလားပွယ် တို့ လည်းပျောက်ကြားနဲ့ ပြန်တိုက်တော့မှာပါ ၊ အရင်ကတော့ အင်အားငါးထောင်လောက်ပဲ ရှိတဲ့  KNU နဲ့ ဆင်နွဲ ခဲ့ရတာပါ ၊အခု အင်အား ၆ထောင်ကျော် ၇ ထောင်နီးပါးရှိတဲပျောက်ကြား
တပ်နဲ့ ဆင်နွဲရမှာဆိုတော့  မြန်မာနိုင်ငံမှာလည်း မုဆိုးမ ဖြစ်မဲ့ လူ ဒုကိခ တဖြစ်မဲ့ လူတွေလည်း လျှော့သွားမှာမဟုတ်ပါဘူး

သေချင်၇င်စိန်မစားနဲ့  ကရင်ပြည်သွားဆိုတာ အလကားပြောတာမဟုတ်ဘူးဆိုတာ ရုပ်လုံးတဖြည်းဖြည်းပေါ်လာပါပြီ ၊
ကျမ ဗီဒီယို ဖိုင်တစ်ခုမှာလည်း(အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးတုန်းကပေါ့နော်) အဲဒီအရာရှိကြီးကပဲ ပြောပါတယ် ဖထီးတို့ တပ်တွေကမီးကျိုးမောင်းပျက်လက်နက်တွေပဲ ရှိတာ ၊ ကျနော်တို့ ဆီမှာ ခောတ်မီလက်နက်တွေရှိတယ်ဆိုပဲ ဟုတ်မဟုတ်တော့ မသိဘူး ၊သေနတ်သံကြားပြီဆိုတာနဲ့ ပဲကို စုတ်စုတ်ပြတ်ပြတ် ပေါက်သင်ညို အရောင်တွေက အ၇င် လဲကျကုန်တာပဲ ၊ တော်သေးတာပေါ့နော်။

မီးကျိုးမောင်းပျက်မို့ လို့ အပြစ်မဲ့ ပြည်သူတွေကိုတော့ အဲဒီသေနတ်နဲ့ ပစ်သတ်ခြိမ်းခြောက်အနိုင်ကျင့်လာခဲ့ သမျှ အပွဲပွဲ တကယ်တောထဲက ကျားနဲ့ တွေ့ တော့မှပဲကြောက်သေးတွေ ထွက်ကုန်ရောလား ၊ အော်လက်နက်ခေတ်မီတာတောင် ဒါပဲလား ၊ လက်နက်တူ အင်အားတူသာ တိုက်လို့ တော့ခွေးပြေးဝက်ပြေးနေရတော့မှာ ၊ အင်အားကသာ မသာတာပါ ကရင်တပ်များကတော့ စိတ်ဓာတ်အင်အားကောင်းတဲ့အတွက် အနိုင်ပွဲတွေဆင်နွဲနိုင်ခဲ့ ပါတယ်။

အိမ်ကွင်းမှာ တော့ကိုယ်က အားသာတာ ဓမ္မတာပဲလေ ၊ ပြီးတော့ စိတ်ဓာတ်ကိုချိုးနှိမ်လိုမရပါဘူးတိုင်းပြည်ချစ်စိတ်
မျိုးချစ်စိတ်ဆိုတာ ၊ သန္ဓေကပါလာတာပါ ၊ ဘယ်သောအခါမှ ရိုက်ချိုးလို့ မရဘူးဆိုတာ စွဲစွဲမြဲမြဲ မှတ်သားစေချင်ပါတယ်၊
ကျမတို့ အမျိုးတွေအနေနဲ့ လည်း တရားသောစစ်ကိုဆင်နွဲနေပေမဲ့ လည်း စစ်မဖြစ်ချင်ကြပါ ၊ စစ်ဖြစ်လာရင် ဘာမှမကောင်းပါ ၊ ကရင်လူမျိုးတို့ ဟာအေးချမ်းရိုးဖြောင့်စွာ နေထိုင်လိုကြပါတယ် ၊ လက်နက်ဖြင့်ငွေဖြင့်အ ရာရာကို ဖြေရှင်းလို့ မရနိုင်ပါ ၊
ငြိမ်းချမ်းရေးကို နားလည်မှု စေ့စပ်ညှိနှိုင်းမှုတို့ နဲ့ သာ ဖြေရှင်းနိုင်ပါတယ်ပြီးကျမတိုအနေဖြင့်လည်းပြည်တွင်းစစ်ကိုမဖြစ်စေချင်ပါ


တိုင်းပြည်အမြန်အေးချမ်းပါစေလို့ ဆုတောင်းလျှက်............


အမှားအယွင်းရှိပါက စာရေးသားသူကျမ၏အားနည်းချက်သာဖြစ်ပါသည်။


နန်းယမင်းဝေ

1 kommentarer:

မောင်ချစ် said...

ယမင်းရေ။

ရောက်ခဲ့တယ်နော်။စာသားတွေက မှန်လွန်းလို့ ရင်ဝကို ထိသွား
တယ်။KNU>>>KNUလို့ဟိုးခလေးဘဝကတည်းကကြားကြားနေရတော့ သီချင်းလေးဘဲ ဆိုလိုက်တယ်။မာယာတွေ ရိုးနေပြီကွာလို့။။မြန်မာက မီးမရှိလို့ သတင်းတွေကို အမှောင်ချ ကြေငြာနေတာကို မြန်မာက ပြည်သူတွေ မသိခဲ့ရင်တောင် ကမ္ဘာကအလင်းအောက်ကလူသားတွေကနားလည်နေပါတယ်။မြန်မာမှာ အမြဲတမ်း အမှောင်ချခံနေ ပြည်သူတွေ ကိုယ်စားပေါ့။ ယမင်းလည်း ပျော်ရွှင်အောင်မြင်ပါစေ။

Post a Comment