9 February 2013

ခေါဝ်က်ုတ၀်~ယှီးယှီး(Shee Shee)

more.gif

22 January 2013

15th KNU congress 1

15th KNU congress 2 15th KNU congress 3

more.gif

OKRSO ကရင်နှစ်သစ်ကူးပွဲအောင်မြင်စွာ ကျင်းပပြီးစီးခြင်း


ကရင်သက္ကရာဇ်(၂၇၅၂) ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ကရင်နှစ်သစ်ကူးပွဲအခမ်းအနားကို OKRSO မှကြီးမှူးပြီး ဇန်န၀ါ၇ီလ (၂၀)၂၀၁၂ခုနှစ်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ ခေါင်တိန်ဘုရားရှိခိုးကျောင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ယနေ့ ကျရောက်သော ၇၅ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီပေးကြသော OKRSO ကော်မီတီဝင်များ KUSG ၊OKCG ,Dong Young မျိုးဆက်သစ်လူငယ်များနှင့်တစ်ခြားသော ကရင်လူငယ်အဖွဲ့ ဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းပထမဦးစွာမှတ်တမ်းတင်အပ်သည်။

အခမ်းအနားအစီအစဉ်အရ.......ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အခမ်းအနားမှူးအဖြစ် ...စောထီ့ဝါးနှင့်နော်စကီတာဝင်းမှတာဝန်ယူပြီး
အစီအစဉ် (၁)ကရင်အမျိုးသားအလံတော်ကို အလေးပြုပြီးဖွင့်လှစ်ခြင်း
အစီအစဉ် (၂)ခါင်တိန်ဘုရားရှိခိုးကျောင်း တာဝန်ရှိ sister မှ အဖွင့်မိန့် ခွန်းပြောကြားခြင်း
အစီအစဉ် (၃)OKRSO နာယက မန်းမြင့်စိုးမှ ကရင်နှစ်သစ်ကူးမိန့် ခွန်းစကားပြောကြားခြင်း
အစီအစဉ် (၄)ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံကို အရှေ့ ပိုးကရင်ဘာသာဖြင့် တိက်ဖေါဟ်ကျော်မှဖတ်ကြားခြင်း
အစီအစဉ်(၅) KNU သ၀ဏ်လွှာကို မန်းဖေသန်းမှဖတ်ကြားခြင်း
အစီအစဉ် (၆)တတိယနိုင်ငံရောက် OKRSO အဖွဲ့ ဝင်ဟောင်းနှစ်သစ်သ၀ဏ်လွှာကို မန်းဆိင့်ပြင်မှဖတ်ကြားခြင်း
အစီအစဉ် (၇)ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ကြွရောက်လာသော Thai Lawyer Council မှ Mr.Surapong Jankongtuek နှစ်သစ်ကူးဝမ်းမြောက်ဖွယ် စကားပြောကြားခြင်း
အစီအစဉ် (၈)ကရင်အမျိုးသားနှစ်သစ်ကူးနှင့်ကောက်သစ်စားပွဲအကြောင်းကို နန်းဖေါင်အွာမှ အရှေ့ ပိုးကရင်ဘာသာဖြင့် ဖတ်ကြားခြင်း
အစီအစဉ်(၉)ကရင်အမျိုးသားနှစ်သစ်ကူးနှင့်ကောက်သစ်စားပွဲအကြောင်းကို စောထီ့ဝါးမှ ထိုင်းဘာသာဖြင့် ဖတ်ကြားခြင်း
အစီအစဉ် (၁၀) ကရင်အမျိုးသားနေ့ နှစ်သစ်ကူးနေ့ အခမ်းအနားအတွက်အဘက်ဘက်မှပံ့ပိုးကူညီပေးသော သူများအတွဲက် စရှိုင်းမှကျေးဇူးတင်စကားပြောကြားခြင်းနှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း.....

အဲဒီနောက်မှာတော့ ကောက်သစ်စားပွဲအစီအဉ်တင်ဆက်မှုများကို ဆက်လက်ကျင်းပပြီးနေ့ လည် ၁၂း၃၀ တွင်မှာတော့ ကျွေးမွေးရေးအစီအစဉ်များဖြင့် ပထမပိုင်းအစီအစဉ်ပြီးဆုံးခြင်း.....

ကျွေးမွေးပွဲ ပြီးတဲ့နောက်တွင် ကရင့်ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုများနှင့် အားကစားအစီအစဉ်များ ဆက်လက်ကျင်းပပြီး အခမ်းအနားကို ညနေ ၄း၃၀ တွင် အောင်မြင်စွာရုတ်သိမ်းလိုက်ပါသည်....လှုပ်ရှားမှုဓာတ်ပုံများကို အောက်မှာ ဆက်လက်၇ှုရှားနိုင်ပါသည်။




























ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို လာရောက်ပါဝင်ယှဉ်နွဲကြသော မျိုးချစ်ကရင်အမျိုးသားများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။


OKRSO မိသားစု

more.gif

ကရင်နှစ်သစ်ကူးနေ့ ဂျာမနီ

ကရင်နှစ်သစ်ကူးနေ့ ဂျာမနီ (၁)
HD မှ ရိုက်ကူးတည်းဖြတ်သည် ။

more.gif

14 January 2013

လိုင်ဇာမြို့ထဲ လက်နက်ကြီး ကျည်ဆံတစ်ချို့ကျရောက် ပေါက်ကွဲ


2013-01-14

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက်တဲ့ လိုင်ဇာမြို့လယ်ကို ဒီကနေ့ ဇန်န၀ါရီလ ၁၄ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ၃လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားသုံးဦး သေဆုံးခဲ့ပြီး လေးဦးကို အရေးပေါ်ဆေးရုံ တင်ထားရပါတယ်။



Photo:RFA/Nyein Nyein Pyae
ဇန်နဝါရီ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများကို သဂြိုလ်ရန် ပြင်ဆင်နေစဉ်။

ဒီကနေ့ မနက်ပိုင်း ၈နာရီကျော်အချိန်လောက်က လိုင်ဇာမြို့လယ်၊ သျှင်းလီဟိုတယ်နဲ့ မြစ်ကြီးနားဟိုတယ်အနီးက လူနေအိမ်တွေရဲ့အပေါ် လက်နက်ကြီး ကျည် ၄လုံးကျရောက်ခဲ့ပြီး ၃လုံး ပေါက်ကွဲခဲ့တဲ့အတွက် အဲဒီမှာ မီးလှုံနေကြတဲ့ လိုင်ဇာမြို့ဒေသခံ ၃ဦး အပါအဝင် အနီးအနားမှာရှိတဲ့သူတွေ ထိမှန်ခဲ့တာဖြစ်ပါတယ်။

လိုင်ဇာမြို့ခန်းမမှာ ခေတ္တလာရောက်ခိုလှုံနေပြီဖြစ်တဲ့ အသက် ၃၇နှစ်အရွယ် ဦးတူးမိုင် က ဒီမနက်က သူကြုံတွေ့လိုက်ရပုံကို အခုလို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပက်သတ်ပြီး RFA က ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဆက်သွယ်မေးမြန်းပေမယ့် သူတို့အနေနဲ့ လောလောဆယ် တစ်စုံတစ်ရာပြောကြားလိုခြင်း မရှိသေးကြောင်း ပြန်ကြားခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လိုင်ဇာမြို့ခံတစ်ချို့က တရုတ်နယ်စပ်ဂိတ်ရှိရာကို အပြေးအလွှား ပြောင်းရွှေ့သွားရောက်ပြီး တရုတ်နိုင်ငံဘက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသလို တချို့က ခေတ္တခိုအောင်းလို့ရမယ့် နေရာတွေဆီ ရွှေ့ပြောင်းနေကြပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.




ယနေ့ မနက်ပိုင်းက မြန်မာစစ်တပ်၏ လိုင်ဇာမြို့ တွင်းသို့  လက်နက်ကြီးပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားရသူများ
ယနေ့ မနက်ပိုင်းက မြန်မာစစ်တပ်၏ လိုင်ဇာမြို့ တွင်းသို့  လက်နက်ကြီးပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားရသူများ
 
ယနေ့ မနက်ပိုင်းက မြန်မာစစ်တပ်၏ လိုင်ဇာမြို့ တွင်းသို့  လက်နက်ကြီးပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားရသူများ
ယနေ့ မနက်ပိုင်းက မြန်မာစစ်တပ်၏ လိုင်ဇာမြို့ တွင်းသို့  လက်နက်ကြီးပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားရသူများ
 
 
 
 


more.gif


ကရင်ပြည်နယ်သို့ရောက်ရှိနေကြသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်နှင့် ဇနီးတို့အား ဘားအံမြို့ရှိ ခရစ်ယာန်ဘုန်းတော်ကြီး ဘိရှော့စတိုင်လိုနှင့်အတူတွေ့ရစဉ်(Photo-U.S. Embassy Rangoon)
ကရင်ပြည်နယ်သို့ရောက်ရှိနေကြသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်နှင့် ဇနီးတို့အား ဘားအံမြို့ရှိ ခရစ်ယာန်ဘုန်းတော်ကြီး ဘိရှော့စတိုင်လိုနှင့်အတူတွေ့ရစဉ်(Photo-U.S. Embassy Rangoon)

more.gif

13 January 2013

မလေးရှား ကရင်နှစ်သစ်ကူးအခမ်းအနား ရုပ်သံ(၂)

more.gif

နေပြည်တော်က ကရင်အမျိုးသားနေ့ သတင်း

ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်တို့ အပါအ၀င် ကိုယ်စားလှယ်များ ကရင်နှစ်သစ်ကူးနေ့ကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပျော်ပျော်ပါးပါးဆင်နွဲနေပုံ။ 

____________________________________
Reference and Credit to -ဓာတ်ပုံ - ၀င်းကိုကိုလတ်(မြန်မာတိုင်း(မ်))
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်တို့ အပါအ၀င် ကိုယ်စားလှယ်များ ကရင်နှစ်သစ်ကူးနေ့ကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပျော်ပျော်ပါးပါးဆင်နွဲနေပုံ။ 
We Fight We Win မှ

more.gif

ကရင်နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင် စည်ကားစွာကျင်းပ

more.gif

လိုင်ဇာသို့ မာနယ်ပလောသင်ခန်းစာ

၁၉၉၄ သြဂုတ်လထဲတွင် ကေအန်ယူတို့၏ ဌာနာချုပ်ဖြစ်သော မာနယ်ပလော၌ အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် ညီလာခံကြီး တခု ကျင်းပခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စုံစုံညီညီ တက်ရောက် ကြသည်။ လက်နက်မကိုင်သည့် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနှင့် မြန်မာအဖွဲ့အစည်းများလည်း ပါဝင်ကြသည်။ ထိုင်းနိုင်ငံအခြေစိုက် ကျောင်းသားအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း အကြီးအသေးတွေလည်း ဖိတ်ကြားခံရ သည်။ တောတွင်း၌လည်း ထိုအချိန်က နှစ်ဖွဲ့ကွဲနေသည့် ကျောင်းသားတပ်မတော်ဟု လူသိများသည့် အေဘီအက်စ် ဒီအက်ဖ် နှစ်ဖွဲ့လုံးလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင် သည့် နိုင်ငံခြားသား ပညာရှင် တချို့လည်း ဖိတ်ကြားခံရ၍ ရှိနေခဲ့သည်။ ကျနော်၊ ကိုအောင်သူငြိမ်းနှင့် လုပ်ဖော်ကိုင်ဖက် တချို့လည်း ဤဖွဲ့စည်းပုံ အခြေခံဥပေဒ ညီလာခံတက်ရောက်ရန် "ကလလတ"ဒေသ (ကရင်နီပြည်နယ်တောင်ပိုင်း) မှ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ကိုအောင်သူငြိမ်းသည် ဥက္ကဋ္ဌ မိုးသီးဇွန် ဦးဆောင်သည့် “အေဘီအက်စ်ဒီအက်ဖ်” တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။ ထိုအချိန်က နှစ်ခြမ်း ကွဲနေသော ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေးအတွက် လုံးပန်းနေသော ကာလလည်း ဖြစ် သည်။ ပေါင်းစည်းရေးအတွက် ကော်မရှင်ဖွဲ့သောအခါ ဒေါက်တာနိုင်အောင် ဦးဆောင်သော ဖက်မှ ကော်မရှင်နှစ်ဦး မှာ ဒေါက်တာမြင့်ချို (ယခုသြစတေးလျှ) နှင့် ကိုဝင်းနိုင် (ယခု အာအက်ဖ်အေရေဒီယို ဝါရှင်တန်ဒီစီ) တို့ဖြစ်၍ မိုးသီးဇွန် ဦးဆောင်သောဖက်မှ ကော်မရှင်နှစ်ဦးမှာ စာရေးသူကျနော်နှင့် ကိုလွမ်းဏီ (မင်းဘူးကျော်ကျော်) တို့ ဖြစ်သည်။ ကျနော်တို့ ကော်မရှင်နှစ်ဖွဲ့ သီးသန့််တွေ့ဆုံ ဆွေးနွေးသည့်အခါများ ရှိသလို၊ တပ်ပေါင်းစု ခေါင်းဆောင်များကို တရား သူကြီးများ သဖွယ် ရှေ့မှာထား၍ ဆွေးနွေးရသည့် အခါများလည်း အကြိမ်ကြိမ် ရှိခဲ့သည်။ ထိုအချိန်က တပ်ပေါင်းစု ခေါင်းဆောင်များ ထဲမှ ကျနော်တို့ ကော်မရှင်နှစ်ဖွဲ့ကို တွေ့ဆုံရသည့် ခေါင်းဆောင်များကတော့ ကေအန်ယူမှ ဗိုလ်ချုပ်တာမလာဘော၊ ရခိုင်အဖွဲ့မှ ခေါင်းဆောင် တဦးဖြစ်သည့် ခိုင်စိုးနိုင်အောင်၊ ရံဖန်ရံခါ မွန်အဖွဲ့မှ အတွင်းရေးမှူး နိုင်ဟံသာတို့လည်း ပါရှိသည်။ ဖဒိုမန်းရှာလည်း တခါတရံ ဆွေးနွေးပွဲ၌ လာထိုင်တတ်သည်။ အနာဂတ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ကျင်းပနေသည့် ရက်များအတွင်း ကျနော်တို့ အင်အားစု တချို့အကြား နောက်ထပ် ဆွေးနွေးဖြစ်သည့် ကိစ္စတခုကတော့ မာနယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျနိုင်မကျနိုင် ဆိုသည့် ဆွေးနွေးချက်များ ဖြစ်သည်။ မာနယ်ပလောဌာနချုပ်ကို အစိုးရတပ်များ ဝိုင်းထားသည်မှာ ၁၉၉၁ နှစ်ကုန် ကတည်းက ဖြစ်သည်။ တိုက်ပွဲများ ပြင်းထန်သည်။ အစိုးရတပ်မှ တရုပ်လုပ် တိုက်လေယဉ်များနှင့် နေ့စဉ်ဆိုသလို တိုက်ခိုက်သည့် အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲများတွင် ထွီးပါးဝီကျိုးခေါ် ခွေးအိပ်တောင် တိုက်ပွဲသည် အပြင်းထန်ဆုံးဟု ဆိုနိုင်သည်။ ၁၉၉၂ ခုနှစ် မတ်လထဲတွင် ခွေးအိပ်တောင်ကို အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ အမြောက်ကြီးများဖြင့် တရက်ကို အလုံးတရာထက် မနည်း နှစ်လသုံးလခန့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။ အစိုးရတပ်မှ ကျွံပြီးဝင်လာသော ဗိုလ်မှူး မင်းညဏ်ရှိန် ဦးစီးသည့် တပ်ခွဲတခုအား ကျောင်းသားတပ်များနှင့် ကေအန်ယူကွန်မင်ဒိုများ ဝိုင်းပတ်ချေမှုန်းသည်။ ဗိုလ်မှူး မင်းညဏ်ရှိန် တပ်ခွဲမှ ဆွီဒင်နိုင်ငံလုပ် ကားလ်ဂူးစတပ်ဖ် ရော့ကက်လောင်ချာ တလက် ကို ကေအန်ယူ ကွန်မင်ဒိုများမှ သိမ်းပိုက် ရရှိခဲ့တာကို မှတ်မိသေးသည်။ ခွေးအိပ်တောင် ကျသွားသော်လည်း မာနယ်ပလောသည် လွယ်လွယ်နှင့်မကျနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မာနယ် ပလော ဌာနချုပ်၏ တည်နေရာသည် ကျယ်ပြန့်သည်။ သံလွင်မြစ်နှင့် သောင်ရင်းမြစ် အကြားမှာတည်ရှိ၍ ဌာနချုပ် အနောက်ဖက် တကြောလုံးကို အလွန်ရေစီးသံသည့် သံလွင်မြစ်နှင့် ဒေါနတောင်တန်းကြီးက တံတိုင်းသဖွယ် ကာထား သည်။ အရှေ့ဖက် တွင်လည်း သောင်ရင်းမြစ်နှင့် ထိုင်းနိုင်ငံနယ်နမိတ် မျဉ်းကြောင်းက ကာဆီးထားပြန်သည်။ ဘာနှင့် တူသလဲဆိုလျှင် အင်းဝမြို့ကို ဧရာဝတီမြစ်နှင့် ဒုတ္ထဝတီမြစ်တို့ ကာရံပေးထားသလိုမျိုး ဖြစ်သည်။ ၁၉၉၂ သင်္ကြန်ကာလ မတိုင်မီ အစိုးရဖက်မှ ဗိုလ်ချုပ်မောင်လှက ဦးစီး၍ အပစ်အခတ် ရပ်စဲရေးကို ကြေညာ ခဲ့သည်။ ခွေးအိပ်တောင် အစိုးရလက်တွင်း ကျသွားသော်လည်း အစိုးရတပ်တွင်းမှာ အခက်အခဲများ ဆက်လက် ရင်ဆိုင်နေခဲ့ရ၍ ဖြစ်သည်။ မာနယ်ပလော ကာကွယ်ရေးအတွက် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှလည်း လာရောက်ကူညီ တိုက်ခိုက်ပေးခဲ့ကြသည်။ ၁၉၉၁ ဒီဇင်ဘာလမှ ၁၉၉၂ ဧပြီလအထိ အစိုးဖက်မှ ဒဏ်ရာရ ကျဆုံးသူပေါင်း သုံးထောင်ခန့် ရှိခဲ့သည်။ ခွေးအိပ်တောင်တခုသာ သိမ်းပိုက်နိုင်ခဲ့သည်။ မာနယ်ပလော တခုလုံးကို သိမ်းပိုက်ဖို့ဆိုလျှင် နောက်ထပ်ရင်းရမည့် တပ်အင်အားကား သည့်ထက်မက များပြားသည်ကို တွက်ချက်နိုင်သည်။ တချိန်ထဲမှာလည်း အစိုးရ စစ်ကြောင်းများမှ တပ်ပြေးများကလည်း မနည်းလှ။ တပ်များအတွင်း စိတ်ဓာတ်ရေးရာအရ တစုံတရာ ကျဆင်းနေသည်ကို ပြန်လည် ဆယ်မရန် အစိုးရဖက်မှ အပစ်အခတ် ရပ်စဲကြောင်း ကြေညာသည်ဟု ယူဆရသည်။ အချိန်ဝယ်သည့် သဘော မျိုး ဖြစ်သည်။ မာလယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျသွားနိုင်သလား ဆိုတဲ့ ဆွေးနွေးချက်ကို ပြန်သွားပါမည်။ အယူအဆ ကလည်း အမျိုးစုံလှသည်။ တချို့က ဒီလိုတွက်သည်။ အစိုးရသည် မာနယ်ပလောကို မည်သည့်နည်းနှင့်မဆို ရအောင် တိုက်ယူနိုင်သည်။ ရှေ့တန်းနယ်မြေအတွင်း အပစ်အခတ်ရပ်စဲ လိုက်ခြင်းသည် နိုင်ငံရေးအရ ဆက်ကစားလိုသောကြောင့် ဖြစ်သည်။ တပ်ကိုအားကောင်းကောင်းနှင့် ဆက်ထိန်းရန်အတွက် ရန်သူရှိနေသေးသည် ဆိုတာကို ပြသဖို့လိုသည်။ ထို့ကြောင့် မာနယ်ပလောကို အပြီးမသိမ်းဘဲ အသက်ရှုပေါက် ပေးထားသည်ဟု မြင်သည့်သူများလည်း ရှိသည်။ တချို့ ကတော့ ဆက်လက် ရင်ဆိုင်ရမည့် နိုင်ငံတကာဖိအားကို စိုးရိမ်သောကြောင့် အပစ်ရပ်လိုက်သည်ဟု ထင်မြင်ချက်ပေးကြ သည်။ မာနယ်ပလောကို အပြီးသိမ်းယူဖို့ဆိုလျှင် အစိုးရဖက်မှ အနည်းဆုံး စစ်သားနှစ်သောင်းကျော် သုံးသောင်းလောက် အသေခံမှ ရမည်ဆိုသည့် တွက်ကိန်းကြောင့် အစိုးရဖက်မှ ခေတ္တနောက်ဆုတ် လိုက်တာသာဖြစ်ကြောင်း တချို့က တွက်ချက်ကြသည်။ တချို့ရဲ့ ဆွေးနွေးချက်များကတော့ ဒီလိုဖြစ်သည်။ ဘယ်လိုဘယ်အကြောင်းနဲ့ မာနယ်ပလော စစ်ဆင်ရေးကို ရပ်ဆိုင်း လိုက်သည်ဖြစ်စေ ဈေးပေါပေါဈေးချိုချိုနဲ့ ရမည်ဆိုလျှင်တော့ မာနယ်ပလောကို အစိုးရက သိမ်းမှာ ပဲ လို့ တွက်ချက်ပြခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံကြီး ပြီးစီးသွားသော်လည်း ကျနော်နဲ့ ကိုလွမ်းဏီ မာနယ်ပလောမှာ ဆက်ရှိနေသည်။ ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်များ တဖက်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် ရှိသောကြောင့် ဖြစ်သည်။ ကိုမိုးသီးဇွန်နှင့် ကိုအောင်သူငြိမ်းတို့ကတော့ ညီလာခံအပြီး တနင်္သာရီတိုင်းထဲ၌ ဌာနချုပ်လုပ်ထားသော စခန်းတခု ဆီသို့ ပြန်သွားကြသည်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလလယ်ခန့်တွင် ကျနော်နှင့်ကိုလွမ်းဏီတို့ ဒေါက်တာနိုင်အောင် ဦးဆောင်သည့် သူတို့၏ ဗဟို ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ပြန်လည်ပေါင်းစည်းရေး အတွက် သူတို့ဖက်က ကော်မရှင်နှင့် ဆက်လက်ဆွေးနွေးရန် ဖြစ်သည်။ သူတို့ ဗဟိဌာနချုပ်သည် သံလွင်မြစ် နံဘေးတွင်တည်ရှိသည်။ ထိုနေရာကို ကရင်များက ဒါးဂွင်ဟုခေါ်၍ ကျောင်းသားများကတော့ ဒေါင်းဂွင်ဟု ခေါ်ကြသည်။ နှစ်ညအိပ်ခန့် သူတို့ဌာနချုပ်တွင် ဆွေးနွေးခဲ့ကြပြီး ကျနော်နှင့် ကိုလွမ်းဏီတို့ မာနယ်ပလောသို့ စက်လှေဖြင့် ပြန်ခဲ့ကြသည်။ ဒေါင်းဂွင်နှင့် မာနယ်ပလောအကြားတွင် နယ်စပ်ဈေးကြီး တခုရှိသည်။ သံလွင်မြစ်ကို မေးတင်၍ ထိုင်းနိုင်ငံဖက်ခြမ်း၌ ဆောက်လုပ်ထားသော ဈေးတန်းကြီးဖြစ်သည်။ သော်လဲထ ဈေးဟုခေါ်သည်။ ထိုင်းတွေကတော့ မယ့်စံပလက်ဟု ခေါ်ကြသည်။ ထိုဈေးကြီး၌ ကျနော်နှင့် ကိုလွမ်းနီတို့ နေ့လည်စာ စားကြသည်။ သည့်နောက်တော့ မာနယ်ပလောဖက် ထွက်မည့် စက်လှေကို စုံစမ်းမေးမြန်းရင်း JRS (Jesuit Refugee Service) တွင်အလုပ်လုပ်နေသည့် အမေရိကန်နိုင်ငံသူ အီးဒစ်နှင့် တွေ့သည်။ သူမကလည်း စက်လှေတစီးလုံး စင်းလုံးငှား ထားသည်။ စက်လှေပေါ်တွင် ဆန်အိပ်များ အပြည့်တင်ထားသည်ကို တွေ့ရသည်။ ထိုဆန်အိပ်များက မာနယ်ပလော ဧရိယာတခုတွင် ဖွင့်လှစ်ထားသော အမျိုးသမီး ခရစ်ယန်ကွန်ဗင့်ကျောင်းကို လှူဒါန်းရန်ဖြစ်သည်ဟု အီးဒစ်က ပြောပြ သည်။ ကျနော်တို့ကို သူ့လှေနှင့်လိုက်လိုက လိုက်နိုင်ကြောင်းပြော၍ ကျနော်တို့အတွက် အဆင်ပြေသွားသည်။ လှေခလည်း ကုန်စရာမလိုတော့။ သံလွင်မြစ်အတိုင်း ရေကိုစုန်၍ စက်လှေကထွက်လာသည်။ သော်လဲထမှ ထွက်၍ မိနစ်လေးဆယ် ငါးဆယ်လောက် အကြာတွင် သံလွင်နှင့်သောင်ရင်း မြစ်ဆုံသို့ ရောက်လာသည်။ ဤတွင် ကျနော်တို့ စက်လှေ အတား ခံရသည်။ တားသူများကတော့ ကေအန်ယူ ယူနီဖောင်းဝတ် စစ်သားများ ဖြစ်သည်။ သေနတ်များကို မြှောက်ပြကာ ဝီစီ မှုတ်၍ တားခြင်း ဖြစ်သည်။ လှေသမားလည်း ကမ်းကိုကပ်၍ ရပ်ပေးရသည်။ မရပ်ပါက သေနတ်ဖြင့် အပစ်ခံရဖွယ်ရှိသည်။ အနီးနားရောက်မှ မြင်ရသည်ကတော့ ထိုကေအန်ယူစစ်သားများသည် ခေါင်းတွင် သင်္ကန်းရောင် အစများကို ခေါင်းစည်း သဖွယ် ပတ်ထားကြ၍ သေနတ်များတွင်လည်း သင်္ကန်းစများကို ချည်ထားကြသည်။ ကျနော့်အထင်တော့ အနည်းဆုံး သင်္ကန်းကို ခေါင်းပတ်ထားသော စစ်သားများမှာ အရေအတွက်အားဖြင့် နှစ်ရာခန့်ရှိသည်။ လှေရပ်အပြီး သူတို့ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက ကျနော်တို့ကို ယောက်ဖတို့ ဘယ်အဖွဲ့ကလဲ ဘယ်သွားမှာလဲဟု မေးသည်။ တခုခုဖြစ်နေပြီဆိုတာကို ကျနော်သဘောပေါက်လိုက်သည်။ ကျနော်က ကျနော်တို့သည် ကျောင်းသားအဖွဲ့ က ဖြစ်ကြောင်း မာနယ်ပလောကို ပြန်မှာဖြစ်ကြောင်း ပြောလိုက်သည်။ ထိုသူက ဒီအင်္ဂလိပ်မကကော ဘယ်သွားမှာလဲဟု မေးလာပြန်သည်။ ကျနော်က စကားပြန်လုပ်၍ ထိုအမျိုးသမီးသည်လည်း မာနယ်ပလောကို သွားမှာဖြစ်ကြောင်း ဆန်အိပ် များကလည်း သူ့ဆန်အိပ်များဖြစ်ကြောင်း ရှင်းပြသည်။ ဒီဆန်အိတ်တွေက ဘယ်သူ့အတွက်လဲဟု မေးလာ၍ ဒုက္ခသည် များအတွက် ဖြစ်ကြေင်း ကျနော်ကဝင်ပြောရပြန်သည်။ ခရစ်ယာန် ကွန်ဗင့်ကျောင်းအတွက်ဟု မပြောရဲသောကြောင့် ဖြစ်သည်။ ထိုခေါင်းဆောင် ဖြစ်ဟန်တူသူက ကျနော်တို့ကို လှေပေါ်မှဆင်းခိုင်း၍ လှေသမားနှင့်အတူ သောင်ပြင်ပေါ်တွင် ထိုင်ခိုင်းထားသည်။ သူကပဲ ဆက်၍ သူတို့တောင်ပေါ်မှ ဆင်းလာရခြင်းမှ ဘာသာရေး မညီမျှမှု ဖြစ်သောကြောင့် ဆန္ဒ ပြရန် ဤမြစ်ဆုံ ဘုန်းကြီးကျောင်းကို ဆင်းလာရခြင်း ဖြစ်ကြောင်း ရှင်းပြနေသည်။ သူတို့နဖူးမှာ သင်္ကန်းစတွေကို စည်းထား ကတည်းက ကျနော့်အနေနဲ့ သဘောပေါက်ပြီးသားပါ။ ပြီးခဲ့သည့် လပိုင်းအတွင်းမှာ ဗုဒ္ဓဘာသာဝင် ကရင်အရပ်သားများနှင့် ကေအန်ယူ ခရစ်ယန် အရာရှိတဦးအကြား ပြဿနာ ဖြစ်ထားတာကိုလည်း ကျနော်တို့ သိထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ကရင်လူမျိုး ဘုန်းတော်ကြီးတပါးက (မြိုင်ကြီးငူ ဆရာတော်) ရှေ့တန်းနယ်မြေ တနေရာတွင် စေတီငယ်တဆူ တည်သည့် ကိစ္စနှင့် ပတ်သက်၍ ထို ဘုန်းတော် ကြီးသည် ရန်သူအစိုးရ လက်နက်ကြီးပစ်လျှင် လွယ်ကူစေရန် နေရာအညွှန်းပြသည့် သဘောဖြင့် ထိုစေတီကို တည်သည် ဟု ကရင်အရာရှိ တချို့ကမြင်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း မြိုင်ကြီးငူ ဆရာတော်၏ မြစ်ဆုံကျောင်းသို့ ဥပုသ် နေ့များတွင် စက်လှေဖြင့်လာရောက်သည့် ဗုဒ္ဓဘာသာဝင် ကရင်ဒေသခံများအား ခရစ်ယာန် ကေအန်ယူ အရာရှိတချို့မှ သောင်ပြင်ပေါ်တွင် နေပူလှမ်းခြင်း ရိုက်နှက်ခြင်းများပြုလုပ် ထားတာကလည်း ရှိထားသည်။ ထိုအရာရှိများ၏ အဆို ကတော့ စစ်ပူနေသည့် ကာလကြီးမှာ တိုက်ပွဲဖြစ်ပွားနေသည့် ခွင်အတွင်းမှာ ရှိသည့် ဘုန်းကြီးကျောင်းကို လာရသလား တခြားကျောင်းတွေကို ဘာလို့ မသွားတာလဲ စသဖြင့် စွပ်စွဲ၍ ရိုက်မောင်းပုတ်မောင်း လုပ်ထားများကလည်း ရှိနေ သေးသည်။ နောက်ဆုံး တိုတိုပြောရရလျှင် မာနယ်ပလော ခံစစ်ကုန်းများပေါ်မှာ ဗုဒ္ဓဘာသာ ကေအန်ယူရဲဘော်များ လက်နက်အစုံဖြင့် ဆင်းလာ၍ မြစ်ဆုံ ဘုန်းကြီးကျောင်းကို သပိတ်စခန်းအဖြစ် ဖွင့်လှစ်လိုက်ခြင်းပင်။ ကျနော်တို့လည်း သောင်ပြင်ပေါ် နေပူပူအောက်မှာ နှစ်နာရီလောက် ထိုင်နေခဲ့ရသည်။ ထို့နောက် သူတို့အထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသူက ယောက်ဖတို့သွားလို့ရပြီဆိုမှ သက်ပြင်းချနိုင်တော့သည်။ တခါ မာနယ်ပလောဝင်သည့် သောင်းရင်းမြစ်ထဲရှိ သစ်စက်ဂိတ်မှာလည်း ကျနော်တို့ နောက်ထပ်တနာရီလောက် အစစ်ဆေးခံရပြန်သည်။ ဗုဒ္ဓဘာသာ ကရင်စစ်သား အရေအတွက် ဘယ်လောက် မြစ်ဆုံမှာ ရှိသလဲ၊ ဘာလက်နက်တွေ ကိုင်ထားသလဲ စသဖြင့် အမေးအမြန်း ခံနေရခြင်း ဖြစ်သည်။ သို့ဖြင့် ညနေနေဝင်ခါနီးလောက်မှ ကျနော်တို့စက်လှေ မာနယ်ပလောကို ရောက်တော့သည်။ လှေကြုံလိုက်မိသော ကျနော်နှင့်ကိုလွမ်းဏီမှာ သောပြင်နေပူထဲတွင် နှစ်နာရီခန့် နေခဲ့ရသလို မာနယ်ပလော ရောက်တော့ လည်း လှေဆိပ်မှာ လူမရှိသောကြောင့် အီးဒစ်၏ ကွန်ဗင့်ကျောင်းကိုလှူမည့် ဆန်အိတ်များအား ကမ်းစပ်သို့ ထမ်းချပေး လိုက်ရသေးသည်။ ကျနော်တို့အား တားဆီးသော ထိုဗုဒ္ဓဘာသာဝင် ကေအန်ယူ စစ်သားများသည် နောင်မကြာမီ၌ ဒီကေဘီအေ ဟူ၍ဖွဲ့စည်းကာ ကေအန်ယူမှ ခွဲထွက်လိုက်ကြသည်။ သည့်နောက် မာနယ်ပလောတွင် လူကြီးများခေါင်းချင်းရိုက်၍ ပြဿနာကို ဘယ်လိုဖြေရှင်းမည်နည်းဟူ၍ စဉ်းစားကြသည်။ အဖွဲ့အစည်း ပေါင်းစုံမှ ခေါင်းဆောင်များဖြင့် ဆွေးနွေးရန်ကိုယ်စားလှယ်အဖွဲ့ တခုကို ဖွဲ့စည်းလိုက်သည်။ ကျနော်တို့ဖက်မှ ကိုလွမ်းဏီလည်း ထိုအဖွဲ့တွင် ပါဝင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကတော့ ကေအန်ယူက ဖဒိုမန်းရှာဖြစ်သည်။ ၂ဝဝ၈ ခုနှစ် တွင် အမည်မသိ သေနတ်သမားများက မဲဆောက်၌ လုပ်ကြံ၍ ကွယ်လွန်ခဲ့သူ ဖြစ်သည်။ မြစ်ဆုံဘုန်းကြီးကျောင်းကို ဆွေးနွေးဖို့ ရောက်တော့ ဗုဒ္ဓဘာသာ ကရင်စစ်သားများက ဖဒိုမန်းရှာကို ဖမ်း၍ မြေကျင်းကြီးတခုထဲတွင် ချုပ်ထားလိုက် သည်။ နောက်ဆုံး အားလုံး ဝိုင်းဝန်းဆွေးနွေးရာမှ ဖဒိုမန်းရှာကို ပြန်လွှတ်ပေးသည်။ ဖဒိုမန်းရှာသည် ကေအန်ယူ ခေါင်းဆောင်များထဲတွင် ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင် တဦးဖြစ်သည်။ တိုတိုနှင့်ချုပ်ရလျှင် ၁၉၉၅ ဇန်နဝါရီ လဆန်းထဲတွင် မာနယ်ပလောကို အမြောက်တချက် မဖောက်ရဘဲ ဗုဒ္ဓဘာသာဝင် ကရင်စစ်သားများ အကူအညီဖြင့် စစ်အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ ဈေးချိုချိုနှင့် ရလိုက်သည်ဟုသာ ပြောရပေ တော့မည်။ အခု ကချင်ပြည်နယ်မှာ ဖြစ်နေသော စစ်ပွဲတွင်လည်း ကေအိုင်အေတို့၏ လိုင်ဇာဌာနချုပ်ကို အစိုးရစစ်တပ် သိမ်းနိုင် မသိမ်းနိုင် ပြောဆိုနေသံတွေ ကြားနေရသည်။ အတွင်းမှာ စိတ်ဝမ်းကွဲလျှင် မာနယ်ပလောလိုပဲ ဈေးအချို အချောင်ဖြင့် အစိုးရဖက်က ရသွားနိုင်သည်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအယူအဆများ၊ အကျိုးစီးပွားများနှင့် ပတ်သက်၍ ပဋိပက္ခတွေ ရှိလာခဲ့ပါက အက်ကြောင်းများရှိလာခဲ့ပါက ကြားဝင်နှောက် ခံရနိုင်သည်။ အနှောက်ခံရပါက လိုင်ဇာသည် လွယ်လွယ်နှင့် ဆုံရှုံးသွားနိုင်ဖွယ်ရာ ရှိသည်။ မာနယ်ပလော ကျဆုံးခဲ့ခြင်းကို သင်ခန်းစာ ယူကြဖို့ တိုက်တွန်းလိုသည်။ တဖက်မှာလည်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်စေဖို့ နည်းနာများ အကူအညီများ အကျယ်အပြန့် ရှာဖွေဖို့ လိုအပ်သည်။ တရားသဘောအရ ပြောရပါက ဘယ်သူမှားမှား ဘယ်သူမှန်မှန် စစ်ပွဲများရှိနေခြင်းကြောင့် လက်နက်မဲ့ ပြည်သူလူထုတွေဟာ အမြဲတန်း မြေဇာပင်ဖြစ်ကြရသည်။ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်စေဖို့ လူတဦးတယောက်၊ အဖွဲ့အစည်းတခု စတာတွေအပေါ်မှာ အားကိုးပြီး အဖြေရှာခြင်းထက် ကျယ်ပြန့်သော အသွင်ဆောင်တဲ့ ဆွေးနွေးဖြေရှင်းတာမျိုးက ပိုပြီးအကျိုးလိမ့်မည်ဟု ယူဆပါကြောင်း ထပ်လောင်းပြောပါရစေ။ ဇော်မင်း ၁၁ ရက်နေ့ ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်။ မူရင်း - ရွက်မွန် - http://fine-leaves.blogspot.com.au/2013/01/blog-post_11.html

more.gif

3 January 2013

သမ္မတဦးသိန်းစိန်နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမည်



ရန်ကုန်၊ ဇန်န၀ါရီ ၃

သမ္မတဦးသိန်းစိန်နှင့် KNU ခေါင်းဆောင်များ နေပြည်တော်တွင် ဇန်န၀ါရီ ၅ ရက်နေ့တွင် ဒုတိယအကြိမ်မြောက်တွေ့ဆုံမည်ဖြစ
်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောဆိုသည်။

သမ္မတနှင့် KNU ခေါင်းဆောင်များ တွေ့ဆုံရန် သမ္မတရုံးဝန်ကြီးဦးအောင်မင်းက စီစဉ်ပေးလျက်ရှိပြီး ယုံကြည်မှုတည်ဆောက်မှု၏ အကျိုးရလာဒ်အဖြစ် နောက်ထပ်တကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်ကြောင်း ဦးလှမောင်ရွှေက ရှင်းပြသည်။

တွေ့ဆုံမှုအပြီးတွင် သတင်းစာရှင်းလင်းပွဲတရပ်ကို ကျင်းပသွားရန် အစီအစဉ်ရှိသည်ဟု ဦးလှမောင်ရွှေ၏ အဆိုအရ သိရှိရသည်။

Ref: The Irrawaddy (Burmese Version)

more.gif

2 January 2013

ကချင်မှာ လေကြောင်းကနေ တိုက်ခိုက်တာ မဟုတ်ကြောင်း အစိုးရငြင်းဆို

သောသီခိုမှ..............

ပေါ်တင်ပဲလိမ်တာပဲကွ... ဗျောင်လိမ်ဗျောင်စား သမိုင်းအစဉ်အလာနဲ့  အကျင့်တွေ ယနေ့ ထိမပျောက်သေးရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာ ဝေးသထက်ဝေးနေအုံးမှာပါ။

2013-01-01

မြန်မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကချင်လက်နက်ကိုင် KIA အဖွဲ့တို့ အပြန်အလှန်ပြစ်တင် ပြောဆို ခဲ့ကြသလို ကချင်ပြည်နယ်မှာ အစိုးရစစ်တပ် က လေကြောင်းကနေ တိုက်စစ်ဆင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်းလည်း အစိုးရ က ငြင်းဆိုခဲ့ပါတယ်။



Photo: Free Burma Ranger
MI24 ရဟတ်ယာဉ်မှ ဒုံးပျံပစ်လွှတ်နေပုံ

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေသုံးစွဲပြီး ထိုးစစ်ဆင်နေတယ် ဆိုတာဟာ တကယ်တော့ မိမိတို့ရဲ့ တပ်တွေဆီ ရိက္ခာပို့ဆောင်တဲ့လမ်းကြောင်းတွေကို KIA က ဖြတ်တောက်ထားတာကြောင့် လဂျားယန်မှာရှိတဲ့ ရိက္ခာပြတ်တောက်နေပြီဖြစ်တဲ့ မိမိတို့တပ်ဖွဲ့တွေအတွက် လေကြောင်းကနေ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ပေးနေတာသာဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး က AP သတင်း ကို ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင်ကချင်ပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ အစိုးရနဲ့ကချင်ကြား နှစ်ဦးနှစ်ဘက် ဆွေးနွေးကြဖို့ဖြစ်ပါတယ်၊ အစိုးရ ငြိမ်းချမ်းရေးကော်မတီခေါင်းဆောင်တွေကလည်း KIA နဲ့ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုထားပေမဲ့ အကြောင်းပြန်ကြားချက် မရသေးပါဘူး၊ KIA ဘက်ကသာ ပိတ်ဆို့ထားတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးလိုက်ရင် လတ်တလောပြဿနာတွေ ပြေလည်သွားနိုင်ပါတယ်၊ လိုင်ဇာ မှာရှိတဲ့ KIA ဌာနချုပ် ကို ထိုးစစ်ဆင်မှာမဟုတ်ကြောင်းလည်း တပ်မတော်က ကတိပြုထားပြီး ဖြစ်ပါတယ် လို့လည်း ဗိုလ်မှူးဇော်ဌေး က ပြောဆိုကြောင်း AP သတင်းက ဖေါ်ပြပါတယ်။

ဒါပေမဲ့ အစိုးရတပ်တွေချထားတဲ့ လဂျားယန် ဟာ KIA ရဲ့ နောက်ဆုံး တပ်စခန်းဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ၆မိုင်လောက်ပဲ ဝေးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က KIA ပိတ်ဆို့ထားတဲ့ လမ်းကြောင်းတွေကို ခရစ်စမတ်နေ့ နောက်ဆုံးထားပြီးဖွင့်ပေးဖို့ စစ်တပ်က အကြောင်းကြားစာပို့ခဲ့ပါတယ်။ KIA ပြောခွင့်ရသူ ဦးလနန် က ဒီရာဇသံဟာ ပြဿနာကို နိုင်ငံရေးနည်းထက် စစ်ရေးနည်းသာနဲ့ ဖြေရှင်းမယ်လို့ ကြေညာလိုက်တာသာဖြစ်ကြောင်း၊ အခုစစ်တပ်ရဲ့ ထိုးစစ်ဟာ စစ်တပ်ကသတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးဆိုတာကို ကချင်ကလက်ခံလာရအောင် အင်အားသုံးမယ်ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း၊ စစ်တပ်ဆီပို့တဲ့ ရိက္ခာတွေထဲမှာ ဆန်အပြင် လက်နက်နဲ့ကျည်ဆန်တွေပါပါဝင်ကြောင်း၊ မိမိတို့ကို ချေမှုန်းရာမှာသုံးစွဲမယ့် လက်နက်တွေသယ်လာတဲ့ ဘယ်ရိက္ခ္ခ္ခ္ခ္ခာတင်ကားကိုမှ ခွင့်ပြုမှာမဟုတ်ကြောင်း၊ ဒါဟာ စစ်ပွဲရဲ့သဘာဝဖြစ်ကြောင်း AP သတင်းကို ပြောဆိုပါတယ်။

ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်ဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့ပေမဲ့ အခုထိ အကောင်အထည်မပေါ်သေးတဲ့အတွက် နိုင်ငံရေးလေ့လာသူတွေအတွက် ဝေဖန်စရာဖြစ်နေပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

more.gif

2 December 2012

ကြမ္မာဆိုး နဲ့ တိုင်းရင်းသား

more.gif

26 November 2012

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မှောင်ခိုစက်သုံးဆီ တင်သွင်းမှု အရှုပ်တော်ပုံ


ဆောင်းပါး - သာလွန်ဇောင်းထက် (ဧရာဝတီ)

ပုံမှန်အားဖြင့် အဆိုတွေ၊ မေးခွန်းတွေ မြောက်မြားစွာကို မေးကြ၊ ဖြေကြနဲ့ နေ့စဉ် အလုပ်များနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမဆောင်ကြီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကတော့ အဆိုတခုတည်းနဲ့တင် လွှတ်တော်တခုလုံး အလုပ်ရှုပ် ဗြောင်းဆန် သွားခဲ့ပါတယ်။

စက်သုံးဆီတင် သင်္ဘောများ မစစ်ဆေးရဆိုသည့် အမိန့်ကို ၂၀၀၉ က ထုတ်ပြန်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်ချုပ်မောင်ဦးကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

အကြောင်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လှိုင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ရဲ့ “တရားမ၀င် ကုန်စည်များ ၀င်ရောက်နေမှုနှင့် တရားမ၀င် ခိုးထုတ်နေမှု များအား ပြည်ထောင်စု အဆင့် ကော်မတီတရပ် ဖွဲ့စည်း၍ ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန်” ဆိုတဲ့ အဆိုကို တင်သွင်းလိုက်လို့ ပါပဲ။

ဒီအဆိုကို တင်သွင်းတဲ့ နေရာမှာ ဒေါက်တာ ၀င်းမြင့်က သာမန် အဆိုတင်သွင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ မှောင်ခို စက်သုံးဆီတွေ တရားမ၀င် တင်သွင်းနေတာကို ကိန်းဂဏန်းတွေ၊ အထောက် အထား ဓာတ်ပုံတွေနဲ့တကွ အတိအကျ ထောက်ပြ လိုက်တာဖြစ်လို့ အဆိုကို တာဝန်ယူ ရှင်းလင်းပေးရမယ့် အစိုးရ ၀န်ကြီးတွေ တော်တော် များများ အလုပ် ရှုပ်ကုန်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ပြည်တွင်း ထိပ်တန်းစီးပွားရေး ကုမ္ပဏီတွေ ဖြစ်တဲ့ ရွှေသံလွင်၊ ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ် ကုမ္ပဏီကြီးတွေက တန်ချိန်ထောင်ချီဆံ့တဲ့ ဆီတင်သင်္ဘောကြီးတွေနဲ့ တရားမ၀င်မှောင်ခို စက်သုံးဆီတွေ ပြည်တွင်းကို ခိုးသွင်းနေတာကို အထောက်အထားတွေနဲ့ ဒေါက်တာဝင်းမြင့်က လွှတ်တော်ကို တင်ပြလိုက်တာပါ။




 လိုင်စင်အရ စက်သုံးဆီ တန် ၅၀၊ ၁၀၀ လောက်သာ တင်သွင်းခွင့်ပြုထားတာကို တန်ချိန်ထောင်နဲ့ချီပြီး အခေါက်ခေါက်အခါခါ မှောင်ခို တင်သွင်းခဲ့ကြတာကို သက်ဆိုင်ရာက အရေးယူမှု မရှိဘူးလို့ ဆိုပါတယ်။ အချက်အလက် အခိုင်အမာ၊ သက်သေ အထောက်အထား အစုံအလင်နဲ့ တင်ပြလေတော့ တာဝန်ရှိသူတွေကို မစစ်ဆေးကြဘူးလား၊ အရေးမယူကြဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။ ဒီမေးခွန်း ထွက်လာတဲ့အချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ရဲတွေအနေနဲ့ တရားမ၀င် စက်သုံးဆီ တင်သွင်းနေတဲ့ သင်္ဘောတွေကို စစ်ဆေးလို့မရပါဘူးလို့ ပြန်ဖြေတယ်။ ဘာကြောင့်လဲ ဆိုတော့ ၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စက်သုံးဆီတင် သင်္ဘောတွေကို ရဲတွေအနေနဲ့ တားဆီးစစ်ဆေး ပိုင်ခွင့်မရှိဘူးဆိုတဲ့ အမိန့်ကြောင့်ပါတဲ့။ ၂၀၀၉ ခုနှစ်ဆိုတာက စစ်အာဏာရှင် အစိုးရ အုပ်စိုးနေချိန်ဖြစ်လို့ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်ဦးက ဒီအမိန့်ကို ဘာကြောင့်ထုတ်တာလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အဲဒီအမိန့်က ဘာကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ် အုပ်ချုပ်နေတဲ့ ၂၀၁၂ ခုနှစ်အထိ အသက်ဝင်နေ ရပါသလဲ၊ လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့လည်း ဘာကြောင့် ၂၀၀၉ ခုနှစ်က အမိန့်ကို ဆက်လက်လိုက်နာ ကျင့်သုံးနေရပါသလဲ ဆိုတာတွေက လွှတ်တော် ကိုယ်စားလှယ်တွေ တော်တော်များများ သိချင်နေခဲ့ကြတဲ့ အချက်တွေ ဖြစ်ပါတယ်။ ရဲချုပ် ကျော်ကျော်ထွန်းကတော့ အရင် ပြည်ထဲရေးဝန်ကြီးဌာနက ဒီအမိန့်ကို ထုတ်ခဲ့ရတာ အကြောင်းရင်းရှိတယ် ဆိုပြီး အချက်တချို့ကို ရှင်းလင်းပါတယ်။ ၂၀၀၉ ခုနှစ် ခေတ်အခြေအနေ အချိန်အခါအရ လမ်းဘေးဆီဆိုင်တွေ ပပျောက်ရေးအတွက်၊ နောက်တချက်က ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဆိုတာတွေကြောင့်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီအချက် ၂ ချက်ကို လွှတ်တော်မှာ ရဲချုပ် ကျော်ကျော်ထွန်းက ရှင်းပြလိုက်ချိန်မှာ လွှတ်တော်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်လို့ သိရပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ ပြောသံ၊ ဆိုသံ၊ ဝေဖန်သံနဲ့ ရယ်သံတွေကြောင့် လွှတ်တော်က သက်ဝင်လှုပ်ရှားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ “ရဲချုပ် ကျော်ကျော်ထွန်း ဖြေရှင်းတဲ့အချက်က ကျိုးကြောင်းဆီလျော်မှု မရှိတော့ လွှတ်တော်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ၊ အသံတွေ ထွက်လာတာပေါ့” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးက အခုအချိန်မှာ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦးအဖြစ်နဲ့ လွှတ်တော်ထဲမှာ ရှိနေပေမယ့် မှောင်ခို တရားမ၀င် စက်သုံးဆီ အရှုပ်တော်ပုံကို တစုံတရာ ဖြေရှင်းခြင်း မရှိပါဘူး။ ဘာကြောင့်များ ပြည်ထဲရေးဝန်ကြီးဌာနက စက်သုံးဆီသင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ထုတ်ခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို၊ ပြည်ထဲရေး ၀န်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့ ဘ၀ကောက်ကြောင်း ကလည်း စိတ်ဝင်စားစရာပဲလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြတယ်။ ၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ ဖြုတ်ချခံလိုက်ရတဲ့အတွက် အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်လည်း ရာထူးက ဖယ်ရှားခံလိုက်ရပါတယ်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ဗိုလ်ချုပ်မောင်ဦးက စတင် တာဝန် ထမ်းဆောင်ပါတယ်။ ဗိုလ်ချုပ်မောင်ဦးက ဗိုလ်သင်တန်း အပတ်စဉ် ၁၃ ဆင်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးမဖြစ်ခင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူပါ။ စစ်တပ် အသိုင်းအ၀န်းရဲ့ အဆိုအရ သူက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ နီးစပ်သူဖြစ်ပြီး ဦးသန်းရွှေရဲ့အားကိုးရတဲ့ တပည့်တဦးလည်း ဖြစ်ခဲ့ဖူးတယ်လို့ သိရတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြုတ်သွားပြီးတဲ့နောက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထဲရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ် မောင်ဦးကို ယုံကြည် စိတ်ချစွာ ခန့်ထားခဲ့တာ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝန်းက ဆိုပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပခင်မှာ ဗိုလ်ချုပ်မောင်ဦးက လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ကို ဖျက်သိမ်းခဲ့ပြီး ဗိုလ်ချုပ်မောင်ဦးလည်း ၀န်ကြီး တာဝန်တွေကနေ အလိုအလျောက် အနားယူခဲ့ရပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်မှာတော့ ၀န်ကြီး ပြန်မဖြစ်တော့ဘဲ လွှတ်တော်ထဲမှာ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဦးမောင်ဦး အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။ ၂၀၀၉ ခုနှစ်က ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီသင်္ဘောတွေ မဖမ်းရ၊ မစစ်ဆေးရ ဆိုတဲ့ အမိန့်အတွက် တာဝန်အရှိဆုံးသူက အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီးလို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ဆိုပါတယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဦးမောင်ဦးအနေနဲ့ သူတာဝန်ယူချိန်က ဖြစ်ပျက်ခဲ့တာကို ရှင်းလင်းပြသသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောနေကြပါတယ်။ “ရဲချုပ် ကျော်ကျော်ထွန်းက မှောင်ခိုစက်သုံးဆီ သင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တဲ့အကြောင်း ပြောတုန်းက ဦးမောင်ဦး မျက်နှာမကောင်းဘူး” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောပါတယ်။ ဦးမောင်ဦးအနေနဲ့ ကိုယ်ထုတ်ထားတဲ့အမိန့် ဘယ်လိုကြောင့် ထုတ်ခဲ့ရတယ်၊ ဘယ်သူက ထုတ်ခိုင်းတယ် ဆိုတာကို ရှင်းလင်း တင်ပြခဲ့ရင် သူ့အတွက် အများကြီး ဂုဏ်သိက္ခာ တက်နိုင်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ တရားမ၀င် မှောင်ခိုစက်သုံး ဆီတင်သွင်းကြတဲ့ ကုမ္ပဏီကြီးတွေမှာ ရွှေသံလွင်လို ထိပ်တန်း ထိပ်ထိပ်ကြဲ ကုမ္ပဏီကြီးတွေ ပါဝင်နေတာက အားလုံးကို အံ့အားသင့် စိတ်လှုပ်ရှားစေတယ်လို့ ဆိုပါတယ်။ “ရွှေသံလွင်လို ကုမ္ပဏီကြီးတောင် ပါတယ်ဆိုတော့ အားလုံးလည်း အံ့သြမင်သက်ကုန်တယ်။ ဟိုအရင် စစ်အစိုးရ ခေတ်တုန်းက ဆိုရင်တော့ အံ့သြချင်မှ အံ့သြမယ်။ အခု အစိုးရသစ် လက်ထက် ဒီမိုကရေစီခေတ်ကို သွားနေတဲ့အချိန်မှာ ဒါမျိုးဖြစ်တာလေ” လို့ နိုင်ငံရေး အကဲခတ်သူတဦးက သုံးသပ်တယ်။ ဒေါက်တာဝင်းမြင့်ရဲ့ အဆိုအရ တရားမ၀င် မှောင်ခို စက်သုံးဆီသင်္ဘောတွေ မဖမ်းဆီးတဲ့အတွက်ကြောင့် တနှစ်ကို ကျပ်ငွေ ဘီလီယံ ၆၀ လောက် နစ်နာတယ်လို့ လွှတ်တော်ကို တင်ပြပါတယ်။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ အခွန်နစ်နာမှုက ဒေါက်တာ ၀င်းမြင့် တင်ပြတဲ့ ကိန်းဂဏန်းထက် အများကြီး ပိုနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။ “မသိလိုက်တဲ့ တရားမ၀င် မှောင်ခိုစက်သုံးဆီ တင်သွင်းမှုတွေ ဘယ်လောက်များ ရှိလိုက်မလဲ။ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြောင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ဘယ်လောက် မှောင်ခို စက်သုံးဆီတွေ ၀င်ခဲ့သလဲ။ အခု ဒေါက်တာဝင်းမြင့် ပြောတဲ့ တနှစ် အခွန်ဘီလီယံ ၆၀ ဆိုတာ အနည်းဆုံး ဆုံးရှုံးတဲ့ ပမာဏပဲဖြစ်မှာပါ” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုပါတယ်။ ဒေါက်တာဝင်းမြင့်ရဲ့ အဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ကိုင်တွယ်ပုံကို လွှတ်တော် ကိုယ်စားလှယ် အများစုက သဘောကျကြတယ်လို့ သိရပါတယ်။ သူရဦးရွှေမန်းက တရားသူကြီး တယောက်လို ၀န်ကြီးတွေကို မေးခွန်းထုတ်တယ်၊ အဖြေတောင်းတယ်၊ ရှင်းခိုင်းတယ်၊ ဒါပေမယ့် ဘာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၉ အမိန့်ကို ထုတ်ခဲ့သလဲဆိုတဲ့ နောက်ကြောင်း ပြန်လှည့် မေးခွန်းမျိုးတော့ မမေးခဲ့ပါဘူး။ သူရဦးရွှေမန်း ကိုယ်တိုင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး ဦးဆောင် အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ စစ်အစိုးရ ခေတ်တုန်းက အမိန့်တခုမို့ ပြန်ပြီး မေးခွန်း မထုတ်ချင်တော့တာလား၊ မြားဦး ကိုယ့်ဘက်ပြန်လှည့် လာမှာစိုးလို့ စိုးရိမ်လို့လား ဆိုတာ ကွဲကွဲပြားပြား မသိနိုင်ပေမယ့် သူရဦးရွှေမန်းရဲ့ ပုံစံက တရားဥပဒေ စိုးမိုးရေးကို စိတ်ပါလက်ပါ လုပ်ချင် ကိုင်ချင်စိတ် ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြတယ်။ “သူရဦးရွှေမန်းကတော့ ဒေါက်တာဝင်းမြင့်အဆိုနဲ့ သက်သေ အချက်အလက်တွေကို ကြည့်ပြီး ၀န်ကြီးတွေ ရှင်းပါလို့ ပြတ်ပြတ်သားသား ပြောတယ်။ ၀န်ကြီးတွေ အားလုံးလည်း ငြိမ်ပြီး အမှားကို မတတ်သာတဲ့အဆုံး ၀န်ခံရသလိုမျိုး မျက်နှာငယ်တွေနဲ့။ သူရဦးရွှေမန်း ကိုင်တွယ်ပုံကိုတော့ အားလုံးက သဘောကျတယ်” လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောတယ်။ တချို့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံတခုကို လွှတ်တော်တွင်းမှာ တင်ပြလာတာမို့ ဒါက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ပွင့်လင်း ကောင်းမွန်တဲ့ အလားအလာတခုလို့ မြင်ကြတယ်။ ဥပဒေ ပညာရှင်တွေကတော့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံကို ဥပဒေနဲ့ အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ အဓိကက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နောက်ကြောင်းပြန် တရားစွဲဆိုတာမျိုး၊ အရေးယူတာမျိုး မလုပ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက် တိတိကျကျ ပါရှိနေတာကြောင့်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၄၊ ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်၊ ပုဒ်မ ၄၄၅ မှာ အစိုးရသစ်အနေနဲ့ ယခင်အစိုးရ ထုတ်ပြန်ထားတဲ့ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်တွေ၊ ရပိုင်ခွင့်တွေကို ဆက်ခံရမယ်။ ယခင် အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်တွေအပေါ် အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုတဲ့ အချက် ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၄၄၅ ကြောင့် တိုင်းပြည် မွဲပြာကျစေခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း မသမာမှု၊ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေကို ကျူးလွန်ကြတဲ့ အာဏာရှိ၊ အာဏာမဲ့ လူတန်းစားအားလုံး တရားရုံးမရောက်ဘဲ အေးချမ်းစွာ နေထိုင်နိုင်ကြမှာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။ စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ အတွင်းမှာ ဗိုလ်ချုပ်မောင်ဦးနဲ့ မှောင်ခိုစက်သုံးဆီ အရှုပ်တော်ပုံလို အမိန့်တွေထုတ်၊ ညွှန်ကြားချက်တွေထုတ် လုပ်ကိုင်ခဲ့တဲ့ တရားမ၀င်စီးပွားရေးတွေကြောင့် နိုင်ငံတော်အတွက်အတွက် ဆုံးရှုံးခဲ့ရတာတွေ၊ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးခဲ့ရတာတွေ ဘယ်လောက်များ ရှိလိုက်မလဲဆိုတာ စဉ်းစားစရာပဲလို့ နိုင်ငံရေး လေ့လာသူတွေက ဆိုကြတယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံက ဒေါ်လာ ဘီလီယံချီအကြွေး ပေးဆပ်စရာ ရှိတဲ့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ နိမ့်ကျပြီး အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးကတော့ စစ်အစိုးရ လက်ထက် အတိတ်က အဖြစ်အပျက်တွေကို အရေးမယူနိုင်ရင်တောင် အနာဂတ် မျိုးဆက်သစ်တွေအတွက် လေ့လာနိုင်တဲ့ သမိုင်းတခုဖြစ်အောင် မှတ်တမ်းတင်နိုင်ဖို့ ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ်တွေ အားလုံး ကြိုးပမ်းသင့်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်မှသာ အာဏာရှင်စနစ်ကြောင့် ဘယ်လောက် တိုင်းပြည်အဖြစ်ဆိုး၊ အထိနာရတယ်ဆိုတဲ့ သင်ခန်းစာကို နောင်မျိုးဆက်သစ်တွေ သိရှိနားလည်နိုင်မယ်လို့ သူက ပြောပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအပေါ် မသမာမှု၊ ခြစားမှုတွေ လုပ်ခဲ့တဲ့ သူတွေအနေနဲ့လည်း ကိုယ့်အမှားကိုယ်သိပြီး ၀န်ခံမှုတွေ လုပ်ခြင်းဖြင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်သင့်တယ်လို့ သူက သုံးသပ်တယ်။ တရားမ၀င် မှောင်ခိုစက်သုံးဆီ အရှုပ်တော်ပုံလို သဘာဝဓာတ်ငွေ့နဲ့ ရေနံအရှုပ်တော်ပုံ၊ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ အရှုပ်တော်ပုံ၊ လယ်မြေယာမြေ မတရားသိမ်းမှု အရှုပ်တော်ပုံ၊ ကားပါမစ်၊ ဆီပါမစ် အရှုပ်တော်ပုံ စတဲ့ စစ်အစိုးရလက်ထက် မသမာတဲ့ အရှုပ်တော်ပုံ မြောက်မြားစွာကို ဖော်ထုတ်နိုင်ခြင်း၊ မဖော်ထုတ်နိုင်ခြင်းက ဒီမိုကရေစီခရီးလမ်း ဘယ်လောက် ပေါက်ပြီလဲ ဆိုတာကို ပြသနိုင်မယ့် သက်သေတွေဖြစ်လာမှာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။ ဒေါက်တာဝင်းမြင့်ရဲ့ အဆိုကတော့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အောင်အောင်မြင်မြင် အတည်ပြုနိုင်ခဲ့ပြီး တရားမ၀င် မှောင်ခို စက်သုံးဆီတွေ ၀င်ရောက်မှုကို တားဆီးနိုင်မယ့် အရိပ်အရောင်များစွာ ဖြစ်ထွန်းစေခဲ့ပါပြီ။

more.gif

24 November 2012

Obama speech at University of Yangon

more.gif

ကလေးသူငယ်များမွှေးစားပြီးအမြတ်ထုတ်ကိုယ်ကျိုးရှာ


more.gif